Tuesday, December 4, 2012

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ms. Baroness Valerie Amos ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

0 comments
ဒီဇင်ဘာ(၄)






ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ms. Baroness Valerie Amos ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ဇော်ဝင်း၊ ဦးဇင်ယော်၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်စုစုလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ashok Nigam လည်း တက်ရောက်သည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Myanmar President Office
Read more...

စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ

0 comments
ဒီဇင်ဘာ(၄)

ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့အနက် ၈၀ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ကျန်ရှိသော ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ သာမန်လူနာဆောင်တွင် ကုသမှုခံယူနေရပြီး ၃ ဦးမှာမူ စောင့်ကြပ်ကြည့်ရှုရသည့် အခြေအနေတွင်ရှိကြောင်း CNA သတင်းက ဖော်ပြသည်။

စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ
စင်ကာပူနိုင်ငံရှိ Jurong သင်္ဘောကျင်းတွင် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ သင်္ဘောကျင်းလုပ်သား ၈၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့အနက် ၈၀ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ကျန်ရှိသော ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ သာမန်လူနာဆောင်တွင် ကုသမှုခံယူနေရပြီး ၃ ဦးမှာမူ စောင့်ကြပ်ကြည့်ရှုရသည့် အခြေအနေတွင်ရှိကြောင်း CNA သတင်းက ဖော်ပြသည်။ တနင်္လာနေ့မွန်းလွဲပိုင်းက Tanjong Kling လမ်းမပေါ်ရှိ Jurong သင်္ဘောကျင်း လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower - MOM) က အတည်ပြုပြောကြားသည်။

jurong shipyard
 Myanmar Express 
Read more...

နပိုလီယံ၏ လျှို့ဝှက်စာ အမေရိကန် ဒေါ်လာ ၂၄၃၅ဝဝ ဖြင့် လေလံတင် ရောင်းချ

0 comments
ဒီဇင်ဘာ(၄)



လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ခန့်က ရုရှားနိုင်ငံ ကရင်မလင် နန်းတော်ကို ဖျက်ဆီးမည်ဟု ရေးသားခဲ့သော ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ ဘိုနာပတ်၏ လျှို့ဝှက်စာအား အမေရိကန် ဒေါ်လာ ၂၄၃၅ဝဝ ဖြင့် ဒီဇင်ဘာ ၂ ရက်က လေလံတင် ရောင်းချ ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှို့ဝှက်စာ၏ လေလံဈေးမှာ မူလ ခန့်မှန်း ထားသည်ထက် ၁ဝ ဆ မြင့်တက် ခဲ့သည်ဟု သိရသည်။
၎င်းလျှို့ဝှက် စာအား ယခင်က အမေရိကန် ဒေါ်လာ ၁၉၅ဝဝ ဖြင့် ရောင်းချနိုင်ရန် မျှော်မှန်းထား ခဲ့ကြောင်း ပဲရစ်မြို့ တောင်ပိုင်းရှိ Fontain လေလံတင် ကုမ္ပဏီက ပြောကြား ထားသည်။
နပိုလီယံ သည် ၁၈၁၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က အဆိုပါ လျှို့ဝှက်စာကို ၎င်း၏ ပြည်ပ ဆက်ဆံရေး ဝန်ကြီး ဟူးဂတ်ဘားနတ် မာရတ်ထံသို့ ရေးသားခဲ့သော စာဖြစ်သည်။ ၎င်း လျှို့ဝှက်စာသည် စာလုံးရေ ၁၈ဝ ပါဝင်ပြီး ကျောကပ် နှစ်မျက်နှာ ပါရှိသော လက်ရေးစာမူ ဖြစ်သည်။ စာထဲတွင် နပိုလီယံ က ရာသီဥတု ဆိုးရွားနေသည့် အတွက် ၎င်းနှင့်အတူ ရုရှားသို့ လာရောက် တိုက်ခိုက် လျက်ရှိသော အဖွဲ့ဝင်များ အားလုံး ရာသီဥတု ဆိုးရွားသည့် ဒဏ်ကို ခံစား နေရပြီး စားစရာ၊ သောက်စရာ ရိက္ခာများ ပြတ်လပ်နေသည့် အတွက် ပေးပို့ ပေးရန်နှင့်  မြင်းများ ထပ်မံ ပေးပို့ ပေးရန် တောင်းဆိုထားသော စာသားများ ပါဝင်သည်ဟု သိရသည်။
 
မြ၀တီ
Read more...

သျှမ်း/ မြောက်လူငယ်များ ဘိန်းဖြူသုံးနည်းအသစ်အဆန်းများ သုံးလာကြ

0 comments
ဒီဇင်ဘာ(၄)

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်အတွင်း ဘိန်းဖြူကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပြီး သုံးနည်းအဆန်းများခေတ်စားလာသည်ကိုတွေ့ရကြောင်း ဒေသခံရပ်မိရပ်ဖ များကပြောပါ သည်။

heroin-abuse                                             (Photo: Drug Free Homes)

“ ဒီနှစ်ထဲမှာ နံပါတ် ဖိုး ခေါ် ဘိန်းဖြူပေါ့ ပျိုအိုမရွေး သုံးကြတယ်။ အရွယ်သုံးပါးလို့တောင် ပြောလို့ရတယ်။ ၀န်ထမ်းရပ်ကွက်တွေမှာတောင် ရောင်းတဲ့လူရှိတယ် ဗျာ” - ဟု ရပ်မိရပ်ဖ တဦးကပြောပြသည်။

ဘိန်းဖြူကို အထက်တန်းကျောင်းသားများလည်း သုံးစွဲသည်ကိုတွေ့ရကြောင်း၊ သတလ (၁)ခေါ် ၀န်ထမ်းရပ် ကွက်နှင့် အီဟန်းကုလားရပ်ကွက် အီဟန်းသျှမ်းရပ်ကွက်တို့တွင် ဘိန်းဖြူအရောင်းသည် အများဆုံးရှိကြောင်း၊ ဈေးနှုန်းမှာလည်း သိသိသာသာ တက်လာသည်ကိုတွေ့ရကြောင်း သစ်တောဝန်ထမ်းတဦးကပြောသည်။

