ကျိုင်းတုံမြို့ စွံဆပ်ကုန်း၊ ခေမာဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ထည်ထားကိုးကွယ်ထားလျှက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီးဖြစ်တဲ့ ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော် ရေစက်ချပွဲ နှင့် အထူးတရားပွဲကို ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက် အင်္ဂါနေ့ နံနက်(၆)နာရီမှာ ခေမာဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ရေစက်ချမင်္ဂလာကို ပြုလုပ်မှာဖြစ်ပြီး အထူးတရားပွဲကိုတော့ ၁၈.၂.၂၀၁၃ မှ ၂၁.၂.၂၀၁၃ထိ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးတရားပွဲသို့ တိပိဋပဓရ ဆရာတော်ကြီး သုံးပါးမှ လာရောက်တရားဟောကြားမှာဖြစ်ကြောင်းသိရပါတယ်။
ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ပူဇော်ပွဲ (ဒုတိယအကြိမ်မြောက်)အဖြစ် ပြီးခဲ့သော ဇန်န၀ါရီ(၂၉)ရက်နေ့က တာချီလိတ်မြို့မှာ အထူးတရားပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်တုတော်ကို တာချီလိတ်ရွှေတိဂုံကုန်းတော်ပေါ်မှာ ဦးစွာ တည်ထားကိုးကွယ်တာဖြစ်ပြီး ဒုတိယအနေဖြင့် ကျိုင်းတုံမြို့မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ ဆက်လက်ပြီး မိုင်းဖြတ်၊ တာလေမှာလည်း ရုပ်တုတော်ကို တည်ထားကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းသိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