Friday, February 22, 2013

အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း SSA-N နှင့် တိုက်ပွဲများဖြစ် ပွားရသည့် အကြောင်းအရင်း

0 comments
ဖေဖော်ဝါရီ(၂၂)


၂၂-၂-၂၀၁၃ ရက်နေ့တွင် တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာအုပ်စု နမ့်တောင်စိန်ရွာ အနီးရှိ သျှမ်းပြည် တပ်မတော် SSPP/ SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်း အား တပ်မတော်မှ တိုက်ခိုက်ခဲ့ကြောင်း SSA နှင့် သောင်းကျန်းသူ အားပေးမီဒီယာများက သတင်းလွှင့် လျှက် ရှိပါသည်။

သတင်းရေးသားချက်များကို ကြည့်ပါက အစိုးရတပ်များက ငြိမ်းချမ်းရေးစကားပြောပြီး တိုက် ခိုက်နေ သေ ယာင် ရေးသားကြသည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် ဒေသ သတင်းအမှန်များတွင်တော့ SSA-N မှာ ငြိမ်း ချမ်း ရေး ယူမည်ဟု ပြောသည့်အတွက် ၄င်းတို့ အခြေချနေထိုင် ရန် နိုင်ငံတော်မှ နေရာ သတ် မှတ်ပေးပြီး ဖြစ်သော် လည်း သတ်မှတ်နေရာတွင်သာမ တန့်ယန်းအထိ နယ်ချဲ့ကာ ဆက်ကြေးကောက်၊ လူသစ်စုမှုများ ဖြစ်လာ သည့်အတွက် ဒေသခံ ပြည်သူစစ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထို့ပြင် ယခုကာလသည် စိုက် ထားသော ဘိန်းခင်းများ ခူးဆွတ်ရန် အသင့်ဖြစ်နေသည့် အတွက်လည်း ထို SSA-N များ ၄င်းတို့၏ ဘိန်းစိုက်ခင်းနေရာများကို လက်မလွှတ်ချင်သည့်အတွက် တိုက်ခိုက်နေခြင်းသာ ဖြစ် သည် ဟု သိရသည်။

ငြိမ်းချမ်းရေးကို အကြောင်းပြ၍ တရားဝင် လူသစ်စု၊ လက်နက်ကိုင် ဆက်ကြေးကောက်ခြင်း များကို ဒေသခံ ပြည်သူများ အနေဖြင့် ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်လျှက် ရှိသကဲ့သို့ တပ်မတော်မှလည်း ကူ ညီ ပေးလျှက် ရှိကြောင်း သိရသည်။ SSA-N အဖွဲ့များနှင့် အတူ ကေအိုင်အေမှ စုဆောင်းထားသည့် စစ်သား များ ပါဝင် တိုက်ခိုက်နေကြောင်းလည်း သိရသည်။
 
 
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here