Sunday, December 9, 2012

မင်းကိုနိုင်ဖေ့စ်ဘုတ် ဟက်ကာတွေ လက်ချက်မိသွား

0 comments
ဒီဇင်ဘာ(၉)



၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာ JacKass...အဖွဲ့တခုက Hack လုပ်လိုက်တယ်လို့မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။ 

အပေါ်ပုံမှာ မြင်ရတဲ့အတိုင်း ဟက်ကာတွေက ကာဗာ ကိုလည်း လဲလိုက်ပါတယ်။ အလားတူ အောက် မှာ ဖော်ပြထားသလို  မင်းကိုနိုင်ရဲ့ စာမျက်နှာကို စိတ်ကြိုက်စီမံထားပါတယ်။ 




ဟက်ကာတွေဟာ ဘယ်သူတွေ ဆိုတာ မသိရပေမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ အဆိုပါ အဖွဲ့က မင်းကိုနိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို ထိမ်းချုပ်သွားတယ်လို့ ဆိုထားပါတယ်။ 

နည်းပညာခေတ်ကြီးမှာ ဖေ့စ်ဘုတ်ဘဲဖြစ်ဖြစ်၊ အီးမေးလ်ဘဲဖြစ်ဖြစ် အရာရာ သတိထားဖို့နဲ့ နည်းပညာ ကို ခေတ်နဲ့အမီ နားလည်ထားသင့်တယ်ဆိုတာကို အခုဖြစ်ရပ်က သတိပေးနေပါတယ်။ 

ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here