၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Wednesday, August 29, 2012
သိန်းနီမြို့နယ် နားဆော့ကျေးရွာ ရေကျော်မြောင်း တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွား
Categories :
(လားရှိုး သြဂုတ် ၂၈)
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နားဆော့ ကျေးရွာ ရေကျော် မြောင်း တံတား၌ သြဂုတ် ၂၁ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သိန်းနီ-လားရှိုးသွား ပြည်ထောင်စု လမ်းမကြီး နားဆော့ ကျေးရွာ မိုင်တိုင် အမှတ် (၁၉၆/၇) (၁၉၇) အကြား ရေကျော်မြောင်း အရှည် ပေ ၂ဝ၊ အကျယ် ၂၃ ပေရှိ သံကူကွန် ကရစ် တံတား၏ မြောက်ဘက်ထိပ်၊ အရှေ့ဘက်ခြမ်း အောက်ခြေတွင် ၂ ပေ ပတ်လည်နှင့် တံတားပေါ် မျက်နှာပြင် ၄ ပေ ပတ်လည်ခန့် ပျက်စီး သွားပြီး တံတား အနီးမှ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ ထုတစ်လက်မခန့်ရှိ TNT ယမ်း ၃၅ လုံး၊ ဓာတ်ခဲ အိတ်တစ်ခု၊ ဆားကစ်ပြား တစ်ခု၊ ၁၅ ပေခန့်ရှိ ဝါယာကြိုးနီ/ နက်နှစ်ချောင်း၊ အရှည် တစ်လက်မခန့် အားဖြည့်ယမ်း နှစ်တောင့်၊ အမှတ် (၃၃) လျှပ်စစ် စနက်တံ သုံးချောင်းတွေ့ ရှိခဲ့၍ သက်ဆိုင်ရာမှ အခင်း ဖြစ်ရာ နေရာကို သွားရောက် ရှင်းလင်း သိမ်းဆည်းခဲ့ ကြောင်းနှင့် လူ၊ တိရစ္ဆာန်နှင့် မော်တော်ယာဉ်များ ထိခိုက် မှုမရှိ ကြောင်း သိရသည်။
အဆိုပါ ရေကျော် မြောင်းတံတားကို ဖောက်ခွဲ ဖျက်ဆီး သွားသူ များအား သိန်းနီ ရဲစခန်းမှ (ပ)၅၆ /၂ဝ၁၂ ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၃)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ
Categories :
(တောင်ကြီး သြဂုတ် ၂၈)
ရှမ်းပြည်နယ် လားရှိုး အမှတ်(၁) ရဲစခန်းမှ ရဲအုပ် အောင်လွင် ဦးစီးတပ် ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ခေးနင်းတိုး ဂိတ်တွင် မန္တလေးမှ မူဆယ်သို့ မောင်းနှင် လာသည့် ရွှေလင်းတန်း ခရီးသည်တင် ယာဉ်အမှတ်/... တိုရိုတာ မတ်တူး ဆလွန်း အဖြူရောင် ကားအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ကားနောက ခန်းတွင် ကျောက်စိမ်း အရိုင်းတုံး ဆိုက်စုံ ၁၁ တုံးနှင့် ကျောက်စိမ်း အရိုင်းတုံး အလွတ် ခုနစ်တုံး စုစု ပေါင်း အလေးချိန် ၂၅ ကီလို ဂရမ်အား ရှာဖွေတွေ့ ရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကိုဝဏ္ဏ ၃၆ နှစ် (ဘ) ဦးအံ့ကျော် ရွှေစာရံ ကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူ အား လားရှိုး အမှတ်(၁)ရဲစခန်းမှ (ပ) ၂၇၅/၂ဝ၁၂ ကျောက်မျက် ၄၂(က)အရ အမှုဖွင့် အရေးယူ ဆောင် ရွက် ထားရှိကြောင်း သတင်းရရှိသည်။
နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို သမ္မတရုံး ကြေညာမည်
Categories :
နာမည်ပျက်စာရင်း(Blacklist)ကနေ ပယ်ဖျက်လိုက်တဲ့ လူ ပုဂ္ဂိုလ် ၂ ထောင်ကျော် စာရင်းကို သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ အခုရက်ပိုင်းအတွင်း ဖော်ပြပေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။ဒီ နာမည်ပျက်စာရင်းကို နိုင်ငံခြားသားနဲ့ နိုင်ငံသားဆိုပြီး ပယ်ဖျက်စာရင်း ၂ ခုခွဲပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ပယ်ဖျက်စာရင်းဝင်သူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အရင်လို ကြန့်ကြာမှုမရှိဘဲ လျင်မြန်လွယ်ကူလာတော့မှာလည်း ဖြစ်ပါတယ်။
အရင်က ပြည်တော်ပြန်လိုတဲ့ မြန်မာတွေ ဗီဇာ လျှောက်တဲ့အခါ သက်ဆိုင်ရာသံရုံးက နာမည်ပျက်စာရင်း ၀င် မ၀င် နေပြည်တော်ကို ပြန်လည်ပေးပို့ စိစစ်နေရလို့ အချိန်ကြန့်ကြာခဲ့ပါတယ်။
အခုတော့ သမ္မတရုံး ၀က်ဘ်ဆိုဒ်မှာ ၀င်ကြည့်လိုက်ပြီး အလျင်အမြန် ခွင့်ပြုပေးနိုင်တော့မယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
“မျိုးစုံပဲ။ နိုင်ငံခြားသားတွေလည်း ရှိတယ်ဗျ။ ဟိုးအရင်တုန်းက နိုင်ငံခြားတော်သစ္စာဖောက်မှုနဲ့ ပြည်ပထွက်သွားတာတွေ ရှိတယ်။ နောက်ပြီး ၈၈ မှာ အပြင်ထွက်သွားတဲ့သူတွေ ရှိတယ်။ ဟိုဘက်မှာ နိုင်ငံရးခိုလှုံသွားတာ ရှိတယ်။ ဒီဘက်မှာ ပြစ်မှုတွေ ကျူးလွန်လို့ ပြည်ပကို ထွက်ပြေးသွားတဲ့သူတွေပေါ့။ အကြောင်းအမျိုးမျိုးပေါ့။ အဲဒါမျိုးတွေ ပြည်ပထွက်သွားပြီး ပြည်ဝင်ခွင့် ပြန်လုပ်ပေးတဲ့ blacklist စာရင်းရှိတယ်။ နောက်တခုက နိုင်ငံခြားသားတွေ အလည်အပတ် ဗီဇာနဲ့လာပြီးတော့ သတင်းထောက် လုပ်သွားတယ်။ သတင်းထောက်ဗီဇာနဲ့ လာပြီး တခြားဟာလုပ်သွားတယ် အဲဒီလိုဟာမျိုးတွေ မျိုးစုံပေါ့။”
အရင်က ဒီစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပြီး အခု နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်က မြန်မာပြည်ပြန်ခဲ့တဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အခုကိစ္စကို ကြိုဆိုလိုက်ပါတယ်။
“အရင်တုန်းကတော့ ဗီဇာလျှောက်တဲ့ကိစ္စတွေမှာ မရှင်းလင်းတာတွေရော ပြဿနာ တော်တော်ရှိတယ်လေ။ အခု Blacklist တွေ ပယ်ဖျက်လိုက်တယ်ဆိုတော့ ကောင်းပါတယ်။ ပိုရှင်းသွားတာပေါ့။ ပြန်လို့ရတယ် မရဘူးပေါ့။ နောက် ပြောတဲ့သတင်းအရဆိုရင်လည်း တချို့လူတွေလည်း Blacklist စာရင်းမှာ ကျန်နေသေးတယ်ဆိုတော့ ဒါတွေလည်း ဘယ်လိုလုပ်မလဲပေါ့ စသည်အားဖြင့်.၊ ဆက်မေးခွန်းထုတ်စရာတော့ရှိတာပေါ့။ နောက်တခု ကြားတာက မြန်မာနိုင်ငံသားတွေ တချိန်ကထွက်သွားတယ်၊ ပြန်လာတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့်ဆိုတာမျိုး ပေးမယ်လို့ စဉ်းစားနေတာမျိုးပြောတယ်။ အခြေအနေကတော့ ပြည်ပက မြန်မာနိုင်ငံသားတွေရဲ့ အားကို ပြန်ယူချင်တယ်ဆိုတဲ့ သဘောမျိုးရောက်ပါတယ်။”
