လေးညှင်းကို ဟင်းလျာ တွေထဲမှာ ဟင်းခတ်
အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလေ့ ရှိပါတယ်။
စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေးညှင်းမှာ ထူးကဲတဲ့ အာဟာရ တန်ဖိုးနဲ့
ဆေးဖက်ဝင် အာနိသင်တို့ ရှိကြပါတယ်။
လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗို
ဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက်
ဒရိုကလိုရစ် အက်စစ် စတာတွေ အများအပြား ပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊
မဂ္ဂနိစ်နဲ့ အမျှင်ဓာတ် တို့လည်း ပါဝင် နေပါတယ်။
(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း
လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့်
အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက် တာလို ဝေဒနာ တွေကုသရာမှာ
အသုံးဝင် ပါတယ်။ လေးညှင်းဆီ ထဲကို ဝါဂွမ်း လုံးနှစ်ပြီး သွားကိုက်
တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး
ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက
ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့
လည်ချောင်းဖျန်း စပရေးစတာ တွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက
သွားဖုံးနာကျင် မှုကိုလည်း သက်သာ စေပါတယ်။
(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း
လေးညှင်းဆီမှာ ဖလေဗိုးနွိုက် ပမာဏ ပါဝင်မှု
မြင့်မားတာကြောင့် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။ ရနံ့
ကုထုံးသုံး သူတွေက အဆစ် ရောင်ရမ်းနာနဲ့ ရိုးဆစ် ရောင်ရမ်းမှု ဝေဒနာတွေကို
ကုသနိုင်ဖို့ လေးညှင်းဆီ အစစ်ကို သုံးကြပါတယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့
အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း
ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုးသတ်
အာနိသင် ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ် မှိုပိုးဝင်တာ၊ မီးပူ
လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို
သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား
စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာ ကြွက်သား တောင့်တင်းမှုကို
ပြေလျော့ စေတဲ့ အစွမ်းလည်း ရှိပါတယ်။
(၄) အစာကြေစေခြင်း
လေးညှင်းဟာ အစာခြေစနစ် ပြဿနာ များစွာကို
ထိထိ ရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊
ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊
အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာ စေပါတယ်။
(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း
လေးညှင်းဟာ အဆုတ် ကင်ဆာနဲ့ အရေပြား
ကင်ဆာတို့ကို ထိထိရောက်ရောက် ကာကွယ် နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။
လေးညှင်း မှာပါတဲ့ ယူဂျီနောဟာ အစာခြေ စနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့
ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။
(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေးတွေကို
သန့်စင် စေတာကြောင့် ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေကာ
ရောဂါမျိုးစုံကို တွန်းလှန် ပေးနိုင်ပါတယ်။
(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ
လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊
ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တွေကို ကုသရာမှာ
အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင်နှိမ်နင်း ဆေးအဖြစ် အသုံးဝင်ကာ
ခြင်တွေကို ၄-၅နာရီခန့် တွန်းလှန် ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်း
ဆီကို မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့
တိုင်ပင်ဖို့ လိုပါတယ်။