Tuesday, February 5, 2013

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

0 comments
ဖေဖော်ဝါရီ(၅)

ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေး ပညာရှင်များ က စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လတ်လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင်မှု  နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ကွန်ပြူတာ အသုံးပြုအလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
ရိုးရာလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here