Tuesday, March 26, 2013

အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်တွင် မြန်မာအား အဖွဲ့ဝင်အဖြစ် လက်ခံ

0 comments
မတ်(၂၆)

 မြန်မာနိုင်ငံအား အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်အဖွဲ့ (ATPF)၏ ၂၄ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှတဆင့် သိရသည်။


အိန္ဒိယနိုင်ငံ၊ အာဂရာမြို့၌ မတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် အာရှ အမှုဆောင် အရာရှိချုပ်များ တွေ့ဆုံပွဲထိုသို့ လက်ခံခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ စီးပွားရေး မြှင့်တင်ဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပါတယ်။ အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်အဖွဲ့မှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ အင်အားကြီးနိုင်ငံတွေ ပါဝင်သလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေတဲ့
နိုင်ငံတွေ အားလုံး ပါတဲ့အတွက် စီးပွားရေးအတွက် အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်” ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။

ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းစဉ်များ အားလုံးကို အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် ညှိနှိုင်း၍ ဈေးကွက် ရှာဖွေခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်း၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုကိစ္စရပ်များ၊ နိုင်ငံအချင်းချင်းကြား စီးပွားရေး အသိုက်အမြုံအတွင်း အဆက်အသွယ်များ ရရှိရန် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အခွင့်အရေးများ ရရှိစေနိုင်မည်ဟု ဆိုသည်။

အဆိုပါ အာရှ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ကို ၁၉၈၇ ခုနှစ်တွင် အဖွဲ့ဝင် ၂၄ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အာရှတိုက် အတွင်းရှိ နိုင်ငံအသီးသီးမှ ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ဖွဲ့ စည်းထားကြောင်း သိရသည်။
မဇ္ဈိမ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here