“လက်ကား အရောင်းသမားတွေက ဘိန်းဖြူကို ပင်နီစီလင်ပုလင်းနဲ့ချိန်ရောင်းတာများတယ်။ တပုလင်းဆိုရင် နှစ်သောင်းကျပ်။ လက်လီသမားတွေကို အချိုရည်ပိုက်နဲ့ ပြန်ရောင်းပေးတယ်။ အချိုရည်ပိုက် ချောင်းကို တလက်မ အရှည်ဖြတ်ပြီး ဘိန်းဖြူထဲ့ထားရင် အဲဒါ လေးထောင်ကျပ် ။ သုံးတဲ့နည်းကလည်း အမျိုးမျိုး ။ မီးလောင်ခံငွေစက္ကူကို ခွက်လေးလုပ်ပြီး ဘိန်းဖြူ မီးရှို့ အငွေ့ကိုတချက်တည်း စုပ်သောက်တဲ့နည်း၊ သွေးကြော ထဲဆေးထိုးထဲ့တဲ့နည်း၊ နားထင်မှာ ဘလိတ်ဓါး (နှုတ်ခမ်းမွေးရိတ်ဓါး)နဲ့ခြစ်၊ သွေးထွက်ဒဏ်ရာလေးမှာ ဘိန်းဖြူ မှုံ့သိပ်ထဲ့ ခေါင်းကိုက်ကပ်ဆေး ပလာစတာနဲ့ကပ်၊ နောက်တနည်းက သွေးကို ဆေးထိုးအပ်နဲ့စုပ်ထုတ် တဆီလင်း စာပေါ့။ ပြီးရင်ဘိန်းဖြူနဲ့ ရောသမမွှေပြီး အကြောထဲပြန်ထိုးထဲ့ စသဖြင့်ပေါ့နော်” - ဟု သုံးဖူးသည့် လူငယ်တဦးကပြောသည်။

ယခင်က အချိုရည်ပိုက်တချောင်းလျင် ကျပ် ၄၀၀၀ ရောင်းချကြောင်း၊ ပိုက်တချောင်း၏ လေးပုံတပုံကို ကျပ် တစ်ထောင်ရောင်းချကြောင်း ၊ ယခင်က ကျပ် ၅၀၀၀ ဖိုးဖြင့် ကျေနပ်အောင်ဘိန်း သုံးနိုင်ပြီဖြစ်သော်လည်း ယခုမှာမူ ကျပ်တစ်သောင်းရှိမှသာ ကျေနပ်နိုင်ကြောင်း နမ္မတူဒေသခံစိုင်းနောင့်က ပြောပါသည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့်ရောင်းဝယ်သုံးစွဲနေကြသော်လည်း အာဏာပိုင်များက အရေးယူရှင်းလင်း ပေးခြင်းမရှိ ကြောင်း ဒေသခံများ ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်  မုံးပေါ် တွင်မူ ဒေသခံအမျိုးသမီးနှင့် ရပ်ကွက် လူထုကျေးရွာ ၂၁ ရွာ စု ပေါင်းအင်အား ၂၀၀ ကျော်က မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအသင်း ဖွဲ့စည်း၍ မူးယစ်ဆေးတိုက်ဖျက်လာရာ ရောင်းဝယ်သူရှားပါးလာမှုကြောင့် ဝယ်ယူသုံးစွဲသူလျော့နည်းလာကြောင်း သိသိသာသာအောင်မြင်မှုရရှိလာကြောင်း မြို့ခံများကပြောသည်။

သျှမ်းသံတော်ဆင့်
Read more...

၁၂ ကြိမ်မြောက် တရုတ် - မြန်မာ ကုန်စည်ပြပွဲ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်

0 comments
ဒီဇင်ဘာ(၄)

၁၂ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်၌ လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

myanmar china content                      ယမန်နှစ်က တွေ့ရသော တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ

နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်(ဝ်) မြို့နှင့် မြန်မာဘက်ခြမ်း မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် နေရာများတွင် နှစ်စဉ် တစ်လှည့်စီ ကျင်းပလာခြင်း ဖြစ်သည် ။

ယခုနှစ် ခင်းကျင်းပြသမည့် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် မြန်မာကုန်သည် များအတွက် ငှားရမ်းခ ကျပ်တစ်သိန်း ခွဲနှင့် တရုတ်ကုန်သည်များအတွက် ယွမ်ငွေ ၁၅၀၀ ဖြစ်ကြောင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန် သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ကုန်သည်တွေငှားဖို့အတွက်လေ ၂၄၄ ခန်းပေါ့။ ဒီ ၂၄၄ ခန်းက ပစ္စည်း ပြခန်းတွေပေါ့နော်။ ခေါင်းလျှော်ရည်တို့ ကော်ဖီမစ် ထုတ်တို့ ပြတဲ့အခန်းတွေပေါ့ ။ နောက်ခေါက်ဆွဲတို့ ဘီယာဆိုင်တို့လို စားသောက်ကုန်တွေ ရောင်းဖို့အတွက်က အခန်းပေါင်း ၁၃၆ ခန်းရှိတယ်။ အားလုံးဆို အခန်းက ၄၀၀ ရှိတာပေါ့နော် ” ဟု သူက ပြောသည်။

အဆိုပါ ဆိုင်ခန်းပေါင်း ၄၀၀ အနက်  ၂၄၄ ခန်းမှာ ၁၀ ပေပတ်လည် အခန်းများဖြစ်ပြီး ၁၃၆ ခန်းမှာ အလျား ပေ ၂၀ x အနံ ၁၀ ပေ ပတ်လည် အခန်းများ ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် ကျင်းပနေသော အဆိုပါ ကုန်စည်ပြပွဲများတွင် မြန်မာဘက်မှ ပဲမျိုးစုံ ၊ ရာဘာ ၊ စားသောက်ကုန် ၊ လက်မှု အနု ပညာ ပစ္စည်း ၊ ပရိဘောဂ၊ ရေထွက် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ၊ တရုတ်ဘက်မှ စက်မှုထုတ်ကုန်များ အဝတ် အထည်များ ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးအိမ်သုံးပစ္စည်း အမျိုးအမည် များစွာခင်းကျင်းပြသလေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင် တရုတ်ဘက်ခြမ်း နေထိုင်သည့် မြန်မာကျောက်ကုန်သည်တချို့ ကျောက်စိမ်းလက်မှု အနုပညာပစ္စည်းများ ခင်းကျင်းပြ သမည်ဖြစ်ကြောင်းလည်း သိရသည်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်း လက်ရှိ ကုန်စည် စီးဆင်းမှုမှာ ကျဆင်း နေပြီး မြန်မာဘက်မှ ဖရဲ ၊ ပြောင်း နှင့်ဆန်များ တ ရုတ် ဘက်သို့ အဓိက တင်သွင်းနေ၏။ တရုတ် ဘက်မှ အဝတ်အထည်၊ လူသုံး အိမ်သုံးပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ မြန်မာဘက်သို့ တင်သွင်းနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်
Read more...