သမ္မတဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်အရ အမည်မည်းစာရင်းဝင် လူပုဂ္ဂိုလ် ၆ ထောင်ကျော်ကို ပြန်စိစစ်ပြီး ၂ ထောင်ကျော်ကို ပယ်ဖျက်လိုက်တဲ့အကြောင်း ဩဂုတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ခုလို အစိုးရက နာမည်ပျက် စာရင်းဝင် ၃ ပုံ ၁ ပုံလောက်ကို စာရင်းကနေ ပယ်ဖျက်လိုက်ချိန်ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင် ဟောင်းတချို့နဲ့ ပြည်ပရောက်အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ မြန်မာနိုင်ငံ သွားရောက်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
SSA-S တပ်ဖွဲ့ဝင်များကို UWSA ပြန်မလွှတ်ပေးသေး
Categories :
တလခန့် ဖမ်းဆီး ခံထားရသည့် မိမိတို့ တပ်ဖွဲ့ဝင်များအား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ပြန်လွှတ်ပေးခြင်း မရှိ သေးကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) က ပြောသည်။
“ခုထိ လွှတ်ပေးဖို့ တရားဝင် ပြောလာတာ မရှိသေးဘူး” ဟု SSA-S ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။
နှစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိစပ်နယ်မြေ ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုန်မြို့နယ်အတွင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် စွပ်စွဲပြီး UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
မိမိတို့၏ တပ်စခန်းဟောင်း နေရာတွင် တပ်စခန်း လာရောက် ဆောက်လုပ်ခြင်းကြောင့် SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ် သည်ဟု UWSA က ပြောသည်။
ထိုကိစ္စကြောင့် နှစ်ဘက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုများ ရှိပြီး အေးချမ်းစွာ ဖြေရှင်းသွားကြမည်ဟု နှစ်ဘက်တပ်ဖွဲ့မှ အရာရှိများက ပြော သည်။
“အောက်ခြေမှာ ဖြစ်တဲ့ကိစ္စလို့ပဲ ကျနော်တို့ သဘောထားပါတယ်။ ဒီကိစ္စကို တွေ့ဆုံဆွေးနွေးပြီး တော့ အဖြေရှာသွားမယ်” ဟု စိုင်းလောင် ဆိုင် က ပြောသည်။
UWSA ဘက်ကလည်း “တင်းမာနေကြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တိုက်ဖို့ ဆန္ဒ မရှိပါဘူး။ ဆက်ပြီး ညှိနှိုင်းသွားမယ်” ဟု ဝိန်ကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောသည်။
နှစ်ဘက် ညှိနှိုင်းမှု အဆင်ပြေပါက ဖမ်းဆီးထားသည့် SSA တပ်ဖွဲ့ဝင်များအား ကောင်းမွန်စွာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းလည်း ဦး စော လွင် က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ (၁) ရက်နေ့နှင့် (၄) ရက်နေ့များတွင်နှစ်ဘက်ကိုယ်စားလှယ်များနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ကြသော် လည်း ဖမ်းဆီးခံထားရသည့် SSA တပ်ဖွဲ့ဝင်ကိစ္စကို မဆွေးနွေးနိုင်သေးကြောင်း စိုင်းလောင်ဆိုင် က ပြောသည်။
“သူတို့ ဖိတ်ခေါ်လို့ ကျနော်တို့ နှစ်ကြိမ် သွားတွေ့တယ်။ဒါပေမဲ့သူတို့ဘက်ကအထက်ညွှန်ကြား မိန့်မရသေးဘူးဆိုပြီးနှစ်ကြိမ်လုံးဒီအကြောင်း မဆွေးနွေး ဖြစ်ဘူး” ဟု စိုင်းလောင်ဆိုင် က ပြောသည်။
UWSA နှင့် SSA-S တို့သည် အစိုးနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဒီဇင် ဘာ လအတွင်း ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မုန်းထားမြို့နယ်ခွဲများအား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။
ထိုဒေသတွင် UWSA နှင့် SSA-S တို့ အခြေချထားကြပြီး၊ ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သီးသန့် သဘောတူထား ခြင်း မရှိသေးကြောင်း သိရသည်။
“ခုထိ လွှတ်ပေးဖို့ တရားဝင် ပြောလာတာ မရှိသေးဘူး” ဟု SSA-S ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။
နှစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိစပ်နယ်မြေ ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုန်မြို့နယ်အတွင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် စွပ်စွဲပြီး UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
မိမိတို့၏ တပ်စခန်းဟောင်း နေရာတွင် တပ်စခန်း လာရောက် ဆောက်လုပ်ခြင်းကြောင့် SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ် သည်ဟု UWSA က ပြောသည်။
ထိုကိစ္စကြောင့် နှစ်ဘက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုများ ရှိပြီး အေးချမ်းစွာ ဖြေရှင်းသွားကြမည်ဟု နှစ်ဘက်တပ်ဖွဲ့မှ အရာရှိများက ပြော သည်။
“အောက်ခြေမှာ ဖြစ်တဲ့ကိစ္စလို့ပဲ ကျနော်တို့ သဘောထားပါတယ်။ ဒီကိစ္စကို တွေ့ဆုံဆွေးနွေးပြီး တော့ အဖြေရှာသွားမယ်” ဟု စိုင်းလောင် ဆိုင် က ပြောသည်။
UWSA ဘက်ကလည်း “တင်းမာနေကြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တိုက်ဖို့ ဆန္ဒ မရှိပါဘူး။ ဆက်ပြီး ညှိနှိုင်းသွားမယ်” ဟု ဝိန်ကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောသည်။
