Saturday, December 8, 2012

ငါးဖမ်းစက်လှေနစ်မြှုပ်မှုမှ မြန်မာသင်္ဘောသားများ ဆယ်ယူရရှိမှု

0 comments
ဒီဇင်ဘာ(၈)

၇-၁၂-၂၀၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ Information Assitance ဒေါ်ဝင်းမင်းစိုးက ပင်လယ်ပြင်တစ်နေရာတွင် သင်္ဘောသား(၂၅၀)ဦး ပါရှိသော ငါးဖမ်းစက်လှေ(၁)စီး နစ်မြုပ်သည်ကို ကယ်ဆယ်ခဲ့ရာ သင်္ဘောသား (၉)ဦး ကယ်ဆယ်ရရှိခဲ့ပြီး ၎င်းင်းတို့က မြန်မာနိုင်ငံသားများဟု ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ တက်္ကသိုလ်ရိပ်သာလမ်
းရှိ သင်္ဘောအာမခံလုပ်ငန်း ကုမ်္ပဏီ(၁)ခုမှ ဒေါ်တင်ဥမ်္မာထွန်းက မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးသို့ ဆက်သွယ်အကြောင်းကြားချက်အရ သိရှိရကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်၊ ရခိုင်ပြည်နယ်ဆိပ်ကမ်း ရုံးသို့ သတင်းပေးပို့ခဲ့သည်။
ဖြစ်စဉ်မှာ MV.X Press Hoogly သင်္ဘောသည် ၅-၁၂-၂၀၁၂ ရက်နေ့ ၁၁၄၅ အချိန်၌ မြောက်လတ်္တီကျူ ၁၄ ဒီဂရီ ၁၁.၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၄ ဒီဂရီ ၂၁.၅ မိနစ်တွင် စက်လှေနစ်မြုပ်ပြီး ပင်လယ်တွင်းမျှောနေသူ Muhamad Hossain,Myanmar,DOB ၀၈။၀၆။၁၉၉၀ ပါ(၉)ဦးအား ဆယ်တင်ရရှိခဲ့၍ အိန်္ဒိယနိုင်ငံ MRCC Port Blair (Indian Cost Guard) ဆိပ်ကမ်းသို့ ၀င်ရောက်ခဲ့ရာ အဆိုပါဆိပ်ကမ်းမှ ဆယ်တင်ရရှိသည့် ဒုက်္ခသည်များအား လက်မခံသည့်အတွက် ၆-၁၂-၂၀၁၂ ရက်နေ့ ညပိုင်းတွင် စင်္ကာပူသို့ ဆက်လက်ထွက်ခွာခဲ့သည်။ MV.X Press Hoogly၏ သင်္ဘောရေယာဉ်မှူးမှာ Mr.Skrzeszewski ဖြစ်ပြီး သင်္ဘောသည် စင်္ကာပူဆိပ်ကမ်းသို့ ရောက်ရှိပါက စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here