Thursday, March 28, 2013

ခြေလှမ်းကျဲကျဲနဲ့ ၀င်လာတော့မယ့် ဂျပန်

0 comments

မတ်(၂၈)
Photo: ခြေလှမ်းကျဲကျဲနဲ့ ၀င်လာတော့မယ့် ဂျပန်

ရေးသားသူ- အားမာန်

တိုကျိုမြို့လယ်တွင် သူငယ်ချင်းနှင့် စကားဖောင်ဖွဲ့၍ လမ်းလျှောက်နေသော သီတာဦးတစ်ယောက် နောက်မှအော်ပြီး အတင်းလိုက်နှုတ်ဆက်သော အမျိုးသားကြီးတစ်ဦးကြောင့်လန့်သွားသည်။ အဆိုပါ ဂျပန်အမျိုးသားကြီးက “ခင်ဗျားတို့က မြန်မာကျောင်းသူတွေလား” ဟုမေးပြီး သူမက “ဟုတ်ပါတယ်” ဟု ဖြေလိုက်သည်နှင့် ထိုပုဂ္ဂိုလ်က လိပ်စာကတ်များပေး၍ အတင်းနှုတ်ဆက်တော့သည်။ 

လိပ်စာကတ်ပေါ်တွင် ထိုပုဂ္ဂိုလ်၏ အမည်နှင့် ရာထူးကအခန့်သား။ ၎င်းကုမ္ပဏီက မြန်မာနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည်ဖြစ်၍ ကျောင်းပြီး၍ အလုပ်လုပ်လိုပါက သူ့ကုမ္ပဏီတွင် ၀င်လုပ်ပါဟု လမ်းပေါ်တွင် ချက်ချင်းအလုပ်ခန့်လိုက်လေသည်။

“အခု ဂျပန်တွေက မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်စားနေကြတာ။ ဒီမှာ တက္ကသိုလ်တစ်ခုက ဘွဲ့ရထားတဲ့သူတွေဆိုရင်လည်း အလုပ်ခန့်ချင်ကြတဲ့သူတွေက အများကြီး။ အဓိက စကားပြန်ခန့်ချင်ကြတာ။ အခုသံရုံးကိုသွားရင် ကုမ္ပဏီတွေက အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပေးတယ်။ အရင်က အဲဒီလိုတွေမရှိဘူး” ဟု သီတာဦးက အတွေ့အကြုံကို ပြောသည်။

စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာသော အကူအညီသာပေး၍ ဖွံ့ဖြိုးမှုအကူအညီများပေးခြင်း ရပ်ဆိုင်းကာ ပုံမှန်ဆက်ဆံရေးသာရှိခဲ့သော ဂျပန်နိုင်ငံသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုများနှင့်အတူ ဂျပန်-မြန်မာဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်သည်။ မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အကြွေးများကို ပထမဆုံး လျှော်ပေးခဲ့သော နိုင်ငံဖြစ်လာသလို ဖွံ့ဖြိုးရေးအတွက် အကူအညီများ အများဆုံးပေးသူ ဖြစ်လာသည်။

ထိုနည်းတူ ပွင့်လင်းစမြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အတက်ကြွဆုံးမှာလည်း ကမ္ဘာ့တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်သော ဂျပန်တို့ပင်ဖြစ်လာသည်။

“အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီးအလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာကျတော့ ရေခဏခဏကြီးနေတယ်။ ဗီယက်နမ်ကျတော့ လုပ်သားတွေ ရဲ့ လုပ်ခလစာတွေ တဖြည်းဖြည်း ကြီးလာပြီ။ ဒါကြောင့် ဘယ်ကို သွားမလဲဆိုရင် နောက်တစ်နိုင်ငံ တွေ့ထားတာက ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားနဲ့အတူ မြန်မာနိုင်ငံကိုပါ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်ကုမ္ပဏီတွေ စိတ်ဝင်စားနေကြတာပါ” ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အရှေ့တောင်အာရှဌာနခွဲ အကြံ ပေးအရာရှိ ကိုဂျိမတာကဲဟရု၏ မြန်မာနိုင်ငံအပေါ် ဂျပန်ကုမ္ပဏီများ ဘာကြောင့်စိတ်ဝင်စားရသည်ဆိုသော မေးခွန်းအတွက် အဖြေဖြစ်သည်။