နှစ်ဘက် ညှိနှိုင်းမှု အဆင်ပြေပါက ဖမ်းဆီးထားသည့် SSA တပ်ဖွဲ့ဝင်များအား ကောင်းမွန်စွာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းလည်း ဦး စော လွင် က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ (၁) ရက်နေ့နှင့် (၄) ရက်နေ့များတွင်နှစ်ဘက်ကိုယ်စားလှယ်များနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ကြသော် လည်း ဖမ်းဆီးခံထားရသည့် SSA တပ်ဖွဲ့ဝင်ကိစ္စကို မဆွေးနွေးနိုင်သေးကြောင်း စိုင်းလောင်ဆိုင် က ပြောသည်။
“သူတို့ ဖိတ်ခေါ်လို့ ကျနော်တို့ နှစ်ကြိမ် သွားတွေ့တယ်။ဒါပေမဲ့သူတို့ဘက်ကအထက်ညွှန်ကြား မိန့်မရသေးဘူးဆိုပြီးနှစ်ကြိမ်လုံးဒီအကြောင်း မဆွေးနွေး ဖြစ်ဘူး” ဟု စိုင်းလောင်ဆိုင် က ပြောသည်။
UWSA နှင့် SSA-S တို့သည် အစိုးနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဒီဇင် ဘာ လအတွင်း ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မုန်းထားမြို့နယ်ခွဲများအား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။
ထိုဒေသတွင် UWSA နှင့် SSA-S တို့ အခြေချထားကြပြီး၊ ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သီးသန့် သဘောတူထား ခြင်း မရှိသေးကြောင်း သိရသည်။
ကောင်းဝါ
ref: New Collection
ref: New Collection
FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့် အပြင် လုံလောက်သော အချိန်ပေးမည်
Categories :
(ရန်ကုန် သြဂုတ် ၂၈)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံ ငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော် အတွက် နိုင်ငံခြား သုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံး ပြုနိုင်စေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်နိုင်ငံသို့ခေတ္တလွဲပြောင်းပေးအပ်
Categories :
မဲခေါင်မြစ်အတွင်း ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောသားတွေ အသတ်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးရန်အတွက် စိုင်းနော်ခမ်း ရဲ့ လက်ထောက်ဖြစ်သူ ကျိုင်းတုံ အကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ စိုင်းအောင်မြတ် ကို ဩဂုတ်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံသို့ ခေတ္တလွှဲပြောင်းပေးအပ်လိုက်တယ်လို့ အစိုးရပိုင် မြန်မာ့အလင်း သတင်းစားမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အစိုးရဆီမှာ ပြီးခဲ့တဲ့ မေလတုန်းက လက်နက်ချခဲ့တဲ့ စိုင်းအောင်မြတ် ကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပေမယ့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် လွှဲပြောင်းပေးအပ်ခဲ့ခြင်း မပြုခဲ့ဘဲ အခုချိန်ကျမှ တရုတ်နိုင်ငံက စိုင်းနော်ခမ်း ကို တရားစီရင်ရာမှာ အထောက်အကူ ပြုနိုင်ရန် အတွက် အခုလို ခေတ္တလွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။
စိုင်းနော်ခမ်းရဲ့ လက်ထောက်ဖြစ်သူ စိုင်းအောင်မြတ် (ခ) ခမ်းဟုန် အား မြန်မာနိုင်ငံ အစိုးရက ပြည်တွင်း ဥပဒေတစ်ရပ်အရ တရားစီရင်ရန် ကျိုင်းတုံ အကျဉ်းထောင်မှာ ချုပ်နှောင်ထားရာကနေ ဩဂုတ်လ ၂၈ ရက် နံနက် ၄ နာရီအချိန်မှာ ရှမ်းပြည်နယ် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ဒုတိယရဲမှူးကြီး ကျော်ထွန်းနဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျိုယွဲ့ကျင်း တို့က ကျိုင်းတုံမှာပဲ လွှဲပြောင်းလက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
စိုင်းအောင်မြတ် (ခ) ခမ်းဟုန် ဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ရေးသားထားပြီး မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာကိစ္စများ၌ နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေ အခန်း(၆) ပုဒ် ၂၈ အရ တရုတ်နိုင်ငံသို့ ခေတ္တလွှဲပြောင်း ပေးအပ်ခြင်းသာဖြစ်ပြီး အမှုစီရင်ပြီးလျှင်ပြီးချင်း ပြန်လည်လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
၂၀၁၁ အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်အတွင်း ထိုင်းနိုင်ငံ ရေပိုင်နက်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုမှာ အဓိက ပြစ်မှုကျူးလွန်သူ တရားခံ စိုင်းနော်ခမ်း အား ၂၀၁၂ ဧပြီ ၂၅ ရက်မှာ လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး လာအိုနိုင်ငံက ၂၀၁၂ မေ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ref: Kawli
ref: Kawli
သမ္မတဦးသိန်းစိန်လက်ထက်တွင် အမျိုးသမီးများကို ၀န်ကြီးနေရာ ခန့်အပ်
Categories :
သြဂုတ် ၂၇ ရက်နေ့က လုပ်ဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၀န်ကြီးအပြောင်းအလဲ ခန့်အပ်စာရင်းမှာ ဒုဝန်ကြီးနေရာ ၄ နေရာအတွက် အမျိုးသမီးတွေကို ခန့်အပ်လိုက်ပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဒု-၀န်ကြီးများပြောင်းလဲခန့်အပ်ခြင်း အမည်စာရင်းမှာ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို တာဝန်ပေးအပ်မှုဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အရေအတွက် အများဆုံးပေးအပ်မှု ဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှာ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနမှာ ဒေါက်တာဒေါ်သက်သက်ဇင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှာ ဒေါက်တာဒေါ်စုစုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာနမှာ ဒေါက်တာ သိန်းသိန်းဌေးတို့က အသီးသီး ဒု-၀န်ကြီးရာထူးရခဲ့တာပါ။
