Monday, December 3, 2012

ပုဂံတွင် နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွား

0 comments
ဒီဇင်ဘာ(၃)

Photo: ပုဂံတွင် နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွား   Monday, 03 December 2012  ပုဂံမြို့ တောင်ဘီကျေးရွာအနီး မင်းမျော်ရာဇာဘုရား မြောက်ဘက် ကားလမ်းတွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားတစ်ဦးစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွားခဲ့သည်။  ဂျာမန်နိုင်ငံသားတစ်ဦးကိုယ်တိုင် မောင်းနှင်လာသော ပုဂံမြို့ဟောင်းမှ ညောင်ဦးဘက်သို့လာသည့် တိုရိုတာ ဟိုင်းလပ်အဖြူရောင်ကားနှင့် အင်္ဂလန်နိုင်ငံသား စုံတွဲတစ်တွဲ လိုက်ပါလာသော ဒေသခံယာဉ်မောင်း တစ်ဦး မောင်းနှင်လာသည့် ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့လာသော မစ်ဆူဘီရှီ၊ အဖြူရောင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင်အနေအထား တိုက်မှုဖြစ်ပွားရာမှ ဂျာမန်နိုင်ငံသား မောင်းနှင်သောကားသည် နိုင်ငံခြားသားတစ်ဦး စီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။  စက်ဘီးစီးလာသော နိုင်ငံခြားသားဧည့်သည်မှာ အသက်(၄၂)နှစ်အရွယ် အီတလီလူမျိုး Mr Massimo ဖြစ်ပြီး ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့ ၄င်း၏အဖွဲ့နှင့်အတူ စက်ဘီးနင်းလာရာ အခင်းဖြစ်နေရာအရောက်တွင် တိုရိုတာဟိုင်းလပ် အဖြူရောင်ကားသည် မစ်ဆူဘီရှီကားနှင့် တိုက်ပြီးနောက် အဆိုပါစက်ဘီးကို ထပ်မံတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ဘီးနင်းသူ အီတလီနိုင်ငံသားမှာ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ခါးနှင့်လည်ပင်းတွင် နာကျင်သည့်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံသား အသက် ၆၀ ကျော်အရွယ်များဖြစ်သည့်  Mr Philip Williamson နှင့် Mis Vicky Williamson တို့နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာအနည်းသာ ရရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သိရသည်။  တိုရိုတာဟိုင်းလပ်ကားအား ကိုယ်တိုင်မောင်းနှင်လာသော နိုင်ငံခြားသားမှာ အသက် ၇၄ နှစ်အရွယ် ဂျာမန်နိုင်ငံသား Mr Jordon ဆိုသူဖြစ်ကြောင်းနှင့် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသူမှာ အသက် ၂၇ နှစ်အရွယ် ဒေသခံယာဉ်မောင်း ကိုရဲမောင်ထွေးဆိုသူ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပုဂံရဲစခန်းမှ (ပ)၈၂/ ၂၀၁၂ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           Eleven Media Group 
 ပုဂံမြို့ တောင်ဘီကျေးရွာအနီး မင်းမျော်ရာဇာဘုရား မြောက်ဘက်ကားလမ်းတွင် နိုဝင်ဘာလ ၂၉ ရက်နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကနိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီးနိုင်ငံခြား သားတစ်ဦးစီးလာသော စက်ဘီးနှင့် ထပ်မံ တိုက်မှု ဖြစ်ပွား ခဲ့သည်။ဂျာမန်နိုင်ငံသားတစ်ဦးကိုယ်တိုင် မောင်းနှင်လာသော ပုဂံမြို့ဟောင်းမှညောင်ဦးဘက်သို့လာသည့် တိုရိုတာ ဟိုင်းလပ် အဖြူရောင် ကားနှင့် အင်္ဂလန်နိုင်ငံသား စုံတွဲတစ်တွဲ လိုက်ပါ လာသော ဒေသခံယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့လာသော မစ်ဆူဘီရှီ၊ အဖြူရောင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင်အနေအထား တိုက်မှုဖြစ်ပွားရာမှ ဂျာမန်နိုင်ငံ သား မောင်းနှင်သောကားသည်နိုင်ငံခြားသားတစ်ဦး စီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စက်ဘီးစီးလာသော နိုင်ငံခြားသားဧည့်သည်မှာ အသက်(၄၂)နှစ်အရွယ် အီတလီလူမျိုး Mr Massimo ဖြစ်ပြီး ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့ ၄င်း၏အဖွဲ့နှင့်အတူ စက်ဘီးနင်းလာရာ အခင်းဖြစ်နေရာအရောက်တွင် တိုရိုတာဟိုင်းလပ် အဖြူရောင်ကားသည် မစ်ဆူဘီရှီကားနှင့် တိုက်ပြီးနောက် အဆိုပါစက်ဘီးကို ထပ်မံတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ဘီးနင်းသူ အီတလီနိုင်ငံသားမှာ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ခါးနှင့်လည်ပင်းတွင် နာကျင်သည့်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံသား အသက် ၆၀ ကျော်အရွယ်များဖြစ်သည့် 
Mr Philip Williamson နှင့် Mis Vicky Williamson တို့နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာအနည်းသာ ရရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သိရသည်။

တိုရိုတာဟိုင်းလပ်ကားအား ကိုယ်တိုင်မောင်းနှင်လာသော နိုင်ငံခြားသားမှာ အသက် ၇၄ နှစ်အရွယ် ဂျာမန်နိုင်ငံသား Mr Jordon ဆိုသူဖြစ်ကြောင်းနှင့် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသူမှာ အသက် ၂၇ နှစ်အရွယ်ဒေသခံယာဉ်မောင်း ကိုရဲမောင်ထွေးဆိုသူ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပုဂံရဲစခန်းမှ (ပ)၈၂/ ၂၀၁၂ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here