Monday, February 4, 2013

ကျိုင်းတုံနည်းပညာတက္ကသိုလ်ရှေ့အုတ်စက်မှ ကျောက်မီးသွေးညှော်နံ့ကို မခံစားနိုင်တော့လို့ပါ

0 comments
ဖေဖော်ဝါရီ(၄)


ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်  နှင့် ၅ မိုင်တိတိအကွာအဝေး၌ တည်ရှိသည့်နည်းပညာတက္ကသိုလ်  (ကျိုင်းတုံ) ၏ ရှေ့တည့်တည့်ရှိ ကျိုင်းတုံ လွယ်မွေကားလမ်းမတစ် ဘက်တွင် “ငွေတောင်တန်း” အမည် ရှိအုတ်စက်ရှိပါသည်။
အဆိုပါအုတ်စက်၏ဘေးတွင် မိုင်းလပ်ကျေးရွာအုပ်စု၊ မိုင်းလပ် ကျေးရွာ၊ အခြေခံပညာမူလတန်း  ကျောင်းစစ်မှုထမ်းဟောင်းများ နေထိုင်ကြသည့် “ပြည်ငြိမ်းအေး” အိမ်ရာတို့တည်ရှိနေကြပါသည်။
“ငွေတောင်တန်း” အုတ်စက် မှာ နှစ်ပေါင်းကာလကြာရှည်စွာ မှပင် အုတ်များကို စက်ဖြင့် ထုတ် လုပ်လျက်ရှိပြီး၊ အုတ်စိမ်းများကို မီးဖုတ်ရာတွင် ကျောက်မီးသွေးကို  လောင်စာအဖြစ်သုံးစွဲခြင်း   ကြောင့် ကျောက်မီးသွေးလောင်  စာမီးခိုးလုံးများမှာ ကောင်းကင်  ပြင်ကြီးတစ်ခုလုံးအားမည်မှောင် အုံမှိုင်းစေကာကျောက်မီးသွေးမီး ခိုး၏ အညှော်နံ့များမှာ ပတ်ဝန်း ကျင်သို့ပျံ့လွင့်လျက်ရှိနေပါသဖြင့် နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) နှင့် ၀မ်မိုင် အ.မ.က မှ ကျောင်း  အုပ်ကြီးအပါအ၀င်ဆရာ၊ ဆရာမ များဝန်ထမ်းများ မိသားစုဝင်များ၊  တက္ကသိုလ်ကျောင်းသား၊ ကျောင်း   သူများနှင့် အလွန်နုနယ်သေးသည့်  မူလတန်းအဆင့်ကျောင်းသားကျောင်း သူကလေးများ၊ ကျေးရွာသူကျေး ရွာသားများ၊ စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များအနေဖြင့်  ကျောက်မီးသွေးမီးခိုးအညှော်နံ့ကို  နှစ်ပေါင်းကာလကြာမြင့်စွာနေ့စဉ်  ရှူရှိုက်နေကြပါသောကြောင့် ရေရှည်တွင် ကျန်းမာရေးဆိုးဆိုး ၀ါးဝါးတွေ့ကြုံခံစားကြရာ အထူးပင်စိုးရိမ်ပူပန်ကြောက်ရွံ့မှု များဖြင့် စိတ်မချမ်းမသာဖြစ်လျက်  ရှိနေကြပါသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလက နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ကျောင်းအုပ်ကြီးနှင့် မိုးလပ် အ.မ.က ကျောင်းအုပ်ကြီးတို့က  ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တရားဝင်အကြောင်းကြားတင်ပြစာ များကို ပေးပို့ထားခဲ့ကြကြောင်း သိရပါသည်။
သို့သော်အခြေအနေမှာ ထူးခြားမှုတစ်စုံတစ်ရာမရှိပါသဖြင့်   “ငွေတောင်တန်း” အုတ်စက်ကိစ္စကို  သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်  များက သိရှိသွားနိုင်ရေးနှင့် လိုအပ်  သလိုဆက်လက်အရေးယူဆောင် ရွက်ပေးနိုင်ရေးအတွက်ံHot News ဂျာနယ်မှာ တစ်ဆင့်ရေး သားပေးပို့တင်ပြအပ်ပါသည်။

The Hot News Weekly Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here