ထို့အပြင် ဂျပန်နိုင်ငံမှ ဘဏ်ကြီးတစ်ခုဖြစ်သော JBIC က ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို မေးမြန်းစစ်တမ်းကောက်ယူရာတွင်လည်း လာမည့်သုံးနှစ်အတွက် ဂျပန်လုပ်ငန်းရှင်များအတွက် ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး နိုင်ငံစာရင်းတွင် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်နေသည်။ 

လုပ်သားလုပ်ခလစာ သက်သာခြင်းမှာ မြန်မာနိုင်ငံ၏ အဓိက အားသာချက်ဟု ဂျပန်ကုမ္ပဏီများက မြင်သည်။ ထို့အပြင် အရည်အသွေးပြည့်မီသော လူသားအရင်းအမြစ် ရရှိနိုင်ခြင်း၊ လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက် အလားအလာကောင်းခြင်း၊ ကုန်ကြမ်းပစ္စည်း ရရှိရန်လွယ်ကူပြီး ဈေးမကြီးခြင်း၊ ကုန်စည်မျိုးစုံထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များကို ဂျပန်သို့ တင်ပို့ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ရန် လွယ်ကူခြင်း စသောအားသာချက်များကြောင့် မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေခြင်းဖြစ်သည်။ 

ကမ္ဘာ့စီးပွားပျက်ကပ်အပြီး၊ သဘာဝဘေးအန္တရာယ်ကြီးများ မကြာခဏ ကြုံတွေ့ခဲ့ရသော ဂျပန်တို့မှာ ကျဆင်းလာသော စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရေးအတွက် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာအလွန်ကောင်းသော ထွန်းသစ်စနိုင်ငံဟု မြင်ထားကြခြင်းလည်းဖြစ်သည်။

အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ ကားလုပ်ငန်း၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ စသည်တို့တွင် ဂျပန်တို့ ရင်းနှီးမြှုပ်နှံလိုနေခြင်းဖြစ်သည်။

သို့သော် ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် ပူပန်မှုများလည်း ရှိသည်။ အခြေခံအဆောက်အအုံ မဖွံ့ဖြိုးသေးခြင်း၊ နိုင်ငံရေးနှင့် လူမှုရေး မဖွံ့ဖြိုးမှု၊ သတင်းအချက်အလက်အမှန် ရရှိရန်ခက်ခဲမှု၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှင်းလင်းမှုတို့မှာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဓိကအခက်အခဲများဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက ဆိုကြသည်။

တိုင်းပြည်စီးပွားရေး နိမ့်ကျသော်လည်း ဆန့်ကျင်ဘက်အဖြစ် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ ဖြစ်သင့်သည်ထက် များစွာမြင့်မားနေခြင်းမှာ ဂျပန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် နောက်တွန့်စေသော အချက်တစ်ချက်ဖြစ်ကြောင်း ဂျပန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်သောအခါ စီးပွားရေးပြည်ဝင်ခွင့် ဗီဇာလုပ်ရသည်မှာလည်း ခက်ခဲနေသေးပြီး၊ အစိုးရဌာနများနှင့် ဆက်စပ်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဟိုသွားရ၊ ဒီသွားရနှင့် လုပ်ငန်းစဉ် များပြားနေခြင်းမှာလည်း အခက်အခဲတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးအတွက် အဓိကအကူအညီ ပေးနေသော အသင်းဖြစ်သည့် JCCI မှ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဂျပန်နိုင်ငံရှိ အကြီးစား ကုမ္ပဏီကြီးများ၊ လုပ်ငန်းများက လာရောက်လေ့လာသကဲ့သို့၊ အလတ်စားကုမ္ပဏီများကလည်း လာရောက်လေ့လာခဲ့ကာ၊ အသေးစား ကုမ္ပဏီများကလည်း မြန်မာနိုင်ငံကို လာရောက်လေ့လာရန် ပြင်ဆင်နေသည်။ အသေးစား၊ အလတ်စား လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားနေကြကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်လည်း ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေကြောင်းကို အကဲခတ်နိုင်ပါသည်။

သို့သော် လက်ရှိတွင် ဂျပန်တို့မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများစာရင်းတွင် ကုမ္ပဏီ ၃၁ ခု၏  ရင်းနှီးမြှုပ်နှံငွေ  ဒေါ်လာ သန်း ၂၆၀ ခန့်ဖြင့် အဆင့် ၁၁ သာ ရှိနေသည်။ 