မူးယစ်ဆေးဝါးတရားဝင်တိုက်ဖျက်ရေးအတွက် ကျေးလက်လူထုအဖွဲ့မှတ်ပုံတင်တောင်း

0 comments
ဒီဇင်ဘာ(၄)

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေမှာ မူးယစ်ဆေးဝါးများက ဒေသခံလူထုအား တနေ့ထက်တနေ့ခြိမ်းခြောက်လာနေသောကြောင့် စုပေါင်းတိုက်ဖျက်ရန်  မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ မှတ်ပုံတင်နေကြောင်း မိုင်းဝီးဒေသခံ များကပြောပါသည်။

Opium Firm                                                (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“ လူငယ်စာရိတ္တ ပြုပြင်ရေး အဖွဲ့ ( မိုင်းဝီး)  လို့နာမည်ပေးထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ က ပြည်သူ့ လွတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်အုန်း ၊ မိုင်းဝီးအုပ်ချုပ်ရေးမှူး စိုင်းယီလိုင်းခမ်း ၊ မိုင်းဝီး ရဲစခန်း မှူး တွေဆီကို ရော သျှမ်း၊ ကချင်၊ လီရှော၊ ပလောင် စာပေယဉ်ကျေးမှု အဖွဲ့တွေဆီကိုရော စာတင်ထားတယ်၊  ဒီနေ့အထိတော့ ဘာမှ အကြောင်းမပြန် သေးဘူး”ဟု မိုင်းဝီးဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၃ လလောက်က မိုင်းဝီး၌ ပြည်သူ့ရဲတပ်ဖွဲ့ က မူးယစ်ဆေးရောင်းဝယ်သူများအား ဖမ်းဆီး အရေး ယူမှု ပြုလုပ်သော်လည်း မူးယစ်ဆေးပပျောက်မသွားသည့်အပြင် ရောင်းသူ/၀ယ်သူ /သုံးစွဲသူ ပိုများလာကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းရန် လူထုအခြေပြုအဖွဲ့ ဖွဲ့စည်း၍ မူးယစ်ဆေးဝါး  ဝိုင်းဝန်းတိုက်ဖျက်သွား မည်ကြောင်း ၄င်းကဆိုသည်။

မိုင်းဝီးကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသော တောတောင်များဘက်တွင် ဘိန်းခြံအများအပြားရှိကြောင်း ဒေသတွင်း သတင်းက ဆိုသည်။

“ဘိန်းတွေဟာ တနေ့တခြား ပေါများလာတယ်၊ ဘိန်းစားတွေ ပေါများလာတာကြောင့် မကြာခဏ ခိုးဆိုး လုယက် မှု တွေလည်းဖြစ်တယ်၊ လယ်ထဲကစပါးတွေ လည်းခိုးရိတ်ခံရတာရှိတယ်၊ မိဘမဲ့ ကလေး တွေများလာတယ်။ ဆိုတော့ သူတို့တတွေ ပညာသင်ယူခွင့် ဆုံးရှုံးလာကြတယ်” ဟု မိုင်းဝီး ဒေသခံ  ပါ့နန်းအီ ကပြော သည်။
Opium firm with girl                                              (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

စယ်နေရွာမှ ရွာသားများက မိုင်းဝီးကျေးရွာအုပ်စုသို့ စက်ဘီးဖြင့် ဘိန်းလာရောင်းကြကြောင်း၊ ဘိန်းလောပန်း အတွက် မူးယစ်ဆေးဝါးရောင်းပေးသောအဖွဲ့ ဟူ၍လည်း အုပ်စုလိုက်ရှိကြောင်း၊ အသက် ၁၂ ၊ ၁၃ နှစ် လူငယ် အများစု မူးယစ်ဆေးသုံးစွဲနေပြီး ကချင်၊ ပလောင် နှင့် သျှမ်းလူမျိုးများဖြစ် ကြောင်း၊ သုံးစွဲသော မူးယစ်ဆေးမှာ ရာဘ(စိတ်ကြွဆေး) က ပထမဖြစ်ပြီး ဘိန်းဖြူဘိန်းမဲက ဒုတိယဖြစ်ကြောင်း ၄င်းက ဆိုသည်။

မိုင်းဝီး ရဲတပ်ဖွဲ့ထံ လိပ်မူသည့်အဆိုပါမှတ်ပုံတင်ခွင့်လျှောက်လွှာအား ၎င်းတို့ဂုဏ်သိက္ခာထိခိုက်မည် ကို စိုးရိမ် ကြသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကမေတ္တာရပ်ခံထားကြောင်း အဖွဲ့တည်ထောင်သူနှင့် နီးစပ်သူ တစ်ဦးကပြောပြသည်။

အဆိုပါအဖွဲ့သည် မိုင်းဝီးလူငယ် ၅၂  ဦး အင်အားဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းကတည်းက စုစည်းထားပြီး  မိုင်းဝီး ဒေသ၌ မူးယစ်ဆေးတိုက်ဖျက်ရန်အတွက် ‘မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့’ ဟု အမည် ပေး ကြောင်း၊ မူးယစ်ဆေးဝါးအဓိကထားတိုက်ဖျက်ဖို့ ဒေသအတွင်း ပထမ ဦးဆုံး အဖွဲ့အစည်း ဖြစ်လာနိုင်ကြောင်း ပြောပါသည်။

သျှမ်းသံတော်ဆင့်
Read more...

တောင်ငူ မြတ်စောညီနောင် ဘုရားမှ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ခိုးသူများ ဖမ်းဆီးရမိ

0 comments
ဒီဇင်ဘာ(၄)


တောင်ငူ မြတ်စောညီနောင် ဘုရားမှ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ခိုးသူများ ဖမ်းဆီးရမိ

တောင်ငူမြို့ အရှေ့ (၈)မိုင် အကွာတွင် တည်ရှိသော ရှေးဟောင်း သမိုင်းဝင် မြတ်စောညီနောင်  ဘုရားဝင်း ရွှေဟင်္သာ စေတီရင်ပြင် တနင်္လာ ထောင့်ရှိ အချင်း ၂ ပေ၊အမြင့် ၃ ပေ၊ ထု ၂ လက်မခွဲ အလေးချိန် ပိဿာ ၈ဝ ခန့် ကာလတန်ဖိုး  ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ   ကြေးခေါင်းလောင်းကြီး ပျောက်ဆုံး သွားကြောင်း  မြတ်စောညီနောင် ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်က  ထုံးဘို ရဲစခန်းသို့ နိုဝင်ဘာ၂၈ ရက်  တိုင်တန်းချက် အရ ထုံးဘို ရဲစခန်းမှ ပုဒ်မ ၃၇၉ အရ အမှုဖွင့်ပြီး ထုံးဘို ရဲစခန်းမှ အမှုစစ် ဒုတိယ ရဲအုပ် စောထင်လင်း၊ ဒုတိယ ရဲအုပ် ဟန်ထွန်းအောင်၊ ဒုတိယ ရဲအုပ် ထွန်းထွန်းမင်းနှင့် ဒိုးသောင် ရဲကင်းမှူး  ဒုတိယ ရဲအုပ် မောင်ဇော်တို့ ပူးပေါင်း အဖွဲ့မှ စုံစမ်း ဖော်ထုတ်ချက် အရ နိုဝင်ဘာ ၂၉ ရက်က တရားခံ လေးဦး တို့အား ဖမ်းဆီး ရမိခဲ့သည်။
ခေါင်းလောင်း ခိုးယူသူ တရားခံ များမှာ ဇော်မင်းနိုင် ၃၅ နှစ်(ဘ)ဦးကျော်ဝင်း၊ စောမြတ်မင်း ၃ဝ နှစ်(ဘ)ဦးချစ်လှိုင်၊ မမိရွှေ ၂၉ နှစ်(ဘ)ဦးကျော်ဆန်း၊ မငယ် ၂၈ နှစ်(ဘ) ဦးကျော်ဆန်းဝင်း ကြို့ကုန်းရွာ ချောင်းဝအုပ်စု ထန်းတပင် မြို့နယ် နေသူ တို့အား ၎င်းတို့ ခိုးယူရာတွင်   အသုံးပြုခဲ့သည့် တရုတ်လုပ် GLM ဆိုင်ကယ်နှင့် အတူ ဖမ်းဆီး ရမိခဲ့ သည်။

