![]() |
![]() |
![]() လှူဒါန်းခဲ့သည့် Johkasou ရေဆိုးသန့်စက်အား တွေ့ရစဉ်
ဂျပန်နိုင်ငံရှိ Kubota Johkasou ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ
ဝမင်းကုမ္ပဏီများအုပ်စုတို့ ပူးပေါင်း၍ မြန်မာပြည်တွင် ပထမဆုံးသော
မိလ္လာရေဆိုး သန့်စင်စက်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်မြို့တော်
စည်ပင်သာယာ ၀န်ထမ်းသင်တန်းကျောင်းအတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်
ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
အဆိုပါ ရေဆိုးသန့်စင်စက်ရုံမှာ လက်ရှိ မြန်မာပြည်တွင်
အသုံးမပြုနိုင်သေးသော ဂျပန်နိုင်ငံလုပ် ရေဆိုးသန့်စင်စက်ဖြစ်ပြီး
ယခုလှူဒါန်းခဲ့သောစက်မှာ နှစ်ပေါင်း ၃၀ ခန့်အထိ အသုံးပြုနိုင်ပြီး လူအယောက်
၁၀၀ စာအတွက် အသုံးပြုနိုင်သည်ဟု သိရသည်။ အဆိုပါ
ရေဆိုးသန့်စင်စက်တန်ဖိုးမှာ အထူးထုတ်လုပ်ထားသော စက်ဖြစ်၍ အမေရိကန်ဒေါ်လာ
၃၀၀၀၀ ကျော် တန်ဖိုးရှိသည်ဟု သိရသည်။
ရေဆိုးသန့်စက် လှူဒါန်းမှုနှင့် ပတ်သက်၍ "ဂျပန်နိုင်ငံမှာက အရင်က
မိလ္လာရေဆိုးစနစ်နဲ့ ပတ်သက်ပြီး ကျပ်တည်ခဲ့တဲ့အတွက် ဂျပန်အစိုးရက ဒီ
Johkasou ရေဆိုးသန့်စင်စနစ်ကို သုံးရင်ကောင်းမယ်လို့ ချမှတ်ခဲ့တယ်။
အဲဒီအချိန်ကနေစပြီး ဂျပန်မှာ ရေဆိုးသန့်စင်မှုနဲ့ ပတ်သက်ပြီး အဲဒီစနစ်ကို
သုံးစွဲခဲ့ပြီး ပတ်ဝန်းကျင်ကို သန့်စင်စေခဲ့ပါတယ်။ အဲဒီမှာပဲ ကျွန်တော်တို့
ညီအစ်ကို အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ဖြန့်ဖြူးပေးဖို့ လိုလားခဲ့တယ်။
ပထမဆုံးအကြိမ် ရန်ကုန်ကိုရောက်တဲ့အခါ မြို့တော်စည်ပင်ကို ဆက်သွယ်ပြီး
ရန်ကုန်ရဲ့ ရေဆိုးသန့်စင်မှု အခြေအနေကို လိုက်လံကြည့်ရှုခဲ့လို့ အခြေအနေကို
သိခဲ့ရတယ်။ အဲဒီအခါမှာ ဒီ Johkasou စနစ်ကို သုံးရင်ကောင်းမယ်လို့
စဉ်းစားခဲ့ပါတယ်။ အဲဒီမှာ ဒီစနစ်နဲ့စက်ကို ရန်ကုန်မြို့တော်ဝန်ဆီကို
လက်ဆောင်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ဂျပန်နိုင်ငံ Kubota
Johkasou ကုမ္ပဏီဥက္ကဋ္ဌ Mr. Yorazu က ပြောကြားခဲ့သည်။
အဆိုပါ ရေဆိုးသန့်စင်စနစ်မှာ ဒုတ်မဟုတ်သော စက္ကူစသည်တို့ ပါဝင်လျှင်လည်း
ရသည့် မိလ္လာရေဆိုးအားလုံးကို ကန်ထဲအားစုပ်ယူသည့် စနစ်ဖြစ်ပြီး ကန်ထဲတွင်
ပိုးမွှေးမြူသည့် စနစ်ရှိသောကြောင့် အဆိုပါမိုးများက မိလ္လာရေများကို
ချေဖျက်စားကာ နောက်ဆုံးရေကြည်အဖြစ် ပြန်လည်ထွက်ရှိလာမည် ဖြစ်သည်။
အဆိုပါရေကြည်မှာ အနံ့လုံးဝမရှိတော့ဘဲ ၎င်းရေကို အိမ်သာရေ၊
သစ်ပင်ရေလောင်းခြင်းတို့အတွက် အသုံးပြုနိုင်သည်ဟု သိရသည်။
"ဒီစနစ်က လုံးချင်းအိမ်၊ ကွန်ဒိုတွေမှာ သုံးစွဲနိုင်မှာဖြစ်ပြီး
မိလ္လရေဆိုးကန် ပြည့်သွားလို့ စည်ပင်သာယာကားခေါ်ပြီး မိလ္လာရေစုပ်စရာ
မလိုတော့ဘူး။ အဓိကတော့ အိမ်သာဆိုတာ ညစ်ပတ်တဲ့နေရာ မဖြစ်စေဘဲ
သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဒီလိုရန်ကုန်မြို့တော် စည်ပင်ကို
လှူဒါန်းဖြစ်တာပါ။ ဆက်လက်ပြီး မန္တလေးမြို့ကို လှူဖို့လည်း ရှိပါတယ်" ဟု
ဝမင်းကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးမြင့်ဝေက ပြောကြားခဲ့သည်။
eleven
|