Sunday, December 16, 2012

ပင်လောင်းမြို့နယ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ

0 comments
ဒီဇင်ဘာ(၁၆)




တောင်ကြီး(မူးယစ်)အထူးအဖွဲ့နှင့် ပင်လောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဟာ သက်သေများနှင့် အတူ ပင်လောင်းမြို့နယ်၊ ပင်ခွန်ကျေးရွာမှ မူးယစ်ဆေးဝါးများနဲ့ ဘိန်းစိမ်းများကို ဒီဇင်ဘာလ (၁၄)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

``တာဝန်ရှိသူတွေက ၀င်ရောက်ရှာဖွေတဲ့အချိန်မှာ အိမ်ပိုင်ရှင်ဝင်းနိုင်က မရှိဘူး၊ ၀င်းနိုင် အမျိုးသမီး မလှဝင်းနဲ့ ဆေးပြားတွေလာပို့တဲ့ ဖယ်ခုံမြို့က အောင်လေးတို့ပဲရှိတယ်။ အိပ် ယာအောက် က ပလပ်စတစ်အိတ်အမဲနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းစိမ်းတွေကို ရှာဖွေဖမ်းမိသွားတာပါ`` လို့   မျက်မြင်သက်သေ အိမ်နီးချင်းများက ပြောပြပါတယ်။



ဖမ်းဆီးရမိတဲ့အိမ်က ပင်ခွန်ကျေးရွာမှ ၀င်းနိုင်အိမ်ဖြစ်ပြီး အိမ်ယာခင်းအောက်မှာ WY စာတမ်း ပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၅၂၀)၊ ကာလပေါက်ဈေးအနေနဲ့ သိန်း(၆၀)ကျော် ရှိပါတယ်။ ဘိန်းစိန်း ဒသမ၅ကီလိုခန့်၊ တန်ဘိုး(၃)သိန်းကျော်ရှိပါတယ်။ ၀င်းနိုင်ကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး ပင်လောင်းရဲစခန်းက မူးယစ်ဆေးဝါးဥပဒေပုဒ်မအရ အမှုဖွင့်အရေး ယူပါတယ်။ အိမ်ရှင်မလှဝင်းနဲ့ ဆေးဝါး တွေလာပို့တဲ့ အောင်လေးတို့ကိုတော့ ကွင်းဆက်တရား ခံတွေဆက်လက်ဖမ်းမိနိုင်ဖို့ မူးယစ်(အထူး)အဖွဲ့က စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here