Monday, February 18, 2013

ရပ်စောက်မြို့နယ်တွင် တရားမ၀င်သစ်ခွဲသားများ ဖမ်းဆီးရမိ

0 comments
ဖေဖော်ဝါရီ(၁၈)
ရှမ်းပြည်နယ်ရှိ တောတွင်းတရားမ၀င်သစ်ခွဲစက်တစ်ခု

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ မိုင်းပျဉ်း-ဆပ်သေကျေးလက်လမ်းပေါ်တွင် တရားမ၀င် သစ်ခွဲသားများ သယ်ဆောင်လာသော ကားတစ်စီးအား ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့် သစ်တောဝန်ထမ်း(၁၂)ဦး သည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေပိုင်းတွင် မိုင်းပျဉ်းဘက်မှ ဆပ်သေရွာဘက်သို့ မောင်းနှင်လာသော ၆ ဘီးယာဉ် (အစိမ်းရောင်)အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားမ၀င်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၆ ဘီးယာဉ်အား သိန်းသန်းဌေး (တောင်ကြီးမြို့နေ သူ)မှ မောင်းနှင်လာခဲ့ပြီး ကားထဲတွင် ကျွန်းသစ်ခွဲသား၊ အင်ကြင်းသစ်ခွဲသား၊ အင်သစ်ခွဲသားများ စုစုပေါင်း(၈)တန် ကျော်၊ ကာလတန်ဖိုးငွေကျပ်(၂၇)သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တရားမ၀င်သစ်များ သယ်ဆောင် လာသောယာဉ်နှင့် ယာဉ်မောင်းသိန်းသန်းဌေးတို့အား ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here