ကမ္ဘာ့အကြီးဆုံး ချောကလပ်ပြားကို အမေရိကန်နိုင်ငံမှ Grandy Candy ကုမ္မဏီက ပြုလုပ်ခဲ့ပါတယ်။
အထူ ၁၀ လက်မရှိပြီး အလျား ၁၈.၄ ပေ၊ အနံ ၉ ပေလောက်ထိ အကျယ် အဝန်း ရှိပါတယ်။ စုစုပေါင်း အလေးချိန်ကတော့ ၉၇၂၀ ပေါင် (၄၄၁၀ ကီလိုဂရမ်) လေးပါတယ်။ ဒါကြောင့် ယခင်က စံချိန်ချိုးထားကြ တဲ့ ချောကလပ် ဘားများထက် ပိုကြီး၊ပိုလေးပါတယ်။
ယင်းအတွက် သာမန်လုပ်နေကျ ချောကလပ်များအတိုင်းပဲ စားသောက်ကုန်များကို အသုံးပြုပြီး Cocoa ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ဒါကြောင့် Grand Candy ကလုပ်တဲ့ ချောကလပ်ဘားဟာ ကမ္ဘာ့အကြီးဆုံး ချော၈လပ်ဘားအဖြစ် ထပ်မံစံချိန်တင် ခဲ့ကြောင်း သိရပါတယ်။