
(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်
အခမ်းအနားအား နံနက် ၄ နာရီ မိနစ် ၂၀ မင်္ဂလာအချိန်တွင် လွှင့်တင်ခဲ့ပြီးနံနက် ၇အချိန်တွင် ပြည်ထောင်စု
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သ၀န်လွှာအားဖတ်ကြားဖတ်
ကြားခဲ့ကြောင်း သိရသည်။ '' မြန်မာပြည်သူများ၏တူညီ သောဆန္ဒသည်တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေ
ရဲ့ စည်းလုံးညီညွတ်ရေးနဲ့ တရားဥပဒေလေးစားလိုက်နာရေးတို့ဟာအရေးကြီးပါတယ်၊ဒါ့အပြင်လက်နက်ကိုင်
ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ဥမကွဲသိုက်မပျက် နေထိုင်နိုင်ဖို့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာလွန်စွာမှ အရေးကြီးပါတယ်'' ဟုဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းကသ၀ဏ်လွှာအားဖတ်
ကြားခဲ့သည်။ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န် ကြီးများနှင့် ဌာနဆိုင်ရာဝန်
ထမ်းများ၊NGO အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


eleven media group