အရင်ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီးဒေါ်စန္ဒာခင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါ်မြတ်အုံးခင်တို့ ရှိထားပြီးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ဒုတိယ၀န်ကြီး အဆင့် အမျိုးသမီးက ၆ နေရာ ရရှိပြီဖြစ်ပါတယ်။
အခုလို အမျိုးသမီး ၀န်ကြီးတွေ ရွေးချယ်ခန့်ထားတာ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ကျနော်တို့က ခွဲခြားဆက်ဆံမှု မရှိဘူး။ ဖွံ့ဖြိုးတိုးတက်ခါစမှာ အမျိုးသမီး ဒုဝန်ကြီးတွေ ဦးစားပေး ရွေးတာလည်း ပါပါတယ်။ အမျိုးသမီးတွေထဲက သင့်တော်တဲ့သူကို ရွေးပြီး ခန့်တာပေါ့။ သူတို့က အန်ဂျီအိုတွေနဲ့အတူ လှုပ်ရှားနေတော့ သဘာဝ ပတ်ဝန်းကျင်တို့ဘာတို့မှာ လုပ်နိုင်မယ်ထင်လို့ ခန့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
လွတ်မြောက်နယ်မြေက မြန်မာအမျိုးသမီးသမဂ္ဂရဲ့ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ မမိဆူးပွင့်က “ဒုဝန်ကြီးနေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးတာ ၀မ်းသာစရာပါ။ ဒါပေမယ့် တဖက်မှာ မေးခွန်းထုတ်စရာက ကျမတို့ မြန်မာနိုင်ငံမှာ ၀န်ကြီးအဆင့်ထဲမှာ လုပ်ဆောင်နိုင်မယ့် အမျိုးသမီးတွေ အခုချိန်ထိ မရှိသေးဘူးလား။ နောက်တခုက အစိုးရက အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာကို ပြချင်တဲ့အတွက် အမျိုးသမီးတွေ ပါဝင်မှုကို ထည့်ပေးလိုက်တာက သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်လို့ လုပ်ပေးလိုက်တာလို့လည်း ထင်တယ်။ ဘာပဲပြောပြော ကျမတို့နိုင်ငံက စစ်အာဏာရှင် တောက်လျှောက်ခိုင်မာလာတဲ့ အနေအထားကနေ အခုလို အမျိုးသမီးတွေကို အစိုးရအဖွဲ့အတွင်းမှာ လက်ခံနေပြီ၊ ပါဝင်လို့ရပြီဆိုတဲ့ အခွင့်အလမ်းလေး တခု ရလာတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ စတဲ့ အစိုးရတွေ ခေတ်အဆက်ဆက်ပြောင်းလဲအုပ်ချုပ်ခဲ့ရာမှာ အမျိုးသမီးတွေကို အဆင်မြင့်အုပ်ချုပ်ရေး ရာထူးတွေမှာ နေရာပေးတာ မရှိသလောက် နည်းပါးခဲ့ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် တယောက်ပဲ ဖဆပလခေတ်က လူမှုဖူလှုံရေးဥက္ကဋ္ဌနဲ့ မဆလခေတ်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးသမားဟောင်းတဦးက ပြောပါတယ်။
ref: DVB
၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဒု-၀န်ကြီးများပြောင်းလဲခန့်အပ်ခြင်း အမည်စာရင်းမှာ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို တာဝန်ပေးအပ်မှုဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အရေအတွက် အများဆုံးပေးအပ်မှု ဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှာ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနမှာ ဒေါက်တာဒေါ်သက်သက်ဇင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှာ ဒေါက်တာဒေါ်စုစုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာနမှာ ဒေါက်တာ သိန်းသိန်းဌေးတို့က အသီးသီး ဒု-၀န်ကြီးရာထူးရခဲ့တာပါ။
အရင်ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီးဒေါ်စန္ဒာခင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါ်မြတ်အုံးခင်တို့ ရှိထားပြီးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ဒုတိယ၀န်ကြီး အဆင့် အမျိုးသမီးက ၆ နေရာ ရရှိပြီဖြစ်ပါတယ်။
အခုလို အမျိုးသမီး ၀န်ကြီးတွေ ရွေးချယ်ခန့်ထားတာ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ကျနော်တို့က ခွဲခြားဆက်ဆံမှု မရှိဘူး။ ဖွံ့ဖြိုးတိုးတက်ခါစမှာ အမျိုးသမီး ဒုဝန်ကြီးတွေ ဦးစားပေး ရွေးတာလည်း ပါပါတယ်။ အမျိုးသမီးတွေထဲက သင့်တော်တဲ့သူကို ရွေးပြီး ခန့်တာပေါ့။ သူတို့က အန်ဂျီအိုတွေနဲ့အတူ လှုပ်ရှားနေတော့ သဘာဝ ပတ်ဝန်းကျင်တို့ဘာတို့မှာ လုပ်နိုင်မယ်ထင်လို့ ခန့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။လွတ်မြောက်နယ်မြေက မြန်မာအမျိုးသမီးသမဂ္ဂရဲ့ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ မမိဆူးပွင့်က “ဒုဝန်ကြီးနေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးတာ ၀မ်းသာစရာပါ။ ဒါပေမယ့် တဖက်မှာ မေးခွန်းထုတ်စရာက ကျမတို့ မြန်မာနိုင်ငံမှာ ၀န်ကြီးအဆင့်ထဲမှာ လုပ်ဆောင်နိုင်မယ့် အမျိုးသမီးတွေ အခုချိန်ထိ မရှိသေးဘူးလား။ နောက်တခုက အစိုးရက အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာကို ပြချင်တဲ့အတွက် အမျိုးသမီးတွေ ပါဝင်မှုကို ထည့်ပေးလိုက်တာက သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်လို့ လုပ်ပေးလိုက်တာလို့လည်း ထင်တယ်။ ဘာပဲပြောပြော ကျမတို့နိုင်ငံက စစ်အာဏာရှင် တောက်လျှောက်ခိုင်မာလာတဲ့ အနေအထားကနေ အခုလို အမျိုးသမီးတွေကို အစိုးရအဖွဲ့အတွင်းမှာ လက်ခံနေပြီ၊ ပါဝင်လို့ရပြီဆိုတဲ့ အခွင့်အလမ်းလေး တခု ရလာတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ စတဲ့ အစိုးရတွေ ခေတ်အဆက်ဆက်ပြောင်းလဲအုပ်ချုပ်ခဲ့ရာမှာ အမျိုးသမီးတွေကို အဆင်မြင့်အုပ်ချုပ်ရေး ရာထူးတွေမှာ နေရာပေးတာ မရှိသလောက် နည်းပါးခဲ့ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် တယောက်ပဲ ဖဆပလခေတ်က လူမှုဖူလှုံရေးဥက္ကဋ္ဌနဲ့ မဆလခေတ်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးသမားဟောင်းတဦးက ပြောပါတယ်။
