Monday, February 18, 2013

2014 သန်းခေါင်စာရင်း လာမည့်လအတွင်း စမ်းသပ်ကောက်ခံမည်- လွှတ်တော်အမတ်ပြော

0 comments
ဖေဖော်ဝါရီ(၁၈)

ကုလသမဂ္ဂနှင့်သဘောတူညီမှုရထားသည့်အတိုင်း ၂၀၁၅ မတိုင်မီ သန်းခေါင်စာရင်းများအစစ်အမှန် ကိုကောက်ယူ မည်ဖြစ်ရာ ရှေ့လ မတ်လ ၂၉ တွင် စမ်းသပ်သန်းခေါင်စာရင်းကိုလည်းကောင်း၊ လာမည့်နှစ်မတ်လ ၂၉ ရက် ၂၀၁၄ တွင် သန်းခေါင်စာရင်းအစစ်အမှန်ကိုလည်းကောင်း ကောက်ယူသွားမည်ဟု  လွှတ်တော်အမတ်များအသိုင်း အဝိုင်းကပြောပါသည်။
Nang War Nu
ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနု ( Photo: facebook)

2014 ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် မိမိနာမည်မပါခဲ့ပါက နိုင်ငံမဲ့လူမျိုးဖြစ်သွားမည်ကိုစိုးရိမ်သဖြင့် အမျိုးသားရေးအတွက် အချိန်အနည်းငယ်ပေးကာမိမိနေရပ်သို့ ခေတ္တပြန်လာသင့်ကြောင်း ကျားဖြူပါတီ ပြည်သူ့လွှတ်တော် အမတ်က ပြောပါသည်။

“ လာမယ့်မတ်လထဲမှာ စမ်းသပ် သန်းခေါင်စာရင်းကောက်မယ်။အဲ့ချိန်ကျရင်တော့ လူမလာလဲရတယ်။ ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့လူတွေကိုပြောထားဖို့မမေ့ပါနဲ့။သန်းခေါင်စာရင်းကောက်ရင်မိသားစုဝင်နာမည်ကုန်ပါအောင်ထည့်ထားပေးဖို့ပေါ့။ ထိုင်းရောက်နေသူဘယ်နှစ်ယောက် တရုတ်ကိုရောက်နေသူဘယ်နှစ်ယောက်အစရှိသဖြင့်ပေါ့။  နောက် နှစ် ၂၀၁၄ မတ်လကျရင် တော့ တကယ့်သန်းခေါင်စာရင်းဆင်းကောက်တဲ့ချိန်ရောက်ရင် လူမလာလို့ မရတော့ဘူး”  - ဟု သျှမ်းပြည်မြောက်ပိုင်းကွန်ဟိန်းမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုကပြောပါသည်။

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ကလွှတ်တော်အတွင်း ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေး ရာနှင့် အခြားကိစ္စရပ်များစောင့်ကြည့်လေ့လာရေးကော်မရှင်၊လဝက ၀န်ကြီးများနှင့်အတူ သန်းခေါင်စာရင်း ဥပဒေ မူကြမ်းနှင့် ပတ်သက်သည်များကိုဆွေးနွေးရာတွင်  နန်းဝါနုက   ပြည်ပရောက် သျှမ်းပြည်သားများအား သန်းခေါင် စာရင်း ပေးပိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း ပြောပါသည်။

