Thursday, January 3, 2013

တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းကျောင်းတွင် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကျင်းပပြုလုပ်

0 comments

ဇန်န၀ါရီလ  ၃

တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းကျောင်းတွင် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့
အကြိုဟောပြောပွဲကို (၂.၁.၂၀၁၃)ရက်နေ့ နံနက်(၉း၀၀)နာရီမှာ  ဝှေလေလန်(မူလွန်)ကျောင်း၏ ဇာတိမာန်
ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။



အခမ်းအနားမှူးအဖြစ် အလယ်တန်းပြဆရာမ ဒေါ်ဥမ္မာလှိုင်က ဆောင်ရွက်ကာ မှတ်တမ်းတင်သူအဖြစ်မူ
လတန်းပြဆရာမ ဒေါ်ရီရီဝင်းက တာဝန်ယူဆောင်ရွက်ကြပြီး ဓာတ်ပုံမှတ်တမ်းတင်အဖြစ်ဆရာမ ဒေါ်ခင်ငြိမ်း
ဖြူက တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ ကျောင်း
သားကျောင်းသူများစုစုပေါင်း (၁၈၀)ဦးတက်ရောက်ခဲ့တာကို တွေ့ရှိရပြီး အခမ်းအနားအစီအစဉ်များအနေ
ဖြင့် ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ခံကျောင်းအုပ် ဒေါ်မိုးဝါက လွတ်လပ်ရေးနေ့အကြို လိုက်နာမှတ်သားဖွယ်ရာများကို  ဟောပြောပါတယ်။


ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်၊ မြို့နယ်စာရေးဆရာအသင်းအလုပ်အမှုဆောင်၊ ကျောင်းအုပ်
ဆရာကြီးဦးမြင့်ဝင်းလှက ကွန်ပျူတာအသုံးပြု၍ ခေတ်အဆက်ဆက်မြန်မာ့သမိုင်းဝင် မြေပုံများ၊ ပန်းချီကား
များ၊ ဓာတ်ပုံများကိုမြန်မာဘုရင်များ၊ ရှေးခေတ်မြန်မာ့အင်ပါယာကြီးများ၊ မြန်မာသယံဇာတကြွယ်ဝပုံနှင့် ဘာသာသာသနာထွန်းကားမှုများ၊ ပဒေသရာဇ်၏ဆိုးကျိုးနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ပုံ သမိုင်းဝင်မှတ်တမ်း
ဓာတ်ပုံနှင့် ပန်းချီကားများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရှေးခေတ်မှယနေ့အထိ
 မြန်မာနိုင်ငံတွင်အသုံးပြုခဲ့သောအလံများ လက်ရှိဒီမိုကရေစီစနစ်ဖြင့်ကြိုးပမ်းချီတက်နေပုံများကိုအဆင့်
ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး ယခုကဲ့သို့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးရေးကိုဦးတည်နေသော လွတ်လပ်
သည့်ကာလတွင် နိုင်ငံအကျိုးအတွက်အုတ်တချပ်သဲတစ်ပွင့်အဖြစ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး

အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းသော ကျောင်းသားများအဖြစ် ကြိုးစားဆောင်ရွက်ကြရန်
စိတ်ဝင်စားမှုပိုမိုရှိစေရန်  ရည်ရွယ်လျက် ဟောပြောခဲ့ပါကြပါတယ်။


၎င်းအစီအစဉ်အပြီးတွင် ဟောပြောခဲ့သည့် အကြောင်းအရာများထဲမှ သိမြင်မှတ်သားထိုက်သည့် အကြောင်း
အချက်(၁၀)ချက်ကို မေးခွန်းများ မေး၍ ဖြေဆိုနိုင်သူများအား ဆုများတပါတည်းချီးမြှင့်ခဲ့ပြီးအခမ်းအနား
 ပြီးမြောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများပြုစုထားသော လွတ်လပ်
ရေးကြိုးပမ်းမှုသမိုင်း နံရံကပ်စာစောင်ကိုလည်း ပြသခဲ့ကြောင်း သိရှိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here