
ဇန်န၀ါရီ(၂၁)
မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ်
ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။
ပက်ဂျွန်ဟေး သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် တွေ့ဆုံ
ဖွယ်ရှိကြောင်း တောင်ကိုရီးယား အရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်း
ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌
ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။
7 Day Journal