Thursday, March 7, 2013

သမီးကို အလုပ်ပေးလျှင် ဒေါ်လာ ၅၀၀ ပေးမည့်မိခင်

0 comments

မတ်(၇)
Photo: သမီးကို အလုပ်ပေးလျှင် ဒေါ်လာ ၅၀၀ ပေးမည့်မိခင်
==============================

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားမှ မိခင်တစ်ဦးသည် လမ်းဘေးတစ်နေရာတွင် ဆိုင်းဘုတ်ကိုကိုင်ကာ ရပ်နေသည်ကို လူအများ ထူးဆန်းစွာတွေ့မြင်ကြရသည်။ သူမသည် ဆိုင်းဘုတ်တွင် သူမ၏သမီးဖြစ်သူအား အလုပ်ရရှိနိုင်ရေးအတွက် အကူအညီပေးသူကို ဒေါ်လာ ၅၀၀ ပေးမည်ဖြစ်ကြောင်း ရေးသားထားပြီး လမ်းဘေးတွင် အချိန်ကြာရှည်စွာ ရပ်နေခဲ့ခြင်းဖြစ်သည်။
အသက် ၆၁ နှစ်အရွယ်ရှိ လင်ဒါ စမစ်ဆိုသူ အမျိုးသမီးကြီးသည် သူမသမီးကို အလုပ်ရှာရန် ပြောသော်လည်း လပေါင်းများစွာ အလုပ်မရနိုင်ဖြစ်နေသဖြင့် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ သမီးဖြစ်သူသည် ကားတိုက်ခံထားရပြီး အလုပ် မလုပ်နိုင်တော့သည့် လင်ဒါစမစ်အား နှစ်ကာလရှည်ကြာစွာ ပြုစုနေခဲ့ရပြီး၊ ယခု အလုပ်ရှာပေးသူကို ပေးမည့် ဒေါ်လာ ၅၀၀ မှာလည်း သူမပိုင်ဆိုင်သမျှ အကုန်သာဖြစ်ကြောင်း ပြောပြခဲ့သည်။
လင်ဒါ စမစ်ကို အရက်မူးပြီး မောင်းလာသည့် ကားတစ်စီးက ၁၉၉၆ ခုနှစ်တွင် ဝင်တိုက်ခဲ့ပြီး၊ ပစ်ထားခဲ့သဖြင့် ဆေးရုံက အသက်ပြန်ရှင်လာစေရန် ကယ်တင်ပေးထားရသူဖြစ်သည်။ ထို ကားတိုက်ခံရသည့် ဒဏ်ရာဖြင့် အလုပ် မလုပ်နိုင်တော့ဘဲ အနားယူခဲ့ရသည်။

မိခင်ကားတိုက်ခံရမှန်းသိသဖြင့် သမီးဖြစ်သူသည် တောင်ကိုရီးယား တွင် မော်ဒယ်လုပ်နေရာမှ ကာလီဖိုးနီးယား ရှိ မိခင်အား ပြန် လာပြီး ပြုစုစောင့်ရှောက်နေခဲ့သည်။ အချိန်ပိုင်းအလုပ်ပြေးလုပ်ရင်းက မိခင်ကို နှစ်ရှည်လများ စောင့်ရှောက်ခဲ့သော်လည်း ယခု စားဝတ်နေရေး ခက်ခဲလာသဖြင့် မိခင်ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး အလုပ်ရှာ ခိုင်းရခြင်းဖြစ်ကြောင်း သိရသည်။

မောက္ခ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here