Thursday, October 10, 2013

ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်

0 comments

Thursday, October 10, 2013

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ၊ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်၊လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာလည်း

 နှစ်ယောက်စလုံးက တရားမျှမျှတတ ယှဉ်ပြိုင်သွားဖို့ သဘောတူ ထားကြတယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ခရိုနီတွေက ဆက်လက် ထိန်းချုပ်နေတာတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတွေက ထုတ်ဖော် ပြောလာတာတွေကို အစိုးရပိုင်းက တရားမျှတအောင် လုပ်ဆောင်သွားမယ်၊ လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန် သမဂ္ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ သူက အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

BBC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here