လာ့အိန်ဂျလိစ်မြို့တွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိ ခဲ့ကြောင်း လေ လံတင်ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။
မိုက်ကယ်ဂျက်ဆင်၏ လက်အိတ်တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း Nade D.Sanders လေလံတင် ကုမ္ပဏီက ပြောကြားခဲ့သည်။
သလင်းကျောက်များဖြင့် အလှဆင်ထားသော အဆိုပါလက်အိတ်အား မိုက်ကယ်ဂျက်ဆင်သည် ၁၉၈၄ ခုနှစ်က ပြုလုပ်ခဲ့သော အမေရိကန်ဂီတ ထူးချွန်ဆု ပေးပွဲ၌ ဝတ်ဆင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအမေရိကန် ဂီတဆု ပေးပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ "Thriller" တေးအယ်လ်ဘမ်သည် ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ရရှိခဲ့သည်ဟုသိရသည်။