၎င်းတို့၏ ဖော်ထုတ်ချက် အရ ငွေကျပ် ၂၅၆ဝဝဝဖြင့် ရောင်းချခဲ့သည် ဆိုသော ကြေးခေါင်းလောင်း ကြီးကို ဝယ်ယူခဲ့သည့် တောင်ငူမြို့ (၁၆)ရပ်ကွက် နံပါတ် (၁)လမ်းနှင့် ကန်လမ်းထောင့်ရှိ ဦးမောင်စိန် ၆၅ နှစ်(ဘ) ဦးစလယ်ရာ၏ သံတို သံစ အဟောင်းဆိုင်မှ ပြန်လည် သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကြည်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းတို့၏ အနီးကပ် ကြီးကြပ် ကွပ်ကဲမှုကြောင့် တရားခံ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦးတို့အား ခိုးရာပါ ရှေးဟောင်း သမိုင်းဝင် ကြေးခေါင်းလောင်း ကြီးနှင့် အတူ ၂၄ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
Read more...

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရန် အစည်းအဝေးပြုလုပ်

0 comments
ဒီဇင်ဘာ(၄)



SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ကျရောက်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read more...

"၄ နှစ်သားကလေးငယ်အား တောဆင်ရိုင်းက နင်းသတ်"

0 comments
ဒီဇင်ဘာ(၄)


၃-၁၂- ၂၀၁၂ ရက်နေ့ ၀၇း၅၀အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ 
 တွင် ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်း သတင်းအရတိုက်ကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့ရာ ၂-၁၂-၂၀၁၂ ရက်နေ့ ၂း၂၀၀ အချိန် မောင်ပိုးချစ် (၄)နှစ်သည် မိဘများဖြစ်သည့် ဦးမြင့်ကျော်ဦး၊ ဒေါ်နီလာဝင်းတို့နှင့်အတူ
အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ၀င်လာသဖြင့် ထွက်ပြေးခဲ့ကြသည်။
 
 ထွက်ပြေးစဉ် နေအိမ်နှင့် ၁၀ ပေခန့်အကွာ၌ မောင်ပိုးချစ်မှာ ဆင်နင်း ခံရပြီး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် ၁၁၀၀ အချိန် တိုက်ကြီးရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရွှေမြန်မာမီဒီယာ
Read more...

တောင်ကြီးအင်တာနက် ရက်အကန့်အသတ်မရှိ ပျက်ဦးမည်

0 comments
ဒီဇင်ဘာ(၄)

ပြီးခဲ့သည့်လ လလယ်ပိုင်းကတည်းက တောင်ကြီးမြို့ပေါ်ရှိ နံပါတ်ငါးလုံးပါ ကြိုးဖုန်းများ လိုင်းပြတ်တောက်နေသည်။
တောင်ကြီးမြို့ အင်တာနက်ဆိုင်တခုတွင် တွေ့ရသော အင်တာနက် ဆက်သွယ်မှု အခြေအနေ
ထိုဖုန်းများနှင့် တွဲစပ်သုံးရသည့် အင်တာနက် အချိတ်အဆက်လည်း ပြတ်တောက်နေပြီး   ယနေ့အထိ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသဖြင့် အင်တာနက်ဆိုင် အများအပြား ၀င်ငွေ ထိခိုက်လျက်ရှိသည်။

အင်တာနက် မရသော်လည်း သက်ဆိုင်ရာသို့ ၀န်ဆောင်ခ ပုံမှန် ပေးသွင်းနေရသည်ဟု အင်တာနက်ဆိုင် လုပ်ငန်းရှင်တို့က ပြောသည်။

ဆက်သွယ်ရေးရုံးကလည်း  မည်သည့်အချိန်တွင် လိုင်းအခြေအနေ ပုံမှန်ပြန်ဖြစ်မည်ကို တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။

တောင်ကြီးတွင်            (ADSL) 1MB အတွက် လစဉ်ကြေး  တလ တသိန်း၊ နှစ်စဉ်ကြေး တနှစ် သုံးသိန်း ခြောက်သောင်း ပေးသွင်းရ အင်တာနက်ဆိုင်များက ပြောသည်။

ဤအခြေအနေနှင့် ပတ်သက်ပြီး  တောင်ကြီး ဆက်သွယ်ရေးရုံး အိတ်ချိန်းရုံး အော်ပရေတာ တာဝန်ခံကို  စုံစမ်းမေးမြန်းရာ -
နံပတ် ငါးလုံးပါ ကြိုးဖုန်းများ လိုင်းများပြုပြင်နေသဖြင့် ဖြတ်တောက်ထားကြောင်း၊  ရွှေညောင်၊ ညောင်ရွှေ မြို့များ အပါအ၀င် ဖြတ်ထားရသည့် ဖုန်းလိုင်း ၆,၀၀၀ ကျော်ခန့် ရှိကြောင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည်မှာ မှန်ကြောင်း၊  ပြုပြင်နေဆဲဖြစ်ပြီး  မည်သည့်အချိန် ပြီးစီး ကောင်းမွန်မည်ကို ရက်အတိအကျဖြင့် မပြောနိုင်ကြောင်း ယင်းက ပြောကြားခဲ့သည်။


ဧရာဝတီဘလော့
Read more...