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်၌   မြန်မာနိုင်ငံသို့ အကူအညီများပေးအပ်ရန်၊ ဖွံ့ဖြိုးရေး အကူအညီနှင့် ချေးငွေများ ပေးအပ်ရန် ပထမဆုံးအကြိမ် အစည်းအဝေးလုပ်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ဘာကြောင့် ဂျပန်တွေက ဖော်ရွေသဘောကောင်းနေရပါသလဲဟု ကျွန်တော်၏မေးခွန်းကို အစိုးရဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တူညီစွာ ဖြေသောအဖြေ တစ်ခုရှိသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးလာပြီး ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေလာသည်နှင့်အမျှ နိုင်ငံရေး ပိုမိုတည်ငြိမ်လာကာ ဂျပန်အပါအ၀င် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ပြန်လည်အကျိုးရှိနိုင်သည်ဆိုသော အချက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံဖွံ့ဖြိုးလာပါက ၎င်းနှင့်ဆက်စပ်လုပ်ကိုင်နေသော နိုင်ငံများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ဂျပန်အပါအ၀င် ပြည်ပနိုင်ငံများလည်း အကျိုးရှိပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမှုကို လိုလား၍ဖြစ်သည်ဟု ဖြေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ ဈေးကွက်အသစ်ဖြစ်နေခြင်း၊ နိုင်ငံ၏ ပထ၀ီအနေအထား အရေးပါခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ပြီး ယဉ်ကျေးမှု အပါအ၀င် ကဏ္ဍပေါင်းစုံ နီးစပ်မှုများမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော အဓိက အကြောင်းအရင်းများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MDRI) စီးပွားရေးဌာန အကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။

ဂျပန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လှိမ့်၍ ၀င်ရောက်လာပါက အဆိုပါ အခွင့်အလမ်းကို အသုံးချနိုင်ရန် အသေးစား၊ အလတ်စား လုပ်ငန်းများပြင်ဆင်ထားရန် လိုကြောင်းလည်း ဒေါက်တာဇော်ဦးက အကြံပြုသည်။

အလားတူ လုပ်သားများ၏ လုပ်ခလစာ သက်သာသည်ဆိုသော အချက်ဖြင့် ရေရှည်သွား၍ မရနိုင်သောကြောင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာများ ရရှိမည်ဖြစ်ပြီး ပူးပေါင်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအတွက် အကျိုးရှိမည်ဖြစ်၍ ကြိုဆိုကြောင်း မော်တော်ကားတင်သွင်း ရောင်းချသူများအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။

ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်ကြိုးစားရန်နှင့် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာရန်၊ ဖွဲ့စည်းပုံမှာ နိုင်ငံတကာလက်ခံနိုင်သော ပုံစံဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဒေါက်တာစိုးထွန်းက အကြံပြုသည်။

စက်ရုံ၊ အလုပ်ရုံဖြစ်ပါက နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုခုရရှိရန် လိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အရေးကြီးသည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အထူးစီးပွားရေးဇုန်များမှာ မဟာဗျူဟာကျသည့်အတွက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မည့် သီလ၀ါအထူးစီးပွားရေးဇုန်မှာလည်း အလွန်အရေးပါကြောင်းလည်း ဒေါက်တာဇော်ဦးကပြောသည်။ သို့သော် မြန်မာနိုင်ငံရေး တည်ငြိမ်ရန်နှင့် နောက်ကြောင်းမပြန်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း ဂျပန်လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများကဆိုသည်။ မြန်မာ့နိုင်ငံရေး မတည်ငြိမ်ပါက ၀င်လာရန်ပြင်နေသော ဂျပန်အပါအ၀င် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှုများ နောက်ပြန်လည်သွားမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက တစ်ညီတညွတ်တည်းပြောသည်။

ယခုအခြေအနေတွင်တော့ ဂျပန်ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား မြန်မာက ရေပန်းစားနေပါသည်။ ဂျပန်တို့ ၀င်လာတော့မည့်အတွက် ဂျပန်သို့ရောက်ရှိနေသော မြန်မာများ မြန်မာနိုင်ငံပြန်၍ အလုပ်လုပ်ရန် ယခင်ကထက် ပိုစိတ်ဝင်စားနေကြပြီဖြစ်သည်။      ။
တိုကျိုမြို့လယ်တွင် သူငယ်ချင်းနှင့် စကားဖောင်ဖွဲ့၍ လမ်းလျှောက်နေသော သီတာဦးတစ်ယောက်
 နောက်မှအော်ပြီး အတင်းလိုက်နှုတ်ဆက်သော အမျိုးသားကြီးတစ်ဦးကြောင့်လန့်သွားသည်။ အဆိုပါ ဂျပန်အမျိုးသားကြီးက “ခင်ဗျားတို့က မြန်မာကျောင်းသူတွေလား” ဟုမေးပြီး သူမက “ဟုတ်ပါတယ်” ဟု ဖြေလိုက်သည်နှင့် ထိုပုဂ္ဂိုလ်က လိပ်စာကတ်များပေး၍ အတင်းနှုတ်ဆက်တော့သည်။