ref: DVB
စသုံးလုံးက စစ်ဆေးမှု တင်းကျပ်သဖြင့် ရှမ်းနီပါတီ စည်းရုံးရေးထိခိုက်
Categories :
တိုင်းလိုင် (ခေါ်) ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အဖွဲ့ဝင်တွေကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတဲ့အတွက် ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။
ပါတီမှတ်ပုံတင်ခွင့်ရပြီးတဲ့နောက် ပါတီဝင် (၁၀၀၀) ပြည့်ကြောင်း အဖွဲ့ဝင် အမည်စာရင်းတွေ တင်ပြရာမှာ မိုးညှင်းမြို့နယ် စ သုံးလုံးဘက်က စစ်ဆေးမှု တင်းကျပ်လွန်းတယ်လို့ တိုင်းလိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
“သူတို့ ဒီလ ၂၀ ရက်နေ့က စပြီး စစ်ဆေးတာပါ။ သူတို့က ရုံးကို ခေါ်မေးတယ်။ အိမ်တွေကို လိုက်မေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာလည်း ပြစ်မှု ကင်းရှင်းကြောင်း၊ ဒီရွာမှာ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာ ယူခိုင်းတယ်။ နောက်ပြီး မြို့နယ်လက်အောက်ခံရုံးတွေကနေ နိုင် ၂ ပုံစံနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို တိုက်ပြီး စစ်ဆေးတယ်။ အဲဒါတွေ ဘာကြောင့်လုပ်လဲလို့ မေးတော့ တိုင်းရင်းသားပါတီမို့လို့ နိုင် ၂ ပုံစံကို တိုက်ပြီး စစ်ဆေးရတာလို့ ပြော တယ်။ မိုးညှင်းမြို့နယ် စ သုံးလုံး တာဝန်ခံ ဦးအောင်သန်းဦးပါ။ ”
ဒီလိုတင်းကျပ်မှုတွေ ရှိနေတဲ့အတွက် ပါတီဝင်တွေကြား ကြောက်ရွံ့ပြီး နုတ်ထွက်လိုသူတွေ ရှိလာတယ်လို့ ပြောပါတယ်။
“သူတို့ဌာနကဆိုင်ရာတွေက လာစစ်တဲ့အတွက် ကျနော်တို့ပါတီဝင်တွေက အရမ်းကြောက်သွားကြ တယ်။ တခြားပါတီဝင်တွေတော့ အစစ်ဆေးမခံရဘူး၊ ကျနော်တို့ပါတီကျမှပဲ စစ်ဆေးခံရတာတို့ ဖြစ်လာတော့ ပါတီဝင်မယ့်သူတွေက မ၀င်ရဲတော့ဘူးဖြစ်လာတယ် ။ ခြိမ်းခြောက်သလိုဖြစ်သွားတယ်။”
အခုလို စစ်ဆေးမှုတင်းကျပ်တာဟာ မိုးညှင်း ၁ မြို့နယ်ထဲမှာသာဖြစ်ပြီး တခြား မြစ်ကြီးနား၊ ဗန်းမော်၊ ဟုမ္မလင်း၊ မိုးမောက် စတဲ့ မြို့နယ်က ပါတီဝင်တွေရော အခြားတိုင်းရင်းသားပါတီဝင်တွေပါ အထူးတလည် မေးမြန်း စစ်ဆေးတာ မခံရဘူးလို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ဆီကို သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ စာရေးပြီး မေးမြန်းထားပြီး ကော်မရှင်က အကြောင်းပြန်လာမယ့် စာကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။
တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေထဲက တမျိုးအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အများဆုံးပျံ့နှံ့နေထိုင်ကြတယ်။ လူဦးရေ ၂ သန်းလောက်ရှိတယ်လို့ ရှမ်းနီပါတီက ပြောပါတယ်။
ref: DVB
ပါတီမှတ်ပုံတင်ခွင့်ရပြီးတဲ့နောက် ပါတီဝင် (၁၀၀၀) ပြည့်ကြောင်း အဖွဲ့ဝင် အမည်စာရင်းတွေ တင်ပြရာမှာ မိုးညှင်းမြို့နယ် စ သုံးလုံးဘက်က စစ်ဆေးမှု တင်းကျပ်လွန်းတယ်လို့ တိုင်းလိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
“သူတို့ ဒီလ ၂၀ ရက်နေ့က စပြီး စစ်ဆေးတာပါ။ သူတို့က ရုံးကို ခေါ်မေးတယ်။ အိမ်တွေကို လိုက်မေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာလည်း ပြစ်မှု ကင်းရှင်းကြောင်း၊ ဒီရွာမှာ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာ ယူခိုင်းတယ်။ နောက်ပြီး မြို့နယ်လက်အောက်ခံရုံးတွေကနေ နိုင် ၂ ပုံစံနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို တိုက်ပြီး စစ်ဆေးတယ်။ အဲဒါတွေ ဘာကြောင့်လုပ်လဲလို့ မေးတော့ တိုင်းရင်းသားပါတီမို့လို့ နိုင် ၂ ပုံစံကို တိုက်ပြီး စစ်ဆေးရတာလို့ ပြော တယ်။ မိုးညှင်းမြို့နယ် စ သုံးလုံး တာဝန်ခံ ဦးအောင်သန်းဦးပါ။ ”ဒီလိုတင်းကျပ်မှုတွေ ရှိနေတဲ့အတွက် ပါတီဝင်တွေကြား ကြောက်ရွံ့ပြီး နုတ်ထွက်လိုသူတွေ ရှိလာတယ်လို့ ပြောပါတယ်။
“သူတို့ဌာနကဆိုင်ရာတွေက လာစစ်တဲ့အတွက် ကျနော်တို့ပါတီဝင်တွေက အရမ်းကြောက်သွားကြ တယ်။ တခြားပါတီဝင်တွေတော့ အစစ်ဆေးမခံရဘူး၊ ကျနော်တို့ပါတီကျမှပဲ စစ်ဆေးခံရတာတို့ ဖြစ်လာတော့ ပါတီဝင်မယ့်သူတွေက မ၀င်ရဲတော့ဘူးဖြစ်လာတယ် ။ ခြိမ်းခြောက်သလိုဖြစ်သွားတယ်။”
အခုလို စစ်ဆေးမှုတင်းကျပ်တာဟာ မိုးညှင်း ၁ မြို့နယ်ထဲမှာသာဖြစ်ပြီး တခြား မြစ်ကြီးနား၊ ဗန်းမော်၊ ဟုမ္မလင်း၊ မိုးမောက် စတဲ့ မြို့နယ်က ပါတီဝင်တွေရော အခြားတိုင်းရင်းသားပါတီဝင်တွေပါ အထူးတလည် မေးမြန်း စစ်ဆေးတာ မခံရဘူးလို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ဆီကို သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ စာရေးပြီး မေးမြန်းထားပြီး ကော်မရှင်က အကြောင်းပြန်လာမယ့် စာကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။
တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေထဲက တမျိုးအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အများဆုံးပျံ့နှံ့နေထိုင်ကြတယ်။ လူဦးရေ ၂ သန်းလောက်ရှိတယ်လို့ ရှမ်းနီပါတီက ပြောပါတယ်။
ref: DVB
မိုးရွာရင် ခဏခဏပြင်ရတဲ့ ရန်ကုန်မြို့တွင် လမ်းများ ပြင်၍မဆုံးနိုင်
Categories :
ref: Eleven
Read more...
