တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အဌမ အကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး နှင့် အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၂၀)ရက် နံနက်(၉)နာရီက ကျင်းပခဲ့ကြပါတယ်။
အဆိုပါအခမ်းအနား၌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဌတို့က အမှာစကားပြောကြားခြင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာများကို ဖတ်ကြားခဲ့ကြပါတယ်။
ဆက်လက်၍ ယခုပြန်လည်အသစ်ပြန်လည်ရွေးချယ်မည့် အလုပ်အမှုဆောင်အဖွဲ့သစ်အတွက် ယခင်အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နှုတ်ထွက်မည်ဖြစ်တာကြောင့် အစီအစဉ်အရ အလုပ်အမှုဆောင်အဖွဲ့နှုတ်ထွက်ခြင်းအစီအစဉ်ကို အခမ်းအနားမှူးမှ ဖတ်ကြားပြီးနောက် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်း အစီအစဉ်ကို စတင်ခဲ့ကြပါတယ်။
အလုပ်အမှုဆောင်အဖွဲ့အသစ် ရွေးချယ်ရန်အမည်စာရင်းများမှာ
၁။ ဦးမြင့်ဦးတို့ဖြစ်ကြပြီး အဆိုပါ(၁၅)ဦးထဲမှ (၅)ဦးကို ဥက္ကဌ၊ ဒု-ဥက္ကဌ(၁)၊ ဒု-ဥက္ကဌ(၂)၊ အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူး စသည့်တာဝန်များကို ခန့်အပ်ရန်အတွက် မဲစနစ်ပေး၍ ရွေးချယ်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
၂။ ဦးစိုင်းစိုင်း
၃။ ဦးဌေးအောင်
၎။ ဦးတင်နွယ်
၅။ ဦးဟန်ဦး
၆။ ဦးစိုင်းထွန်းလှိုင်
၇။ ဦးမြင့်ဆွေ
၈။ ဦးနေ၀င်း
၉။ ဦးထွန်းနေဦး
၁၀။ ဦးစိုင်းဝင်းအောင်
၁၁။ ဦးစိုင်းရီဖူး
၁၂။ ဦးဇော်ဇော်မြင့်
၁၃။ ဒေါ်နန်းစင်
၁၄။ ဒေါ်မြင့်မြင့်ချို
၁၅။ ဒေါ်စန်းစန်းဌေး(ခ) ဒေါ်အေးသင်း
အမည်စာရင်းပေးထားသော (၁၅)ဦးထဲမှ (၅)ဦးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြရာမှာ
ဥက္ကဌ အဖြစ် ဦးမြင့်ဦး ( မြင့်ဦးအောင် သတ္တုကုမ္ပဏီ )တို့ဖြစ်ကြပြီး ကျန်ရှိသည့် တာဝန်များအတွက် နောက်ပိုင်းတွင် သတ်မှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒု-ဥက္ကဌ(၁) အဖြစ် ဦးဌေးအောင် ( ရွှေနန်းတော်ကုန်တိုက် )
ဒု-ဥက္ကဌ(၂) အဖြစ် ဦးစိုင်းစိုင်း ( စိုင်းရွက်ကုမ္ပဏီ )
အတွင်းရေးမှူး အဖြစ် ဒေါ်နန်းစင် ( နေမင်းကုမ္ပဏီ )
တွဲဘက်အတွင်းရေးမှူး အဖြစ် ဦးမြင့်ဆွေ ( ရတနာဇေယျာသွင်းကုန်/ပို့ကုန် ကုမ္ပဏီ )
တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းကို (၂၉.၁.၁၉၉၂)နေ့စွဲပါ ကုမ္ပဏီများမှတ်ပုံတင်အမှတ်၊ ၄၁၀/၁၉၉၁-၉၂ဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသင်းတွင် အလုပ်အမှုဆောင်(၁၅)ဦး၊ အသင်းသားဦးရေ(၁၀၇)ဦး နှင့် ကုမ္ပဏီစုစုပေါင်း(၉၀)ဖြင့် ယနေ့ထိ ဖွဲ့စည်းထားကြောင်း သိရပါတယ်။
တာချီလိတ်