လိပ်စာကတ်ပေါ်တွင် ထိုပုဂ္ဂိုလ်၏ အမည်နှင့် ရာထူးကအခန့်သား။ ၎င်းကုမ္ပဏီက မြန်မာနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည်ဖြစ်၍ ကျောင်းပြီး၍ အလုပ်လုပ်လိုပါက သူ့ကုမ္ပဏီတွင် ၀င်လုပ်ပါဟု လမ်းပေါ်တွင် ချက်ချင်းအလုပ်ခန့်လိုက်လေသည်။

“အခု ဂျပန်တွေက မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်စားနေကြတာ။ ဒီမှာ တက္ကသိုလ်တစ်ခုက ဘွဲ့ရထားတဲ့သူတွေဆိုရင်လည်း အလုပ်ခန့်ချင်ကြတဲ့သူတွေက အများကြီး။ အဓိက စကားပြန်ခန့်ချင်ကြတာ။ အခုသံရုံးကိုသွားရင် ကုမ္ပဏီတွေက အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပေးတယ်။ အရင်က အဲဒီလိုတွေမရှိဘူး” ဟု သီတာဦးက အတွေ့အကြုံကို ပြောသည်။

စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာသော အကူအညီသာပေး၍ ဖွံ့ဖြိုးမှုအကူအညီများပေးခြင်း ရပ်ဆိုင်းကာ ပုံမှန်ဆက်ဆံရေးသာရှိခဲ့သော ဂျပန်နိုင်ငံသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုများနှင့်အတူ ဂျပန်-မြန်မာဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်သည်။ မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အကြွေးများကို ပထမဆုံး လျှော်ပေးခဲ့သော နိုင်ငံဖြစ်လာသလို ဖွံ့ဖြိုးရေးအတွက် အကူအညီများ အများဆုံးပေးသူ ဖြစ်လာသည်။

ထိုနည်းတူ ပွင့်လင်းစမြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အတက်ကြွဆုံးမှာလည်း ကမ္ဘာ့တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်သော ဂျပန်တို့ပင်ဖြစ်လာသည်။

“အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီးအလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာကျတော့ ရေခဏခဏကြီးနေတယ်။ ဗီယက်နမ်ကျတော့ လုပ်သားတွေ ရဲ့ လုပ်ခလစာတွေ တဖြည်းဖြည်း ကြီးလာပြီ။ ဒါကြောင့် ဘယ်ကို သွားမလဲဆိုရင် နောက်တစ်နိုင်ငံ တွေ့ထားတာက ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားနဲ့အတူ မြန်မာနိုင်ငံကိုပါ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်ကုမ္ပဏီတွေ စိတ်ဝင်စားနေကြတာပါ” ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အရှေ့တောင်အာရှဌာနခွဲ အကြံ ပေးအရာရှိ ကိုဂျိမတာကဲဟရု၏ မြန်မာနိုင်ငံအပေါ် ဂျပန်ကုမ္ပဏီများ ဘာကြောင့်စိတ်ဝင်စားရသည်ဆိုသော မေးခွန်းအတွက် အဖြေဖြစ်သည်။

ထို့အပြင် ဂျပန်နိုင်ငံမှ ဘဏ်ကြီးတစ်ခုဖြစ်သော JBIC က ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို
 မေးမြန်းစစ်တမ်းကောက်ယူရာတွင်လည်း လာမည့်သုံးနှစ်အတွက် ဂျပန်လုပ်ငန်းရှင်များအတွက် ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး နိုင်ငံစာရင်းတွင် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်နေသည်။

