ဒီဇင်ဘာ(၁၈)
သျှမ်းပြည်တောင်ပိုင်း စော်ဘွားမြို့ဟောင်းတမြို့ဖြစ်သော မိုးနဲတွင်
ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်အား စိုးရိမ်ကြောက် ရွံ့ခြင်းမရှိဘဲ
ယခင်နှစ်များထက် ထူးကဲ စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း မိုးနဲဒေသခံများ
ကပြောသည်။
သျှမ်းနှစ်သစ်ကူး ဖွင့်ပွဲ
“တည
တညလူ ၃၀၀၀ ထက်မလျော့ဘူးဗျ။ တော်တော်စည်တယ်ပြောရမယ်။ ရပ်ကွက်တိုင်း
ကျေးရွာတိုင်းက ဝတ်စုံဆင်တူ တွေဝတ်ကြပြီး မင်္ဂလာနှစ်သစ်ပါဆိုတဲ့
မိမိရပ်ရွာဆိုင်းဘုတ်လေးတွေန ချီတက်ကြတယ်။ ရပ်ကွက်တိုင်းအိုးစည်ဗုံမောင်းပါ
တယ်။ စည်း လုံးညီညွတ်မှုကိုပြတာပေါ့ဗျာ” ဟု မိုးနဲသားတဦးကပြောသည်။
ဒီဇင်ဘာ
၁၂ ရက်ညနေပိုင်းက သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပရာ ၁၄ ရက်နေ့အထိ
မဟာသုခ ချမ်းသာကြီးကျောင်း တိုက်၌ ကျင်းပခဲ့ကြောင်း၊ မုခ်ဦးဖွင့်ပွဲကို
မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ ပွဲတော်ကျင်းကရေးကော်မတီ ဥက္ကဌ
ဦးထွန်းမြင့်၊ ပွဲတော်ကျင်းပရေးကော်မတီနာယက ဦးအောင်ဖေတို့က
ဖွင့်လှစ်ပေးပြီး ရိုးရာနှင့် သမိုင်းပြတိုက်ဖွင့်ပွဲကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးနှင့်အဖွဲ့ကလည်းကောင်း၊
အကပဒေသာစတိတ်စင်များကိုမူ ပွဲတော်ကျင်း ပရေးကော်မတီအဖွဲ့ဝင်
ဆရာဦးမျိုးသန့်နှင့်အဖွဲ့ကလည်းကောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း
ပွဲပရိသတ်တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။
ဖွင့်ပွဲလာ ပရိသတ်
“အရင်နှစ်တွေတုန်းက
သိပ်မငြိမ်းချမ်းဘူး၊ ပွဲဆိုလန့်ကြတယ်၊ ဗုံးကွဲတတ်လို့လေ၊ ဒီနှစ်တော့
ငြိမ်းငြိမ်းချမ်းချမ်းဘဲ၊ အခြား နှစ်တွေထက် စိုးရိမ်မှုကင်းမဲ့ပြီး
ပျော်ရွှင်ကြတယ်။ တိုင်းပြည်ငြိမ်းချမ်းမှုရဲ့ လက္ခဏာလို့တောင်
ပြောလို့ရမှာလား မသိဘူး” ဟု ဒေသခံတဦး လူငယ်တဦးကပြောပါသည်။
၁၂
ရက်နေ့မှ ပွဲပြီးသည့်နေ့အထိ နေ့စဉ် ညနေတိုင်း ဥယျာဉ်ရပ်ကွက်၊ နားခံရွာ၊
နမ့်မော်လေရွာ၊နားလင်းရွာ၊ နမ့်မော် ဆုမ့်ရွာ၊လွယ်လင်းရွာ၊ ပြင်ဦးရွာ၊
နမ့်သပြေရွာ၊ ကုန်းပေါင်းရွာတို့က မြို့၏အဓိကလမ်းမမှ ပွဲသို့ချီတက်ကြပြီး
နားဟောင် ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ကင်တုံရွာ ဆိုင်းဖယ်ရွာတို့က
မြောက်ဘက်အရှေ့မြို့ပတ်လမ်းမှ ချီတက်ခဲ့ကြ၏။ တောင်
ဘက်အရှေ့မြို့ပတ်လမ်းမှမူ လွယ်မြေရပ်ကွက် နောင်မိုင်းရွာ ဝမ့်ဟေ့ရွာတို့မှ
ချီတက်ခဲ့ကြရာ စည်ကားလျက်ရှိကြောင်း မြို့ခံများကပြောကြသည်။
ကျေးလက်မှလာသည့်
ပရိသတ်များအတွက်မူ ဦးသီလကျောင်း၊ ဆုတောင်းပြည့်စာသင်တိုက်၊
ဥယျဉ်ကျောင်းတိုက်၊ သာသနာ့ပါလစာသင်တိုက်၊ ဝါဆိုကျောင်းတိုက် တို့တွင်
နေရာချပေးကြောင်း ဆိုပါသည်။
အိုးစည်တီး၍ ပွဲဖွင့်လှစ်
“စတိတ်စင်
၃ စင်ဆောက်တယ်။ ရိုးရာအငြိမ့် (ခေတ်ဟောင်းတေးဂီတ) အတွက်တစင်၊ ခေတ်သစ်တေး
ဂီတ အတွက် တစင်နဲ့ အကအတွက် တစင်ဆောက်တယ်။ ပွဲတော်နောက်ဆုံးရက်မှာ
အကပြိုင်ပွဲမှာဆုရတဲ့သူ၊ အားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့ သူတွေအပြင်
နွေရာသီသျှမ်းစာသင်တန်းကျောင်းက သင်တန်းသား ၆၀၀ ကျော်ကို ဆုချီးမြင့်တယ်။
ဆွမ်းကပ်၊ ဧည့်ခံ ကျွေးမွေး တရားနာတယ်။ ဒီနှစ်တော့ ပွဲက
စည်ကားသိုက်မြိုက်လှပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးတဲ့အထိ ကျင်းပနိုင်ခဲ့
ပါတယ်” ဟု ဆိုပါသည်။
သျှမ်းပြည်တွင်း မြို့နယ်အသီးသီး၌အပြင်
တရုတ်နယ်စပ် ရွှေလီ၊ တရုတ်ပြည် ယူနန်ပြည်နယ်
တိုင်ခုံးကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်း မန်စီ (မိုင်းခွန်)တွင်လည်း
အကြီးအကျယ်ပွဲကျင်းပခဲ့ကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ
ဖကေးသျှမ်း မျိုးနွယ်စုပင် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြကြောင်း
ကြားသိရသည်။ မြန်မာလ တန်ဆောင်မုန်းလကွယ် - နတ်တော် လဆန်း ၁
ရက်နေ့ရောက်တိုင်း သျှမ်းအမျိုးသားတို့၏နှစ်သစ်ကူးဖြစ်ပါသည်။ ယခုနှစ်သည်
သျှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် အတွင်း သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
သျှမ်းသံတော်ဆင့်
Tuesday, December 18, 2012
Subscribe to:
Post Comments (Atom)