Tuesday, February 19, 2013

ပုခုံး နဲ့ ထမ်းခေါင်းနဲ့ရွက်၍ လုပ်ကိုင်သွားမည်ဟုဆိုလာသူ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်

0 comments



သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်  သည် ဖေဖော်ဝါရီလ၁၇ရက် နေ့လည်(၂း၃၀)အချိန်
တွင် ဧရာ ၀တီတိုင်းဒေသကြီး၊မော်လမြိုင် ကျွန်းမြို့သို့ရောက်ရှိလာပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး  ခန်းမတွင်မြို့မိမြို့ဖများ၊ဌာနဆိုင်ရာများ၊ပါတီများအသင်းအဖွဲ့များ နှင့်တွေ့ဆုံခဲ့ကြောင်းသတင်းရရှိ သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှပြောကြားရာတွင် ၎င်းသည် ဧရာဝတီတိုင်းသားဖြစ် ကြောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်မှပြည်ထောင်စုဝန်ကြီးတာဝန်    အပ်နှင်းရာ ၎င်းက တိုင်းလွှတ်တော်     ဥက္ကဋ္ဌဘဲလုပ်ပါရစေဟုပြောကြား   သော်လည်း နိုင်ငံတော်အကြီးအကဲ  များမှ ၎င်းနှင့်သာသနာရေးဝန်ကြီး    သင့်တော်၍ ဖေဖော်ဝါရီလ ၅ရက် တွင် ခန့်အပ်၍ ၁၄ရက်တွင် နေ ပြည်တော်တွင်ကျမ်းသစ္စာပြုလုပ် ပြီးတာဝန်ယူဆောင်ရွက်နေမှုကို  အကျယ်တ၀င့်ပြောကြားသွားပါ သည်။
ပြည်ထောင်စုဝန်ကြီးဦး ဆန်းဆင့်မှဆက်လက်ပြောကြား ရာတွင် တိုင်းအတွင်းက မိဘ ပြည်သူညီအစ်ကိုမောင်နှမများ ဥပဒေဘောင်အတွင်းက လုပ်ကိုင်      နေထိုင်ရန်နှင့်ဥပဒေမဲ့လုပ်ရပ်များ    မပြုလုပ်ရန်အထူးမှာကြားလို ကြောင်း၊ပြည်ထောင်စုဝန်ကြီး တာဝန်ဆောင်ရွက်လျက်ရှိသော် လည်း ကိုယ့်တိုင်းဒေသကြီး၏ လုပ်ငန်းများကိုပစ်မထားဘဲ ကိုယ် စွမ်းဥာဏ်စွမ်းတတ်နိုင်သလောက်  ပုခုံနဲ့ထမ်းပြီး ဦးခေါင်းနဲ့ရွက်၍ ကူညီလုပ်ကိုင်သွားမည်ဖြစ်ကြောင်း     ပြောကြားခဲ့ပါသည်။
ထိုမှတစ်ဆင့်ဝန်ကြီးနှင့်အဖွဲ့ သည် မော်လမြိုင်ကျွန်းမြို့ ၄ရပ် ကွက် ၁၀လမ်းကိုယ့်အားကိုယ်ကိုး     ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်း အနားသို့သွားရောက်ပြီး လမ်းဖြစ် မြောက်ရေးကော်မတီများ လမ်း သူ/လမ်းသားများအား ယခုလို ညီညီညွတ်ညွတ်ပြုလုပ်ဆောင် ရွက်ခြင်းနှင့်လမ်းကောင်းသွားခြင်း ကြောင့် နတ်လူသာဓုခေါ်ပြီး တမလွန်တွင် ကောင်းရာသုကတိ   ဘုံဘ၀သို့ရောက်ရှိနိုင်ကြောင်း ပြောကြား၍ လမ်းသူ/သားများ အား ရင်းရင်းနှီးနှီးနွေးထွေးစွာလိုက် လံနှုတ်ဆက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက်မော်လမြိုင်ကျွန်း မြို့ပေါ်ရှိ ပစ်္ဆိမာရုံကျောင်းတိုက် ဆရာတောကိုသွားရောက်ဖူးမျှော် ခဲ့ကြောင်းသိရသည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here