လားရှိုးမြို့၌ စေတနာ ယာဉ်မောင်း သင်တန်း ဖွင့်လှစ်မည်

0 comments
ဒီဇင်ဘာ(၄)


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ် (၂) ရပ်ကွက် ပြည်ထောင်စု လမ်းရှိ အစိုးရ အသိ အမှတ်ပြု စေတနာ ယာဉ်မောင်း သင်တန်းကို ဒီဇင်ဘာ ပထမ ပတ်၌ ဖွင့်လှစ် သွားမည် ဖြစ်ပြီး သင်တန်းသားများ စတင် လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စေတနာ ယာဉ်မောင်း သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ အတွက် သင်ကြားမှု စာတွေ့၊ လက်တွေ့ မော်တော်ယာဉ် မောင်းနှင်မှု ဆိုင်ရာ အတတ်ပညာ၊ မော်တော်ယာဉ် ထိန်းသိမ်းမှု ဆိုင်ရာ အတတ်ပညာ၊ မော်တော်ယာဉ် လမ်းကြောင်းနှင့် လမ်းကြောင်း မှန်ကန်စွာ အသုံးချမှု ဆိုင်ရာ အတတ်ပညာ၊ မော်တော်ယာဉ် စည်းကမ်းနှင့် နည်းဥပဒေ ဆိုင်ရာ အတတ်ပညာ စသည်တို့ကို သိရှိနားလည် တတ်ကျွမ်း သော အရည်အချင်း ပြည့်ဝသည့် သင်တန်းသားများ ပေါ်ထွက် လာစေရန် အတွေ့အကြုံ ရင့်ကျက်သော ဆရာများဖြင့် သင်ကြား ပေးသွားမည် ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူများ အတွက် ''ခ'' ယာဉ်မောင်း လိုင်စင် ရသည်အထိ နည်းစနစ် တကျ တာဝန်ယူ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
 
မြ၀တီ
Read more...

ကန်ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးမြင့်လာသည့် ငါးရှဥ့်ဈေးကွက်

0 comments
ဒီဇင်ဘာ(၄)

Photo: ကန်ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးမြင့်လာသည့် ငါးရှဥ့်ဈေးကွက် Tuesday, December 04, 2012   ပြည်တွင်းငါးရှဥ့်ဈေးကွက်၌ လပိုင်းအတွင်း တစ်တန်လျှင် ကန်ဒေါ်လာ (၁၀၀၀)ကျော်အထိ ဈေးနူန်းမြင့်တက်လာပြီး အမြင့်ဆုံးဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်နေရကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။  "ငါးရှဥ့်ဈေးက အခုတော်တော်လေး ဈေးကောင်းတယ်။ ပြည်ပကလည်း အ၀ယ်များတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကထက် ကို နိုင်ငံတကာက ငါးရှဥ့်ဝယ်မယ်ဆိုပြီး လာဆက်နေကြတယ်"ဟု ငါးရှဥ့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဘသော်က ပြောသည်။  ငါးရှဥ့်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၀၀ ကျော်သာ ဈေးကွက်ရှိခဲ့ ပြီး လက်ရှိ နိုဝင်ဘာလကုန်ပိုင်း- ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၆၈၀၀ ၀န်းကျင် ဈေးမြင့် တက်လာခြင်းဖြစ်သည်။  ဇူလိုင်လနှင့် သြဂုတ်လများတွင် ငါးရှဥ့်ဈေးကွက်၌ ကန်ဒေါ်လာ ၄၂၈၀ မှ ၅၁၈၀ ၀န်းကျင်အထိသာ ဈေးရှိခဲ့ကြောင်း သိရှိရသည်။  "အပြင်တွေက အ၀ယ်များတယ်။ သူအချိန်လည်းမရောက်သေးပဲ ရှားနေသေးတဲ့အချိန်ဆိုတော့ ဈေးကောင်း နေတာဖြစ်မယ်။ သူအချိန်ရောက်ရင် ဒီလိုဈေးကောင်းမရကြဘူး။"ဟု ပဲခူးတိုင်း ဒေသကြီးတွင်း ငါးရှဥ့်အရောင်း အ၀ယ်ပြုလုပ်နေသူ ဦးသန်းဌေးက ပြောသည်။  မြန်မာနိုင်ငံတွင် ငါးရှဥ့်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးများနှင့် အခြားဒေသ များမှလည်း ထွက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရပြီး ၄င်းနိုင်ငံမှလည်း အများဆုံး ၀ယ်ယူနေခြင်းဖြစ်သည်။  ပြည်တွင်းမှ ငါးရှဥ့်များကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့နေရပြီး ၂၀၁၂-၂၀၁၃ခုနှစ်တင်ပို့မှုပမာဏ သန်း ၃၀ လျာ ထားသော်လည်း ယခုနှစ် နိုဝင်ဘာလပိုင်းတွင်း တင်ပို့မှု ပမာဏ (၃၁) သန်းကျော်သို့ တင်ပို့ပြီးဖြစ်ကြောင်း သိရှိရသည်။  ယမင်း (မြစ်မခ) Myit Makha Mediagroup
ပြည်တွင်းငါးရှဥ့်ဈေးကွက်၌ လပိုင်းအတွင်း တစ်တန်လျှင် ကန်ဒေါ်လာ (၁၀၀၀)ကျော်အထိ ဈေးနူန်းမြင့်တက်လာပြီး အမြင့်ဆုံးဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်နေရကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ "ငါးရှဥ့်ဈေးကအ ခုတော်တော်လေး ဈေးကောင်း တယ်။ ပြည်ပကလည်းအ၀ယ်များတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကထက် ကို နိုင်ငံတကာက ငါးရှဥ့်ဝယ်မယ်ဆိုပြီး လာဆက်နေကြတယ်"ဟု ငါးရှဥ့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဘသော်က ပြောသည်။ငါးရှဥ့်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၀၀ ကျော်သာ ဈေးကွက်ရှိခဲ့ ပြီး
လက်ရှိ နိုဝင်ဘာလကုန်ပိုင်းဒီဇင်ဘာလ ဆန်းပိုင်းတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၆၈၀၀ ၀န်းကျင် ဈေးမြင့် တက်လာခြင်းဖြစ်သည်။
ဇူလိုင်လနှင့် သြဂုတ်လများတွင် ငါးရှဥ့်ဈေးကွက်၌ ကန်ဒေါ်လာ ၄၂၈၀ မှ ၅၁၈၀၀န်းကျင် အထိသာ ဈေး ရှိခဲ့ကြောင်း သိရှိရသည်။
"အပြင်တွေက အ၀ယ်များတယ်။ သူအချိန်လည်းမရောက်သေးပဲ ရှားနေသေးတဲ့ အချိန် ဆိုတော့ ဈေးကောင်း နေတာဖြစ်မယ်။ သူအချိန်ရောက်ရင် ဒီလိုဈေးကောင်းမရကြဘူး။"ဟု ပဲခူးတိုင်း ဒေသကြီးတွင်း ငါးရှဥ့်အရောင်း အ၀ယ်ပြုလုပ်နေသူ ဦးသန်းဌေးက ပြောသည်။

မြန်မာနိုင်ငံတွင် ငါးရှဥ့်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးများနှင့် အခြားဒေသ များမှလည်း ထွက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရပြီး ၄င်းနိုင်ငံမှလည်း အများဆုံး ၀ယ်ယူနေခြင်းဖြစ်သည်။

ပြည်တွင်းမှ ငါးရှဥ့်များကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့နေရပြီး ၂၀၁၂-၂၀၁၃ခုနှစ်တင်ပို့မှုပမာဏ သန်း ၃၀ လျာ ထားသော်လည်း ယခုနှစ် နိုဝင်ဘာလပိုင်းတွင်း တင်ပို့မှု ပမာဏ (၃၁) သန်းကျော်သို့ တင်ပို့ပြီးဖြစ် ကြောင်း သိရှိရသည်။

  (မြစ်မခ)
Read more...