![]() ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမတစ်နေရာ မိုးရာသီရောက်သည်နှင့် ရန်ကုန်မြို့ရှိ လမ်းများမှာ အကြိမ်ကြိမ်အခါခါ ဖာထေးပြင်ဆင်ရလေ့ရှိသည့် ထုံးစံအတိုင်း ယခုနှစ်မိုးရာသီတွင်လည်း လမ်းပျက်များစွာကို အကြိမ်ကြိမ် ဖာထေးပြင်ဆင်ရလျက်ရှိကြောင်း၊ သို့သော် မည်မျှပြင်ဆင်ဖြစ်စေ ပြင်၍မဆုံးနိုင်အောင် ရှိနေကြောင်း မြို့နေပြည်သူများက ပြောကြားခဲ့သည်။ ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခင်နှစ်များကထက် များစွာပို၍ လမ်းပြင်ဆင်ဖာထေးခြင်း ပြုလုပ်ပေးသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးသည့်လမ်းများ ဖြစ်နေဆဲဟု ထုတ် ပြန်ထားသည်။ ပြင်ဆင်ခြင်းမပြု၍ ပျက်စီးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ ဓလေ့အတိုင်း ရေရှည်ကောင်းမွန်မည့် လမ်းပြင်ဆင်မှု နည်းစနစ်များအအတိုင်း တိကျစွာ လိုက်နာပြင်ဆင်ခြင်းမပြုဘဲ ကာလတို အဆင်ပြေမည့် လမ်းခင်းစနစ်များကိုသာ အသုံးပြု၍ ပြင်ဆင်ခြင်းကြောင့် ပြင်ဆင်မဆုံး နိုင်အောင် ဖြစ်နေရခြင်းဟုလည်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြပါသည်။ ထိုသို့ ရေတိုနည်းစနစ်ကိုသာ အသုံးပြုခြင်းသည် ရန်ကုန်မြို့နေ အများပြည်သူများ၏ သွားလာရေးအတွက်သာမက အများပြည်သူ ထည့်ဝင်ထားသည့် ဘတ်ဂျက်များကို မလိုအပ်ဘဲ ပိုမိုကုန်ကျစေသည်အထိ ထိခိုက်လျက်ရှိသည်ဟုလည်း သုံးသပ်ကြသည်။ ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အများပြည်သူ ပေးဆောင်ရသည့် အမှိုက်ခွန်၊ ရေခွန်စသည်ဖြင့် အခွန်များအား နှစ်ဆနီးပါးအထိ တိုးမြှင့်ကောက်ခံလျက်ရှိပြီး ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကိုလည်း တိုးမြှင့်ကောက်ခံထားခြင်း ဖြစ်သည်။ ![]() တာမွေမြို့နယ်ရှိ အနောက်မြင်းပြိုင်ကွင်းလမ်းအား တွေ့ရစဉ် ယခင်နှစ်က ရန်ကုန်မြို့တွင်း လမ်းများပြင်ဆင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရရှိသည့် ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းအား သုံးစွဲခဲ့ပြီး ယခုနှစ်တွင်လည်း ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းကို လမ်းအတွက်သုံးစွဲရန် လျာ ထားကြောင်း ထုတ်ပြန်ထားသည်။ အကယ်၍ ရေရှည်ကောင်းမည့် နည်းစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ကြိမ်သာ အကုန်အကျခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ပြင်ဆင်ရ၍ ကုန်ကျခြင်းထက် အများပြည်သူဘဏ္ဍာများကို ချွေတာရာရောက်မည်ဖြစ်သည်ဟုလည်း ရန်ကုန်မြို့နေပြည်သူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ဒေသတွင်းသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်လည်း လေ့လာထားသူပညာရှင်များက လက်ရှိရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရသည့် အဓိကအချက်များထဲတွင် လမ်းပျက်စီး၍ ပိတ် ဆို့ရသည့်အချက် ပါဝင်ကြောင်း ထောက်ပြခဲ့ကြသည်။ ရေတိုစနစ်ကိုသာ အသုံးပြုပြီး လမ်းခင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအပေါ် အင်ဂျင်နီယာတစ်ဦး၏ အင်ဂျင်နီယာပိုင်း သုံးသပ်ချက်စာတမ်းတွင် 'လမ်းဖောက်လုပ်ခြင်းလုပ်ငန်းမှာ နည်းပညာပိုင်းအားဖြင့် အထူးဆန်းသစ်မှု မရှိသော နည်းပညာသာ ဖြစ်သည်။ လမ်းဖောက်လုပ်ခြင်းမပြုမီ ဆောင်ရွက်ရမည့်လမ်းအား အမျိုးအစား သတ်မှတ်ခြင်း၊ အခြေခံလိုအပ်ချက်များ လေ့လာခြင်းနှင့် တည်ဆောက်မည့် ၀န်ထမ်းများအားလုံး နားလည်လိုက်နာစေမှသာ ကုန်ကျစရိတ်ဖြင့် ကိုက်ညီသည့် လမ်းအမျိုးအစား ရရှိမည်။ လက်ရှိတွင်မူ ရန်ကုန်မြို့ တွင်း၌ လမ်းပြင်ဆင်နေသည့် အင်ဂျင်နီယာများသည် လမ်းတည်ဆောက်မှုအတွက် သတ်မှတ်ထားသည့် အခြေခံတည်ဆောက်မှုစနစ်များကို လိုက်နာခြင်းမရှိဘဲ တည်ဆောက်နေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပြီး ထိုသို့သောစနစ်ဖြင့် ပြည်တွင်းပြည်ပငွေများနှင့် အကုန် အကျခံလုပ်ကိုင်နေခြင်းမှာ ပြည်သူ့ဘဏ္ဍာများ အတွက် နှမြောစရာဖြစ်သည်။ ထို့သို့ အခြေခံအချက်များကို တိကျစွာမလိုက်နာဘဲ တည်ဆောက်နေသည့်အတွက် အကြိမ်ကြိမ် ပြန်လည်ပြုပြင်ရခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်ဖြစ်သည့်အပြင် အများပြည်သူ ပုံမှန်သွားလာနေသည့် ယာဉ်ကြောများကိုလည်း ပိတ်ဆို့စေသည်'ဟု သုံးသပ်ဖော်ပြထားသည်။ မြို့တွင်း၌ လမ်းပြင်ဆင်ရာတွင်လည်း အများပြည်သူသွားလာမှုကို အနှောင့်အယှက်မဖြစ်သည့် ညအချိန်တွင် ပြင်ဆင်ခြင်းမပြုဘဲ အများပြည်သူ သွားလာမှုပြုသည့် နေ့အချိန်တွင်သာ ပြင်ဆင်နေသည့်စနစ်ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည့်အပြင် လမ်းသားမသေ၍ မကြာခဏ ပြန်လည်ပျက်စီးရခြင်းဟု ဆိုကြသည်။ ''ညမပြင်ဘူး။ လူအများသွားလာတဲ့နေ့မှာ ပြင်တဲ့အတွက် လမ်းကိုအချိန်ယူပြီး ကြံ့ခိုင်အောင် ပြင်ဆင်ချိန်မရဘူး။ ပြင်ပြီးတယ်ဆို လမ်းသားတောင် မသေဘူး၊ ဖွင့်လိုက်တော့ ကားအသွားအလာများတဲ့ နေ့ဘက်ဆိုတော့ ကားက သွားလိုက်တာနဲ့တင် ပြန်ပျက်။ ဒီလိုပဲ ဆေးမြီးတိုနည်း နဲ့ ပြင်နေတော့ ခဏခဏပြင်ရလို့ အများပြည်သူ အခွန်တွေလည်း မလိုအပ်ဘဲ ပိုကုန်တယ်၊ လမ်းပိတ်တယ်။ ခဏလေး အဆင်ပြေအောင်ပြင်ပေးတဲ့စနစ်က အရိုးစွဲနေကြပြီ။ ရေရှည်ကောင်းအောင်ပြင်တဲ့ လမ်းပြင်စနစ်က အထူးအဆန်း နည်းပညာလည်း မဟုတ်ဘူး။ အများပြည်သူ ဘတ်ဂျက်တွေကို ဖြုန်းတီးရာ ရောက်သလို စည်ပင်မှာ ရေရှည်ခံအောင် လမ်းပြင်ဆင်တဲ့ နည်းပညာ မရှိသေးဘူးလား မေးရမလိုဖြစ်နေပြီ။ ဒါမှမဟုတ် တကယ်ပဲ ခဏခဏ ပြင်ရတာကိုပဲ ကြိုက်နေတာလား''ဟု အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပြင်ဆင်ဖာထေးနေသည့်ကြားမှ များစွာပျက်စီးနေသည့် လမ်းများထဲတွင် ဘုရင့်နောင်လမ်း၊ သမိုင်းဘူတာရုံလမ်း၊ သံသုမာလမ်း၊ လှည်းတန်းလမ်းဆုံ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် တာမွေလမ်းငါးခွဆုံမီးပွိုင့်ကို ခဏအတွင်း ရှောင်ကွင်းသွားလာနိုင်သည့် တောင်မြင်းပြိုင်ကွင်းလမ်း အပါအ၀င် ယာဉ်အများဆုံး အသုံးပြုသွားလာနေသည့်လမ်းများမှာ အပျက်စီးဆုံးဖြစ်နေသည်။ အခု အဆိုးဆုံးလမ်းကို ပြဆိုရင် တောင်မြင်းပြိုင်ကွင်းလမ်းပဲ။ ကျွန်တော်တစ်မြို့လုံး တက္ကစီပတ် မောင်းတာ ဒီလမ်းလောက်ဆိုးတဲ့လမ်း မရှိဘူး။ ကားတစ်စီးလုံးကို နှဲ့ချိုးနေသလိုပဲ။ လှည်းတန်းမီးပွိုင့်နဲ့ အင်းစိန်လမ်း တစ်လျှောက်လည်း သွားကြည့်ကြဦး၊ ဘယ်လောက်ပျက် စီးနေလဲဆိုတာ။ ဘုရင့်နောင်လမ်းဆုံ တစ်ဝိုက်လည်း သွားကြည့်ကြဦး၊ ချိုင့်ရှောင်ရင်းနဲ့ ကားတိုက်မှုတောင် ဖြစ်ဦးမယ်''ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါသည်။ တောင်မြင်းပြိုင်ကွင်းလမ်း၌ နေထိုင်သူတစ်ဦးက''ဆိုက်ကားတောင် လမ်းထဲ မလိုက်ဘူး။ ပြောမနေနဲ့ ချိုင့်ထဲကျတာ ခွေခွင်ပြီး ဆိုက်ကားပါ ချိုင့်ကွက်ထဲမှာ နစ်နေတာ။ ဒီလို ချိုင့်ကွက်ပေါင်း အများကြီး ဒီလမ်းထဲမှာ။ အခု ကားငှားရင်လည်း လမ်းထိပ်ကပဲ ဆင်းရတယ်။ ကြာပြီ ဖြစ်နေတာ ပြင်ဖို့မပြောနဲ့၊ လာတောင် မကြည့်ဘူး''ဟု ပြောပြခဲ့သည်။ ''ကျွန်တော့်အသက် ၄၅ နှစ် ကျော်ပြီ။ ရန်ကုန်မှာ လမ်းပြင်တဲ့စနစ်က အပေါက်တွေ့ရင် ချိုင့်ကွက်ထဲက ရေကို ရေခွက်ကလေးနဲ့ပက်ထုတ်ပြီး နယ်ထားတဲ့ကတ္တရာကို ပက်ထည့်လိုက်တယ်။ ပြီးရင် ကြိတ်စက်မပါဘူး။ လက်ကိုင်ပြီး ထုတဲ့ သစ်တုံးနဲ့ထုတယ်။ ပြီးရင် လမ်းဖွင့်ပေးလိုက်တယ်၊ ကားလည်းသွား၊ ကားဘီးမှာ အကုန်ကပ်ပါသွားပြီး လမ်းက ပြန်ပေါက်နေတာပဲ။ အခုထိ ဒီလိုလုပ်တာကို မပြင်သေးဘူး။ ပြည်သူ့ငွေကုန်တာပဲ အဖတ်တင်တယ်''ဟု တောင်ဥက္ကလာတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ အများပြည်သူ ပေးထားသည့် အခွန်ဘဏ္ဍာများအား ဖြုန်းတီးရာရောက်သည့် ယခုကဲ့သို့ ပြင်၍ မဆုံးနိုင်သည့် နည်းလမ်းဟောင်းမျိုး အသုံးပြုခြင်းအား ဆက်လက်မပြုလုပ်သင့်ဟု မြို့ခံများက ဆိုကြသည်။
| ||||||||||
ref: Eleven
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပအိုဝ်းကျောင်းသား ဟောင်းအဖွဲ့မှ ပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Categories :
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တောင်ကြီးမြို့၊ စ၀်စံထွန်းရပ်ကွက်၊ မင်းကွန်းပရိယတ္တိစာသင်တိုက် ဓမ္မာရုံမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းဦးစီးတဲ့အဖွဲ့ဝင်တွေနဲ့ ပအိုဝ်းကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တွေဟာ နေ့ လည် ၁ နာရီကနေ ညနေ ၅ နာရီထိတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့မှ ဥက္ကဌ ဦးခွန်သန်းရွှေဦးဆောင်တဲ့အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပအိုဝ်းကျောင်းသားအဖွဲ့တစ်ဦးကပြောပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့ဥက္ကဌ ဦးသန်းရွှေက “သူဟာ ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းအဖွဲ့ရဲ့ဥက္ကဌဖြစ်တဲ့အကြောင်း၊ PNLO အဖွဲ့ကိုယခုလိုတွေ့ဆုံရတဲ့အ တွက်ဝမ်းသာမိကြောင်း၊ PNLO အဖွဲ့အနေနဲ့လည်းငြိမ်းချမ်းရေးအခြေအနေ အပါအ၀င်အခြားလုပ်ဆောင် မှု တွေကို လည်းအသိပေးသင့်သလောက်ပေးအပ် ဖို့အတွက်ပြောလိုပါတယ် ဆိုတဲ့အကြောင်း” ပြောကြားခဲ့ ပါတယ်လို့ပြောပါတယ်။
