Tuesday, January 8, 2013

အီရန် ရေနံဓာတ်ငွေ့ အခွန် ထက်ဝက်နီးပါးကျ

0 comments



အီရန် နိုင်ငံရဲ့ ရေနံနဲ့ ဓာတ်ငွေ့ ကရတဲ့ အခွန်ပမာဏဟာ လွန်ခဲ့တဲ့ ၉ လနိုင်ငံတကာ ပိတ်ဆို့မှုကြောင့် ရေနံ
အတွင်း ၄၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ ဝါရင့် အီရန် လွှတ်တော် အမတ်တဦးက ပြောကြား လိုက်ပါ
တယ်။အရောင်းကျ
Gholam Reza Kateb ဦးဆောင်တဲ့ လွှတ်တော် ဘက်ဂျက် ကော်မတီက ဒီလို ဝန်ခံ ပြောကြား လိုက်ခြင်းဟာ အီရန် အဏုမြူ စီမံကိန်းကို နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေရဲ့ ထိခိုက်မှု ပမာဏကို ရှားရှားပါးပါး ဝန်ခံ လိုက်တာပဲ ဖြစ်ပါတယ်။
အီရန်က အဏုမြူ လက်နက်ထုတ်ဖို့ လုံးပန်း နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ယူမှတ် ထားကြ
 ပါတယ်။ပြီးခဲ့တဲ့ လပိုင်းမှာပဲ အီရန် ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာတာ တွေ့ရပြီးစီးပွားရေး ယိမ်းယိုင်
လာတာကို မကိုင်တွယ် နိုင်တဲ့အတွက် အီရန် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါတယ်။
အီရန် ရေနံ ဝန်ကြီး ဌာနကို အကြွေးတင်နေလို့ အစိုးရက ဓာတ်ဆီ မပေးတဲ့အတွက်မနေ့ကအီရန်
လေကြောင်းလိုင်း ခရီးစဉ်တွေ အများစုကို ဖျက်သိမ်း ထားပါတယ်။
အီရန် ပုဂ္ဂလိက လေကြောင်းတွေက ဒေါ်လာသန်း ၁၅ဝ လောက် အစိုးရကို ပေးစရာ ရှိတယ်လို့သိရပါတယ်
။နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုကြောင့်အီရန်မှာ လောင်စာဆီ ဈေးတွေထိုးတက်သွားပြီး လေကြောင်း
လိုင်းတွေကတော့ ဆီဖိုး မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
MJ


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here