ရန်ကုန်မြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ

0 comments
ဒီဇင်ဘာ(၄)


ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင
် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။

လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။


အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက.. "ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။

အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။


အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။

ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။


နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ့ အများတော့ မြင်နေရပါတယ် ။

အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။ အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။

မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေ လိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှု များ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။
 
by 
Read more...

၁၀ တန်း စာမေးပွဲ အချိန်ဇယား ထွက်ပြီ

0 comments
ဒီဇင်ဘာ(၄)


ဆယ်တန်း စာမေးပွဲ အချိန်ဇယားထွက်ပါပြီ။ အခုလာမယ့်နှစ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က စတင်ဖြေဆိုရမှာဖြစ် ပြီး မတ်လ ၂၂ ရက်နေ့က နောက်ဆုံးနေ့ဖြစ်ပါတယ်။ 

မြန်မာ့ ပညာရေး စနစ်မှာ စာမေးပွဲဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါဘဲ။ ကျောင်းသား မိဘတွေ ကလည်း ကိုယ့်သား သမီးကို စာတတ်ရေးထက် စာမေးပွဲအောင်မြင်ရေးကိုသာ ကြည့်တတ်ကြတာ အများ စု ဖြစ်နေဆဲပါ။

ကျောင်းသားတွေရော၊ ကျောင်းသား မိဘတွေရော၊ နိုင်ငံတော်ရဲ့ ပညာရေး မူဝါဒတွေပါ အကုန်ပြောင်းလဲ နိင်ပါမှ မြန်မာ့ပညာရေး စနစ်က ရှေ့ကို ရောက်လာနိုင်ပါ တယ်။ နိုင်ငံတကာ က မြန်မာ့ပညာရေး ကို လေးစားတန်ဘိုးထားလာနိုင်မှာလည်းဖြစ်ပါတယ်။ 

နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းဟာ အဲဒီနိုင်ငံရဲ့ ပညာရေးစနစ်အပေါ် အများကြီး မူတည်ပါတယ်။ 

ဧရာဝတီဘလော့
Read more...

ရှမ်းနှစ်သစ်ကူးပွဲ နှင့် စာတမ်းဖတ်ပွဲ ကျိုင်းတုံတွင် ကျင်းပမည်

0 comments
ဒီဇင်ဘာ(၄)

 ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို  ဒီဇင်ဘာ ၁၂ ၊ ၁၃၊ ၁၄ ရက်တို့တွင်  ကျိုင်းတုံမြို့၌ ကျင်းပမည် ဖြစ်ကြောင်း နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးစိုင်းလာက ပြောသည်။
ပြီးခဲ့သည့်နှစ် 
ရှမ်းနှစ်သစ်ကူးပွဲ ဖျော်ဖြေရေး အစီအစဉ်တခု (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)
နှစ်သစ်ကူးပွဲတော် ကျင်းပစဉ် ကာလအတွင်းမှာလည်း ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်ဝှမ်းဒေသ အသီးသီးမှ ပညာရှင်များက ရှမ်းအမျိုးသားတို့၏ စာပေ၊ ယာဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း စဉ်လာ အကြောင်း စာတမ်းဖတ်ပွဲ ပြုလုပ်မည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ၀င် ဦးစိုင်းလာက ဆက်ပြောသည်။ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပွဲတော်ကျင်းပမည့်ရက်များတွင်  ဘွဲ့တံဆိပ်ရဆရာတော်၊ သံဃာတော်များအား ဂုဏ်ပြုခြင်း၊ သက်ကြီး ဘိုးဘွားကန်တော့ခြင်း စသည့် နံနက်ခင်းတွင် ပြုလုပ်မည့် အစီအစဉ်များ ရှိပြီး ညပိုင်းတွင် 
ဖျော်ဖြေရေး အစီအစဉ်များဖြင့် နှစ်သစ်ကို ကြိုဆိုမည်ဖြစ်ကြောင်း    ဦးစိုင်းလာက ရှင်းပြသည်။


ပွဲတော်ကို ကျိုင်းတုံမြို့၊ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီ နှင့် ရန်ကုန်မြို့ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းပြီး ကျင်းပမည်ဟု သိရသည်။

ရှမ်းပြည်နယ်တွင် မြို့ပေါင်း ၅၀ ထက် မနည်း ရှိသည့်အနက် ဤယဉ်ကျေးမှု ပွဲတော်ကြီး ကျင်းပရန် ကျိုင်းတုံမြို့ကို ရွေးချယ်ထားခြင်း ဖြစ်ရာ ဒေသခံတို့အတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်။


ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ

ကိန္ဒရာ၊ ကိန္ဒိရီ အက၊ တိုးနယားအက၊ ဓါးလှံ သိုင်း အကများ၊ 
ကျိုင်းတုံနယ်အတွင်းရှိ ဆိန်၊ ဆေား၊ ခပ်လိ အစရှိသည့် ရိုးရာ တေးဂီတများ၊ 
ခေတ်သစ်အကများ၊ ရှမ်းရိုးရာ အကများ






-
ဧရာဝတီဘလော့
Read more...

တာချီလိတ်မြို့၌ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးပြုလုပ်ရာ တာချီလိတ် ပြည်သူ လူထု၏ အထူးလိုအပ်ချက်များ ပါဝင်

0 comments
ဒီဇင်ဘာ(၄)

(၇၃)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးကို နိုဝင်ဘာ(၃၀)ရက်နေ့ နံနက် (၉း၃၀)မှ နံနက်(၁၀း၄၅)နာရီထိ တာချီလိတ်မြို့ရှိ ရီဂျီနား ဟိုတယ်မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအစည်းအဝေးမှာ ထိုင်းနိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထနတ်ဖုံးကိုးဆိုင်စေ၀ီး ဦးဆောင်သော အဖွဲ့ဝင်များ နှင့် မြန်မာဘက်မှ  စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင် အပါအ၀င် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃၃၁) ခြေမြန်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းမင်းအောင် ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံအတွင်းရှိ နယ်စပ်ရေးရာ ဆောင်ရွက်ရန်လိုအပ်ချက်များကို အပြန်အလည် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