“ စမ်းသပ်သန်းခေါင်စာရင်းကောက်ဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလဲမြို့နယ်တချို့ရွေးထားတယ်။ သျှမ်း ပြည် မြောက်ပိုင်းမှာ မူဆယ်ပေါ့။ တောင်ပိုင်းမှာညောင်ရွှေနဲ့အရှေ့ပိုင်းမှာ တာချီလိတ် လို့နာမည်စာရင်းမှာပါပါတယ်။ နိုင်ငံခြားရောက်တဲ့ ဒုက္ခသည်တွေအတွက် သန်းခေါင်စာရင်းကောက် ရင် ၂ မျိုးရှိမယ် ။ ပထမတခုက တရားဝင်ထွက် သွားတဲ့လူတွေကို သံရုံးကနေစာရင်းကောက်မယ်။ စာရင်းကိုတိတိကျကျရနိုင်မယ် ။ တရားမဝင်ထွက်တဲ့ လူတွေကို ကျတော့   ဥပမာထိုင်းရောက်နေတဲ့လူတွေအတွက် ထိုင်းနိုင်ငံ ရဲ-စစ်တပ်အာဏာပိုင်တွေနဲ့အတူ ဟိုမှာရှိနေတဲ့ လူမှု အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းလက်တွဲပြီး ကောက်သွားမယ်ပြောတယ်။ ဒါပေမယ့်မြန်မာနိုင်ငံထဲကလို တိတိ ကျကျနဲ့ အကုန်လုံး ရနိုင်မှာမဟုတ်ဘူးတဲ့။ ဒါကြောင့်ဖြစ်နိုင်ရင်မြန်မာနိုင်ငံကို ခဏဖြစ်ဖြစ်ပြန်လာကြ စေချင်တယ်တဲ့။ စာရင်းပေးပြီးရင် ထိုင်းကိုအလုပ်ပြန်သွားလုပ်လဲရတယ်တဲ့ ” - ဟု လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် ကဖြေကြား ပေးကြောင်း နန်းဝါနုကဆိုပါသည်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ထိုင်းရောက်သျှမ်းများအနေဖြင့် မိမိဇာတိမြို့ရွာသို့ပြန်မလာနိုင်သည့်တိုင် သျှမ်းပြည်တွင်းတမြို့မြို့သို့ရောက်နိုင်အောင်ကြိုးစားကြစေလိုကြောင်း၊မိမိဇာတိနှင့်ပတ်သက်သည့်မေးခွန်းအနည်း ငယ်ကိုအာဏာပိုင်များမေးမြန်းမည်ဖြစ်ရာ သိရှိဖြေဆိုနိုင်ပါက မိမိသန်းခေါင်စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း နန်းဝါနု ကရှင်းပြသည်။

ထို့ကြောင့် ထိုင်းရောက်သျှမ်းပြည်သားများအား နန်းဝါနုက ဤကဲ့သို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

“ရခိုင်အရေးကို ဥပမာယူပြီးတော့သတိထားသင့်ပါတယ်။  ကျမတို့သျှမ်းလူမျိုးတွေက အိမ်နီးချင်းနိုင်ငံဆီကို ထွက် ပြေးခိုလှုံတာ အရမ်းများနေပြီ။  ဟိုနိုင်ငံတွေကလဲ ကျမတို့ကိုနိုင်ငံသား မပေးဘူး။ မသတ်မှတ်ဘူး။   အခုကျမတို့ သျှမ်းပြည်ထဲကို တခြားက ဧည့်သည်တွေဝင်လာပြီးလာနေထိုင်ကြတာ အရမ်းများနေပါပြီ။ တကယ်လို့  ထိုင်းရောက် နေတဲ့သူတွေ ပြည်တွင်းထဲကို ပြန်လာမယ် ဆိုရင်လဲ သန်းခေါင်စာရင်းမရှိ ရင် သျှမ်းတွေဟာ  စာရင်းပျောက်တွေ အများကြီးဖြစ်လာနိုင်တယ်။ နိုင်ငံမဲ့ဖြစ်သွားကြမှာ။ နိုင်ငံရှုံးမယ်။လူမျိုးရေးမှာရှုံးမယ်။ အမျိုးသားရေးမှာ ဆုံးရှုံးပါ မယ်။ လူ့အခွင့်အရေးဆုံးရှုံးပါမယ်။ ကျမအလွန်စိုးရိမ်မိပါ တယ်။ ဆိုတော့သန်းခေါင်စားရင်ကောက်မယ့် ၂၀၁၄ မှာ အမျိုးသားရေးအတွက် နဲနဲလောက် အပင် ပန်းခံ အချိန်ပေးပြီး တော့ စာရင်းလာပေးကြပါလို့တိုက်တွန်းချင်ပါတယ်” 

၂၀၁၂ ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရောက် ရှိစဉ်   ၂၀၁၄ ကစပြီး မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနှင့် အညီကွင်းဆင်းကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီက ပြောပြီး ကတိပြုစာချုပ်တွင် လက်မှတ် ရေးထိုး ခဲ့သည်။


သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here