ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းတွင် ပြင်းအားပမာဏ ၇.၃ ရှိသော ပင်လယ်ရေအောက်မြေငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ဆူနာမီ သတိပေးနှိုးဆော်ချက်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းငလျင်လှုတ်ခတ်မှုကြောင့် တိုကျိုမြို့ရှိ အဆောက်အအုံများပြင်းထန်စွာ လှုပ်ယမ်း မှုများ ဖြစ
်ပေါ်ခဲ့သည် ဟု သိရသည်။ နိုင်ငံတကာ သတင်းမီဒီယာ များ၏ ဖော်ပြချက်များအရ မီယာဂီ ခရိုင်တွင် အမြင့်တစ်မီတာရှိသော လှိုင်းများက ကမ်းခြေကိုရိုက်ခတ်ခဲ့သည်ဟု သိရသည်။ မီယာဂီ ခရိုင်သည် ၂၀၁၁ ခုနှစ်မတ်လတွင် ဖြစ်ပွားခဲ့သော ဆူနာမီကြောင့် လူပေါင်းထောင်နှင့် ချီ၍ သေဆုံးကာ ဆိုးရွားသော ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့်ဒေသ လည်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ ဆိုင်ရာလေ့လာဆန်းစစ်ရေး အဖွဲ့ကလည်း ဂျပန်နိုင်ငံတွင် လှုတ်ခတ်ခဲ့သည့်ငလျင်မှာ ၇.၃ ပြင်းအား ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဌာနမှလည်း အိုင်ဝါတီ၊ ဖူကူရှီးမား ၊အိုမိုရီ နှင့် အီဘာရာကီခရိုင်တို့အတွက် ဆူနာမီ သတိပေး နှိုးဆော်မှု ထုတ်ပြန်ခဲ့ကြောင်း NHK သတင်းဌာန မှ ထုတ်လွှင့်ကြေညာခဲ့သည်။

ရန်ကုန်တိုင်းမ်