Thursday, December 13, 2012

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ နိုင်ငံတကာ ကလေး ပန်းချီ ပြိုင်ပွဲ မြန်မာနိုင်ငံမှ နဝမတန်း ကျောင်းသား ရရှိ

0 comments
ဒီဇင်ဘာ(၁၃)

UNICEF ESifh The International Certification Network တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် (၁၃)ကြိမ်မြောက် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ နိုင်ငံတကာ ကလေး ပန်းချီ ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပရာ မြန်မာ နိုင်ငံမှ ကလေး တစ်ဦး The IQ Net Special Award ဆု ဆွတ်ခူး ရရှိခဲ့သည်။
 

ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈ဝ နိုင်ငံမှ အသက် ခုနစ်နှစ်မှ ၁၅ နှစ် အတွင်း ကလေးများက ပန်းချီ ကားပေါင်း ၁၅၂၁၂ ကား ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်ရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက် တန်းကျောင်း (ကမာရွတ်)မှ နဝမတန်း ကျောင်း သား မောင်အောင်သီ ရေးဆွဲ ပေးပို့သော ပန်းချီကားဖြင် The IQ Net Special Award ကို ဆွတ်ခူး ရရှိ ခဲ့သည်။

မောင်အောင်သီသည် ယင်းပြိုင်ပွဲ များ၌ ၂ဝဝ၇ ခုနှစ်က ပထမဆု၊ ၂ဝဝ၈ ခုနှစ်က ဂုဏ်ပြုဆု၊ ၂ဝဝ၉ ခုနှစ်က သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကောင်းဆုံးဆု၊ ၂ဝ၁ဝ ပြည့်နှစ်က JQA ၏ အကောင်းဆုံး ဆုနှင့် ၂ဝ၁၁ ခုနှစ်က ပထမဆု ရရှိထားသူ ဖြစ်ပြီး ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ များတွင် ယနေ့အထိ နိုင်ငံတကာဆု ၁၁ ဆု၊ ပြည်တွင်း ဗဟိုအဆင့် ၁၃ ဆု၊ တိုင်းဒေသကြီး အဆင့် ငါးဆု၊ မြို့နယ်နှင့် အခြားအဆင့် အသီးသီး တို့တွင် ဆုပေါင်း ၅ဝ ကျော် ရထားသူ ဖြစ်ကြောင်း သိရှိ ရသည်။

From:[_ မြဝတီ_]

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here