Thursday, February 14, 2013

လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်

0 comments

 Photo: လူတိုင်းအတွက် အချိုမှုန့် အန္တရာယ် 
http://www.myawady.com.mm/health/preventing/item/5942-2013-02-01-14-41-26#.UQt-AKBsxD4
လူအများ အချိုမှုန့် ပါဝင်သော အစားအသောက် များစားပြီး အချိုမှုန့်၏ ဆိုးကျိုးများကို ခံစား ဖူးကြမည် ထင်ပါသည်။ ၄င်းဆိုး ကျိုးများတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊

ပျို့အန်ခြင်း၊ ရင်ကျပ်ခြင်း (အထူးသဖြင့် ရင်ကျပ် အခံရှိသော လူများတွင်)၊ ရင်ဘတ် အောင့်ခြင်း၊ နုံးချည့်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းပိုင်းတွင် ကုပ်ပိုး၌ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ သွေးတိုး ခြင်းနှင့် အချို့တွင် သွေးပေါင်ကျခြင်း (နှလုံးခုန် မမှန်၍)များ ပါဝင်ကြောင်း သုတေသန ပြုချက် များအရ သိရှိပြီး ဖြစ်ပါသည်။ ၄င်းဆိုးကျိုးများသည် တစ်ခါတစ်ရံ အချို့လူများတွင် အလွန် ဆိုးရွားနိုင်ပြီး အသက် သေဆုံးသည် အထိ ဖြစ်နိုင်ကြောင်း သိရှိပြီး ဖြစ်ပါသည်။

သို့အတွက် ကြောင့်လည်း အချို့သော စားသောက်ဆိုင် များနှင့် အစားအစာ ထုတ်လုပ်သူ များသည် အချိုမှုန့်အစား သဘာဝ ဟင်းခတ် မှုန့်များကို ပြောင်းလဲ သုံးစွဲ ကြသော်လည်း စားသောက်ဆိုင် အများစုနှင့် အစားအစာ ထုတ်လုပ်သူ အများစုတို့သည် အရသာ ပိုကောင်းပြီး စွဲမက် စေသော အန္တရာယ် များသည့် အချိုမှုန့် သို့မဟုတ် အချိုမှုန့် ပါဝင်သော အခြား နာမည်နှင့် ဟင်းခတ် ပစ္စည်းများကို အသုံးပြု၍ လူအများကို လှည့်စားကာ အသုံးပြုနေ ကြဆဲ ဖြစ်ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများကို လူအများ ခံစားရမှု များလည်း တစ်ဦးနှင့်တစ်ဦး ကွာခြား လှပေသည်။ အချို့သည် စားပြီး မကြာမီပင် ခံစားရပြီး အချို့မှာ နာရီပေါင်း များစွာကြာမှ ခံစားရ ပေသည်။ အချို့တွင် ပြင်းထန်ပြီး အချို့တွင် မဆိုသလောက်သာ ခံစားရ သဖြင့် အချိုမှုန့်ကြောင့် ဖြစ်သော...

Thantzin Oo(facebook)

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here