 မြန်မာဘက်မှ ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ ထိုင်းနိုင်ငံအတွင်း သွားရောက်လည်ပတ်သူ လုပ်ငန်းဆောင်ရွက်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့အထိ (၁၃)ညအိပ် (၁၄)ရက်ခရီး သွားရောက်ခွင့် ရရှိရေး ကိစ္စ၊ နေ့စဉ် ၀င်/ထွက်သွားလာနေသူများအား တစ်ခါတစ်ရံတွင် ထိုင်းနိုင်ငံဘက်မှ အကာအကွယ်မဲ့စွာ လူမြင်ကွင်းတွင် ဆီးသွားခိုင်း၍ ဆီးစစ်ဆေး ဆောင်ရွက်ခြင်းများမှာ အများအမြင်တွင် မသင့်လျော်သည့်အပြင် အရှက်အကြောက်တရားကို ထိခိုက်စေနိုင်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သလို စဉ်းစားဆောင်ရွက်နိုင်ရေးကိစ္စ နှင့် မြန်မာနိုင်ငံဘက်မှ လိုင်စင်ရှိ မော်တော်ယာဉ်/ဆိုင်ကယ်များ လုပ်ငန်းကိစ္စဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်/ထွက်သွားလာလျှက်ရှိရာ အမှတ်(၁)တံတား၌ ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်၍ စတေကာရယူ၍ လစဉ်အခွန်ငွေ ပေးဆောင်နေရခြင်းကိစ္စ စသည့် ကိစ္စအရပ်ရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါတယ်။


ဆက်လက်၍ ထိုင်းဘက်မှ ပြန်လည် ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ နှစ်စဉ် ဒီဇင်ဘာလနှင့် ဧပြီလများတွင် ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်များအပြင် မြန်မာနိုင်ငံဘက်ရှိ နယ်စပ်ဒေသတစ်လျှောက်တွင် မီးခိုးမှိုင်းများနှင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပြီး နှစ်နိုင်ငံ အများပြည်သူတို့၏ ကျန်းမာရေးထိခိုက်စေရုံသာမက သွားလာလှုပ်ရှားမှုများတွင် အမြင်အာရုံကို ထိပါးစေခဲ့ကြောင်း သို့ပါ၍ အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်တို့အပြင် ၎င်းနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံဘက် နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြသူများအား တောမီးမရှို့စေရေးနှင့် တောမီးရှို့မှုတားဆီးရေး စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးသွားရေး၊ ကျယ်ပြန့်စွာ ပညာပေးဆော်သြပေးနိုင်ပါရန် မြန်မာဘက်သို့ ညှိနှိုင်းမေတ္တာရပ်ခံအပ်ပါကြောင်း ဆွေးနွေးတင်ပြသွားပါတယ်။

ဆက်လက်ပြီး တင်ပြရာမှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ခရီးသွားလာရေးနှင့် အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး အထောက်အကူဖြစ်စေရန်နှင့် ၂၀၁၅ခုနှစ် အာဆီယံ လူ့အဖွဲ့အစည်းသို့ ၀င်ရောက်ရေးကြိုတင်ပြင်ဆင်သည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်၍ နယ်မြေ(၂)ခု နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြိုဆိုပွဲ ကျင်းပမည်ဖြစ်ကြောင်း သို့ပါ၍ အဆိုပါ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အန္တရာယ်ကင်း အဆင်ပြေချောမွေ့မှုရရှိစေရေးအတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန်နှင့် ခရီးသွားဧည့်သည်များ အယောင်ဆောင်ဝင်ရောက်လာပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသဖြင့် လိုအပ်သလို စီမံချက်ချမှတ်စစ်ဆေးဆောင်ရွက်ပေးပါရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးတင်ချက်များမှာ ပြည်သူများအတွက် တကယ့်လိုအပ်ချက်များ ဖြစ်နေသည့်အပြင် မြန်မာဘက်မှတင်ပြသော အချက်အလက်များမှာလည်း တာချီလိတ်နေ ပြည်သူ လူထုများအတွက် အထူးလိုအပ်ဆုံးသော ကိစ္စရပ်များဖြစ်ပါတယ်။ 

တာချီလိတ်အွန်လိုင်းစာမျက်နှာ
Read more...

ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ဆောင်ရွက်ရန် ဖိတ်ခေါ်

0 comments
ဒီဇင်ဘာ(၄)

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် အတွက် အဆိုပြု လွှာများကို ခေါ်ယူ ထားကြောင်း
သိရသည်။

ခရီးသည်နှင့် ကုန်စည် ပို့ဆောင် ပေးလျက်ရှိသည့် ဌာနခွဲများ အနက် မြစ်ဝ ကျွန်းပေါ် ဌာနခွဲ များနှင့် ဧရာဝတီ ဌာနခွဲ နှစ်ခုတို့၏ လုပ်ငန်းများနှင့် ယင်းဌာနခွဲ များနှင့် ဆက်စပ်လျက် ရှိသော သင်္ဘောကျင်း များကို Management Contract စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက် လိုသူ အဖွဲ့အစည်း များကို ဖိတ်ခေါ် ထားပြီး အဆိုပြုလွှာ ပုံစံများကို ပြည်တွင်းရေ ကြောင်း ပို့ဆောင်ရေး ရုံးချုပ်တွင် လာရောက် ဝယ်ယူနိုင်ပြီး လာမည့် ဒီဇင်ဘာ ၆ ရက်တွင် နောက်ဆုံးထားပြီး အပြီး တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးသည် မြစ်တွင်းသွား ရေယာဉ်များဖြင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ဌာန လက်အောက်ရှိ သင်္ဘောကျင်း များမှ ရေယာဉ် ပြင်ဆင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အသေးစိတ် သိရှိ လိုပါက ဖုန်း-ဝ၁-၃၈ဝ၇၅၇ နှင့် ဝ၁-၃၈ဝ၇၅၃ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။



 Myanmar Express
Read more...

SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်

0 comments
ဒီဇင်ဘာ(၄)

သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြော သည်။



သျှမ်းပြည်တပ်မတော် SSPP/SSA“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို  ဦးတည် လာတယ်။  အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။
နိုဝင်ဘာလ၁၈ရက်နေ့က ကျောက်မဲမြို့နယ်  တော့ဆန်ဘက်၌လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် မိုင်းလုံ နှင့် ကျောက်မဲမြို့ ကြား အစိုးရတပ် စကခ ၁ လက်အောက်ခံ ပူးပေါင်းတပ်ရင်း အင်အား ၃၀၀ ခန့်က သျှမ်းပြည် တပ်မတော် SSPP/SSA ရှိရာတောင်ကုန်းတခုသို့လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက် ကျောက်မဲမြို့နယ် ခေးနင်း(မ်း)ကျေးရွာ တောတွင်းတနေရာ၌ လည်းကောင်း အစိုးရတပ်က ၀င်ရောက် တိုက်ခိုက်ခဲ့သည် ဟုလည်း ဆိုသည်။
“ကျနော်တို့က သွားတိုက်တဲ့သူမဟုတ်ဘူး။ ကျနော်တို့ နေရာကို သူတို့ကဘဲ လူထုကို ရိုက်နှက် စစ်ဆေး မေးမြန်းပြီး  လာလာတိုက်တယ်။ အများအားဖြင့် ကျနော်တို့က အားသာတဲ့နေရာမှာရှိတယ် ဆိုတော့သူတို့ ဘက်က   အထိနာတာပေါ့ဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ပြောသည်။
ရှေ့တန်းရောက်တပ်မှူးတဦးကလည်း နှစ်ဖက် တိုက်ပွဲများအတွင်း အစိုးရတပ်က ၆၀ မမ၊ ၈၀ ၊ ၈၁ မမ စသည့်လက်နက်ကြီးများ အသုံးများသော်လည်း မိမိတို့ဘက်မှ တပ်စခန်း နေရာများ အတည်တကျမထား သည့်အတွက် စိုးရိမ်မှုမရှိကြောင်း၊ မန္တလေး- လားရှိုးကားလမ်းမြောက်ဘက်ခြမ်းတွင်လည်း သျှမ်းပြည်တပ်မ တော်၏ တပ်မဟာ သုံးခုက တိုက်ခိုက်ရေး အင်အား ထောင်ကျော်ရှိသော အစိုးရ စစ်ကြောင်း နှင့်တိုက်ပွဲဖြစ် ပွား ခဲ့ရကြောင်း ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူမှု ရခဲ့သော်လည်း ယနေ့အထိ တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းတိုက်ပွဲများအားလုံး အစိုးရတပ်ဘက်မှ ရန်ရှာတိုက်ခိုက် ခြင်းသာဖြစ်ကြောင်း SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောဆိုသည်။

