Sunday, March 31, 2013

လိမ်ပြောတာတွေ့ရင် ပါးထရိုက်တဲ့ စက်ရုပ်

0 comments
မတ်(၃၁)

တစ်ခါတုန်းကပေါ့ လူတစ်ယောက်က စက်ရုပ်တစ်ရုပ်ဝယ်လာတယ်။ အဲဒီစက်ရုပ်က ထူးခြားတယ်။ ဘယ်လိုထူးခြားလဲဆိုရင် သူရှေ့မှာ လိမ်ပြောတာတွေ့ရင် ပါးထရိုက်ရော။

အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူရယ် သူ့မိန်းမရယ် ထမင်းစားနေတုန်း သူ့သားကကျောင်းကပြန်လာတယ်။ စက်ရုပ်ကလဲ အနားမှာ ထားထားတာပေါ့။

အဲဒီမှာ သူ့သားကိုမေးလိုက်တယ်။ ''သားဘယ်ကပြန်လာတာလဲ'' ''ကျောင်းကပြန်လာတာပါ အဖေ'' ''ဖြန်း'' စက်ရုပ်က ပါးထရိုက်ရော အဲဒီကောင်လေးကို။ ''သား မှန်မှန်ပြောစမ်း ဒီစက်ရုပ်က လိမ်လို့မရဘူး '' ''သား ရုပ်ရှင်ကြည်ပြီး ပြန်လာတာပါ ဖေဖေ '' ''ရုပ်ရှင်ကဘာကားလဲ'' '' Tom & Jerry ပါဖေဖေ'' ''ဖြန်း'' စက်ရုပ်က ပါးထပ်ရိုက်ပြန်ရော။

''ကဲသား စက်ရုပ်ကိုလိမ်လို့မရဘူး မှန်မှန်ဖြေ ဘာကားကြည့်တာလဲ'' ''ဟိုဟို…ဟိုကား ကြည့်ပြီးပြန်လာတာပါ ဖေဖေ'' '' အေး အဲလို ဝန်ခံမှပေါ့ ငါမင်းတို့အရွယ်ကဆို အဲလိုကားတွေကြည့်ဖို့
နေနေသာသာ ဘာမှန်းတောင်မသိဘူး'' ''ဖြန်း'' ဒီတစ်ခါ စက်ရုပ်ပါးရိုက်လိုက်တဲ့သူက အဖေဖြစ်သူကို ရိုက်လိုက်ခြင်းဖြစ်သည်။

ထိုအခြင်းအရာကို အမေဖြစ်သူကကြည့်ပြီး ''ဟားဟား ရှင့်သားပဲ ရှင်နဲ့တူတာပေါ့ '' ဟုပြောလိုက်သည့်အခါတွင် ''ဖြန်း'' စက်ရုပ်မှ အမေဖြစ်သူကို ပါးရိုက်လိုက်လေတော့သည်။
Myanmar International News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here