အဲ့ဒီနောက် မအိုဝ်းကျောင်းသားဟောင်းအဖွဲ့ ဒုဥက္ကဌဦးခွန်ကျော်ဇေယျက “လက်ရှိအနေဖြင့် ပအိုဝ်း တက္ကသိုလ်ကျောင်းသားဟောင်းအဖွဲ့ကိုယာယီဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် မကြာခင်မှာ အများဆန္ဒနဲ့ ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း၊ အဖွဲ့အနေနဲ့လည်း ဥပဒေဘောင်အတွင်းမှ အမျိုးသားရေးကိုတတ်နိုင်သလောက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းတိုင်းရင်း သားတွေဟာ ဘာသာတရားကိုင်းရှိုင်းသူတွေဖြစ်တဲ့အတွက်ကြောင့် အခမဲ့ဆေး ခန်းတွေကိုမြို့နယ်အလိုက် ပအိုဝ်းဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ချို့တဲ့သည့်ထူးချွန် ကျောင်းသားများ အားထောက်ပံ့နိုင်ရေးအတွက် မတည်ငွေ ကျပ်သိန်း ၅၀ ဖြင့်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့မှ အဖွဲ့ဝင်များက တစ်ဦးချင်းနှုတ်ခွန်းဆက် စကားများပြောဆိုခဲ့တယ် လို့ပြောပါတယ်။
PNLO အဖွဲ့က ဦးခွန်မြင့်ထွန်းက “သူ့အနေနဲ့ ပအိုဝ်းကျောင်းသားဟောင်းများအဖွဲ့မှ နောင်တော်ကြီးများ အားကျေးဇူးတင်စကားပြောလိုပါကြောင်း၊ သူဟာ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း ပအိုဝ်းစကားမတတ်ကြောင်း၊ သူဟာ NLD မှ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ အတွက် ပြည်သူလူထု ကတာဝန်ပေးထားသည့် အမျိုးသားအခွင့်အရေးကိုတန်းတူရရှိသည့် ဒီမိုကရေစီရရှိနိုင်အောင် အထူးကြိုး စားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ခုချိန်မှာပအိုဝ်းအမျိုးသားအားလုံးရဲ့ညီညွတ်ရေးတည်ဆောက် ရန်အတွက်အကောင်းဆုံးအချိန်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။
ပအိုဝ်းကျောင်းသားဟောင်းသမဂ္ဂအဖွဲ့မှတွဲဘက်အတွင်းရေးမှူးဦးခွန်စိန်ဝင်းက“ပအိုဝ်း တိုင်းရင်းသား များဟာယခင်အစိုးရလက်ထက်တွင် ဆင်းရဲနွမ်းပါးမှုများရှိတဲ့အတွက် ဘိန်းစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားအရေအတွက်မှာ မူးယစ်ဆေးဝါးမှုဖြင့်အကျဉ်းကျခံရ သည့်ပအိုဝ်း တိုင်းရင်းသား အရေအတွက်အများဆုံးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှုဖြင့်အကျဉ်းကျခံရသည့်ပအိုဝ်းတိုင်းရင်း သားတွေဟာလည်းနိုင်ငံရေးအကျဉ်းသားတွေဘဲဖြစ်တဲ့အတွက် ပအိုဝ်းဘိန်းစိုက်နိုင်ငံရေး အကျဉ်းသား များအား ပြန် လည်လွတ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ PNLO အဖွဲ့ အနေဖြင့် ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။
အဲ့ဒီပြောကြားချက်တွေကို ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ပြောဆိုပေးသွားမယ်လို့သိရပါတယ်။
တောင်ပေါ်သားလေး
ကမ္ဘာ့အသက်အကြီးဆုံး အဖွားအို ၁၁၆ နှစ်ပြည့် မွေးနေ့ကျင်းပ
Categories :
လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စံချိန်တင်ထားသော အဖွားအိုသည် အသက် (၁၁၆)နှစ်မြောက် မွေးနေ့ကို ကျင်းပနိုင် ခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ဒေသမှ ဘက်ဆီကူးပါး သည် တနင်္ဂနွေနေ့က အသက်(၁၁၆)နှစ် ပြည့်မြောက်ခဲ့သည်။ဘက်ဆီ၏ မွေးနေ့တွင် ဂျော်ဂျီယာရှိ မွန်ရိုးအရပ်မှ တံတားတစ်စင်းကို ဝေါ်လ်တန်ခရိုင် အုပ်ချုပ်ရေး အဖွဲ့က သူမ၏ အမည် ပြောင်းလဲကာ ဂုဏ်ပြုခဲ့သည်။ ဘက်ဆီသည် ဂျော်ဂျီယာတွင် ပထမ ကမ္ဘာစစ် ကာလကတည်းက နေထိုင်ခဲ့သူလည်း ဖြစ်သည်။ ဘက်ဆီကို (၁၈၈၆)ခုနှစ်က တင်နက်ဆီတွင် မွေးဖွားပြီး ထိုမှတစ်ဆင့် ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာခဲ့သည်။ သူမသည် သားသမီး (၄)ဦး၊ မြေး (၁၂)ဦးနှင့် မြစ်နှင့် တီအထိ အဆက်အနွယ်များပင် ရှိနေပြီဟု သိရသည်။ ဘက်ဆီက သူမ၏ အသက်ရှည်နည်း လျှို့ဝှက်ချက်ကို မေးမြန်းရာ၌ အာဟာရမဖြစ်သော မုန့်ပဲသွားရည်စာများကို ရှောင်ကြဉ်လေ့ရှိကြောင်း ဖြေကြားခဲ့သည်။
ပင်းတယနှင့် ရွာငံတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီလက်တွေ့စည်းရုံးရေးသင်တန်းဖွင့်လှစ်
Categories :
ပင်းတယမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သည့် ပါတီလက်တွေ့စည်းရုံးရေးသင်တန်း၊အမှတ်စဉ်(၄/၂၀၁၂) ကို သြဂုတ်လ ၂၇ ရက်နေ့က မြို့နယ်ပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်လို့သိရပါတယ်။ ဒီသင်တန်းကို ပါတီဝင် ၆၀ ဦးနဲ့ သင်တန်း သား/သင်တန်းသူ ၅၈ ဦးတက်ရောက်ခဲ့ပါတယ်။ သင်တန်းကို သြဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖွင့်လှစ်မှာ ဖြစ်ပြီး ပြည်နယ်ပါတီအလုပ်အမှုဆောင် ဦးစိန်လေးမောင်နဲ့ ခရိုင်အလုပ်အမှုဆောင် ဦးမျိုးဆန်းတို့က သင်ကြားပို့ချ သွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွာငံမြို့မှာလည်း ပါတီလက်တွေ့စည်းရုံးရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၂)ကို မြို့နယ်ပါတီရုံးမှာ သြဂုတ်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းသည်လည်း ၅ ရက်ကြာမြင့်မှာဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၅၀ ဦးတက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
Subscribe to:
Comments (Atom)






