သျှမ်းသံတော်ဆင့်
Read more...

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိ

0 comments
ဒီဇင်ဘာ(၄)

U Aung Minn1 

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့  လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောသည်။
“ရဟတ်ယာဉ် ၂ စီးလာတယ်။ ဝေဟင်က အင်အားနဲ့ မြေပြင်ကလာတဲ့အင်အား စုစုပေါင်း ၅၀ လောက်ရှိမယ်။ မိုင်းလားကို မွန်းတည့်မှာ ရောက်တယ်။ ၃ နာရီမှာ ဆီလူးကိုသွားတယ်။ ဒီည ကျိုင်းတုံကို သွားအိပ်မယ်။ နက်ဖြန် ဝ ပြည်နယ်ကို သွားမယ်” ဟု မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဆိုသည်။
ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တတိယ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူ အပြင် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ ဟက်စကီးဖြင့် ရောက်ရှိကြောင်း၊ ကားဖြင့်လည်း လုံခြုံရေးအင်အား ၃၀ ကျော် ရောက်ရှိကြောင်း စုစုပေါင်းအင်အား ၅၀ ကျော် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်းလားအရာရှိများနှင့်နီးစပ်သည့် အခြားပုဂ္ဂိုလ်တဦးကလည်း “မွန်းတည့်မှာ မိုင်းလားကိုရောက်လာကြတယ်။ ၁ နာရီခွဲအထိ စကားပြောတယ်။ ပြီးရင်နေ့လည်စာစားကြတယ်။ နေ့ခင်း ၂ နာရီခွဲ မိုင်းလားမြို့မှာလည်ကြပတ်ကြတယ်။ ၃ နာရီမှ တပ်မဟာ ၃၆၉ ဆီလူးကိုသွားကြတယ်။” ဟု ပြောဆိုသည်။
မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဌကြီး ဦးစိုင်းလင်းမှအစ အကြီးအကဲများအားလုံး ပါဝင် တွေ့ဆုံခဲ့ကြကြောင်း၊ မိုင်းလားမြို့ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး တင်ပြချက်မှလွဲ၍ တခြားသောတောင်းဆိုမှု မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးအောင်မင်းက မိုင်းလားခရီးစဉ်မှာ မိမိ၏ ပထမဆုံးသောခရီးစဉ်ဖြစ်ပြီး ရင်းနှီးမှုတည်ဆောက် ရေးအတွက် ခရီးစဉ်ဖြစ်ကြောင်း၊ သဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ဖို့ တွေ့ဆုံပြောဆိုရာ၌ ထည့်သွင်း ပြောဆိုသွားကြောင်း သိရသည်။
ဦးသိန်းဇော်ကမူ - ဆွေးနွေးကြစဉ်က တင်ပြသော မိုင်းလား၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ် ဖြစ်ကြောင်း၊  မိုင်းလားမှ တင်ပြထားသော သစ်လုပ်ခွင့် တန်ချိန် ၁ သောင်းအတွက် လောလောဆယ် တန်ချိန် ၁ ထောင် လုပ်ရန် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ္တုတွင်း၊ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းစသည် တို့ကိုလည်း လုပ်ခွင့်ပေးကြောင်း သိရသည်။
စစ်ရေးနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အား ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းလုပ်သွားရန် ဦးသိန်းဇော်က တိုက်တွန်းခဲ့သည်ဟု ဆို၏။ လာမည့် လွှတ်တော်အစည်းအဝေး သို့လည်း မိုင်းလားဘက်မှ ကိုယ်စားလှယ်များအား လေ့လာ နိုင်ရန် ပို့ပေးစေ လိုကြောင်း ပြောခဲ့သည်ဟု နီးစပ်သူများကပြောဆိုသည်။
“ငွေက ကျပ်သိန်း ၆၀၀ ကျော် ပေးသွားတယ်။ ကျပ်သိန်း ၄၀၀ က လစာငွေ ၂ လစာ ပေါ့။  တလ ၂၀၀ သိန်းပေးမယ်လို့ ဆွေးနွေးပွဲမှာသဘောတူထားတာကိုး။ ကျန်တဲ့သိန်း ၂၀၀ က ဆန်ဖိုး  ၂ လစာ။ မြန်မာအစိုးရက ပေးသွားပါတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။   
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဦးအောင်မင်းသည်  ၀ တပ်ဖွဲ့ဒေသဖွံ့ဖြိုးရေး (ပန်ဆန်း -မန်းဆိုင်လမ်း တည်ဆောက်ရန်) လုပ်ငန်းအတွက် ကျပ်ငွေ သန်း ၄၀၀ ထောက်ပံ့ပေးရန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ပန်ဆန်းကသက်ဆိုင်ရာအရာရှိတွေရဲ့ အဆိုအရတော့ တစ်ကီလိုမီတာကို တရုတ်ငွေ ၂ သန်း  (မြန်မာငွေ ကျပ် သန်း ၂၇၀ ) ကုန်ကျတယ်လို့သိရပါတယ်” ဟုလည်း ဆိုသည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် နက်ဖြန်မနက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် အထူးဒေသ ၂ ၏ မြို့တော် ပန်ဆန်းသို့ သွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရသည်။
ဝ တပ်ဖွဲ့သည် ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးအဆင့်၊  အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအစရှိပါ သည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးသည်။ မိုင်းလားတပ်ဖွဲ့မှာမူ ယမန်နှစ် စက်တင်ဘာလ ၇  ရက် တွင် ပဏာမအဆင့်၊ အောက်တိုဘာလ ၉ ရက်တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ် နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

သျှမ်းသံတော်ဆင့်

Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here