Monday, February 4, 2013

အစိုးရ နှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးနေပြီ

0 comments
ဖေဖော်ဝါရီ(၄)
Photo: အစိုးရ နှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးနေပြီ 

4.2.2013

 ဦးအောင်မင်းဦးဆောင်သောငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကေအိုင်အို
၊ကေအိုင်အေမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံရွှေလီမြို့တွင် ယနေ့
နံနက်မှ စတင်ကာငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးေ နကြပြီဖြစ်သည်။
ကချင်ပြည်နယ်က  ပြည်သူများ၊ တနိုင် တပိုင် စီးပွားရေး လုပ်ငန်းသူများမှ အစ  စီးပွားရေး လုပ်ငန်းရှင်ကြီးများအထိ အစိုးရ အနေဖြင့် ကေအိုင်အေ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင်  အောက်ပါအချက်များကိုထည့်သွင်း ဆွေးနွေးရန်
 လိုလားနေကြောင်းသိရပါသည်၊
၁။ ဒုက္ခသည်စခန်းရှိ ပြည်သူများ မိမိ နေအိမ်များ သို့ အမြန်ဆုံး ပြန်နိုင်ရေး
 ကေအိုင်အေ မှ ကူညီ ရန်
၂။ကေအိုင်အေ အနေဖြင့် အကြောင်းအမျိုးမျိုးပြ  ဆက်ကြေး ကောက်ခံမှု့ကို 
ရပ်တန့်ပေးရန် နှင့်  အစိုးရ နှင့် သဘောတူမှ သာ  တရားဝင်အခွန်ကောက်ရန်
၃။  အတင်းဓမ္မ လူသစ်စုဆောင်းခံထားရသော၊ ကချင်၊ ဗမာ ၊ နှင့် ရှမ်း လူငယ် အမျိုးသား အထူးသဖြင့် အမျိုးသမီးငယ်များကို မိဘတွေ ပြန်ခေါ်ပါက ပြန်လွှတ်ပေးရန် နှင့် နောက်ထပ်  အတင်းဓမ္မ လူသစ် မစုဆောင်းရန်
၎။ကချင်ပြည်နယ် ရှိ လူငယ် လူရွယ်များ မူးယစ်ဆေး သုံးစွဲမှု့များပြားနေသဖြင့်
 ကေအိုင်အေ မှ မူးယစ်ဆေးဝါးထုတ်လုပ်နေသူများနှင့် ဆက်လက်မပတ်သတ်
ဘဲ အစိုးရ နှင့် ပူးပေါင်းပြီး နှိမ်နှင်းပေးပါရန် တို့ ဖြစ်ပါသည်။
မြန်မာ့သားကောင်း

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here