Monday, February 4, 2013

ပရိသတ်များ မဲပေးသည့် အင်္ဂလန်၏ တစ်နှစ်တာ အကောင်းဆုံးဆုကို ဂျရတ်ဆွတ်ခူး

0 comments
ဖေဖော်ဝါရီ(၄)

(၂၀၁၂)ခုနှစ်အတွက် အင်္ဂလန် အသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူး အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ကို ပရိသတ်များက မဲပေး ရွေးချယ်ခဲ့သည်။

အသက်(၃၂)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်နှင့် ကွင်းလယ် ကစားသမားသည် စုစုပေါင်း မဲအားလုံး၏ (၄၀)ရာခိုင်နှုန်းကို ရရှိခဲ့သည့်နောက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်နှင့် ချယ်လ်ဆီး နောက်ခံလူ အက်ရှလေကိုးလ်တို့ကို အသာရခဲ့သည်။ ဂျရတ်သည် ယခုအခါ အင်္ဂလန်အတွက် ပွဲ(၁၀၀)ပြည့် ကစားထားသလို (၂၀၁၂)ခုနှစ်အတွင်း လက်ရွေးစင် ကိုယ်စားပြု (၁၁)ပွဲ ပါဝင်ခဲ့သည်။ ဂျရတ်အတွက် လက်ရွေးစင် ကစားသမားဘဝ ဂုဏ်ယူစရာ ယခုတစ်ဦးချင်း ဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။
gerrard

စိန့်ဂျော့ဥယျာဉ်တွင် ဆာဘော်ဘီ ချာလ်တန်ထံမှ အဆိုပါ ဂုဏ်ပြုဆုကို လက်ခံ ရယူပြီးနောက် ဂျရတ်က “ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ခံရတာဟာ အမြဲတမ်း ကောင်းမွန်တဲ့ ခံစားချက်ကပါ။ အသင်းက ကစားသမားတွေကို ပြန်ကြည့်ရင် အရည်အသွေး အမြင့်ဆုံးမှာချည်း ရှိနေတာကြောင့် ခုလိုဆုကို ရတဲ့အတွက် ပိုပြီး ဂုဏ်ယူပါတယ်။ ခုဆုဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ် ရှိလာပါတယ်။ တစ်ဦးချင်း ဆုတစ်ခုဟာ ကစားသမား ဘဝမှာ အထိုက်အလျောက် အရေးပါသလို ဒီအတွက် ကျွန်တော် တကယ် ဝမ်းသာပါတယ်။ ပြီးတော့ အသင်းမန်နေဂျာက အသင်းခေါင်းဆောင် ရာထူးအတွက် ကျွန်တော့်ကို ယုံကြည်မှု ထားခဲ့တာကလည်း ဂုဏ်ယူစရာ တစ်ခုပါပဲ”ဟု ပြောကြားခဲ့သည်။

ဂျရတ်သည် အင်္ဂလန်၏ တစ်နှစ်တာ အကောင်းဆုံးဆုကို (၂၀၀၇)ခုနှစ်ကလည်း ရရှိဖူးသည်။ အမျိုးသမီး အသင်းအတွက်မူ ဘယ်နောက်ခံ ကစားသမား စတီဖနီ ဟောက်တန်က အကောင်းဆုံးဆု ရရှိခဲ့သည်။ အသက်(၂၁)နှစ်အောက် လက်ရွေးစင်အသင်း အကောင်းဆုံး ဆုကိုမူ လီဗာပူးမှ ဂျော်ဒန် ဟန်ဒါဆင်က ဆွတ်ခူးသွားနိုင်ခဲ့သည်။
SkySports

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here