Thursday, February 21, 2013

နိုင်ငံသားအဖြစ် အပြည့်အဝ မခံယူထိုက်သူများက ရယူထားသော မှတ်ပုံတင်တွေ ပြန်သိမ်းတော့မည်

0 comments


 
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို နိုင်ငံသား အဖြစ်အပြည့်အဝ မခံယူထိုက်သူများက ရယူထားမှုများ ရှိနေသဖြင့် ပြန်လည် စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက၁၃-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၏ ဆိုလိုရင်းအရ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နိုင်ငံခြားသားများက ၁၉၈၂ ဥပဒေပါ အချက်များကိုကျော် လွန်ကာ အခကြေးငွေ ပေးပြီးနိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ခဲ့မှုများ ရှိသဖြင့် ယင်းတို့ကို စစ်ဆေးတော့မည့် သဘောမျိုးဖြစ်သည်ဟု သိရသည်။

“လဝကရဲ့ ကတ်တွေ အကျုံးဝင်မဝင် ပြန်စစ်နေတယ်။ အကျုံးမဝင်ရင် ပြန်သိမ်းမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကဆိုသည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ မျိုးဆက်များစွာ ကျန်ရှိနေခဲ့ပြီး နိုင်ငံခြားသားအချို့သည် မြန်မာနိုင်ငံသား၊ အမျိုးသမီးများနှင့် အတည်တကျ ပေါင်းသင်း ဆက်ဆံကာ မိသားစု ထူထောင် ထားကြသော်လည်း တရား ဝင်နိုင်ငံ သားဖြစ်ခွင့် မရှိခဲ့ကြကြောင်း သိရသည်။

“လဝကရဲ့၁၉၈၂ ဥပဒေအရမှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုး သမီးတစ်ယောက်ရဲ့
သားဟာ နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ တတိယ မျိုးဆက် ဖြစ်တဲ့ မြေးဖြစ်သူသာလျှင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရမှာပါ”ဟုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားသည်။

အချို့သော တောဒေသနှင့် မြို့များတွင် နိုင်ငံသားဖြစ်ခွင့် မရကြသေးသူများက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ကာ မှတ်ပုံတင်ပြုလုပ် ရရှိနေကြကြောင်း၊ အချို့မှာ မှတ်ပုံတင်အတုပင်လျှင် ကိုင်ဆောင် သုံးစွဲနေမှုများ ရှိကြောင်း၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါ သည်။

သတင်းရင်းမြစ် - ဗမာ့ သား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here