လုပ်သားလုပ်ခလစာ သက်သာခြင်းမှာ မြန်မာနိုင်ငံ၏ အဓိက အားသာချက်ဟု ဂျပန်ကုမ္ပဏီများက မြင်သည်။ ထို့အပြင် အရည်အသွေးပြည့်မီသော လူသားအရင်းအမြစ် ရရှိနိုင်ခြင်း၊ လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက် အလားအလာကောင်းခြင်း၊ ကုန်ကြမ်းပစ္စည်း ရရှိရန်လွယ်ကူပြီး ဈေးမကြီးခြင်း၊ ကုန်စည်မျိုးစုံထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များကို ဂျပန်သို့ တင်ပို့ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ရန် လွယ်ကူခြင်း စသောအားသာချက်များကြောင့် မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားပျက်ကပ်အပြီး၊ သဘာဝဘေးအန္တရာယ်ကြီးများ မကြာခဏ ကြုံတွေ့ခဲ့ရသော ဂျပန်တို့မှာ ကျဆင်းလာသော စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရေးအတွက် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာအလွန်ကောင်းသော ထွန်းသစ်စနိုင်ငံဟု မြင်ထားကြခြင်းလည်းဖြစ်သည်။

အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ ကားလုပ်ငန်း၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ စသည်တို့တွင် ဂျပန်တို့ ရင်းနှီးမြှုပ်နှံလိုနေခြင်းဖြစ်သည်။

သို့သော် ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် ပူပန်မှုများလည်း ရှိသည်။ အခြေခံအဆောက်အအုံ မဖွံ့ဖြိုးသေးခြင်း၊ နိုင်ငံရေးနှင့် လူမှုရေး မဖွံ့ဖြိုးမှု၊ သတင်းအချက်အလက်အမှန် ရရှိရန်ခက်ခဲမှု၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှင်းလင်းမှုတို့မှာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဓိကအခက်အခဲများဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက ဆိုကြသည်။

တိုင်းပြည်စီးပွားရေး နိမ့်ကျသော်လည်း ဆန့်ကျင်ဘက်အဖြစ် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ ဖြစ်သင့်
သည်ထက်များစွာမြင့်မားနေခြင်းမှာဂျပန်ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံရန် နောက်တွန့်စေသော အချက်တစ်ချက်ဖြစ်ကြောင်း ဂျပန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်သောအခါ စီးပွားရေးပြည်ဝင်ခွင့် ဗီဇာလုပ်ရသည်မှာလည်း ခက်ခဲနေသေးပြီး၊ အစိုးရဌာနများနှင့် ဆက်စပ်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဟိုသွားရ၊ ဒီသွားရနှင့် လုပ်ငန်းစဉ် များပြားနေခြင်းမှာလည်း အခက်အခဲတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးအတွက် အဓိကအကူအညီ ပေးနေသော အသင်းဖြစ်သည့် JCCI မှ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဂျပန်နိုင်ငံရှိ အကြီးစား ကုမ္ပဏီကြီးများ၊ လုပ်ငန်းများက လာရောက်လေ့လာသကဲ့သို့၊ အလတ်စားကုမ္ပဏီများကလည်း လာရောက်လေ့လာခဲ့ကာ၊ အသေးစား ကုမ္ပဏီများကလည်း မြန်မာနိုင်ငံကို လာရောက်လေ့လာရန် ပြင်ဆင်နေသည်။ အသေးစား၊ အလတ်စား လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားနေကြကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်လည်း ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေကြောင်းကို အကဲခတ်နိုင်ပါသည်။

သို့သော်လက်ရှိတွင်ဂျပန်တို့မှာ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံသူများစာရင်းတွင်ကုမ္ပဏီ၃၁ခု၏ရင်းနှီးမြှုပ်နှံငွေ
 ဒေါ်လာ သန်း ၂၆၀ ခန့်ဖြင့် အဆင့် ၁၁ သာ ရှိနေသည်။

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်၌ မြန်မာနိုင်ငံသို့ အကူအညီ
များပေးအပ်ရန်၊ ဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ပေးအပ်ရန်ပထမဆုံးအကြိမ်အစည်းအဝေး
လုပ်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ဘာကြောင့် ဂျပန်တွေက ဖော်ရွေသဘောကောင်းနေရပါသလဲဟု ကျွန်တော်၏မေးခွန်းကိုအစိုးရဌာနမှတာဝန်ရှိသူများ၊ 
လုပ်ငန်းရှင်များ တူညီစွာ ဖြေသောအဖြေ တစ်ခုရှိသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးလာပြီး ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေလာသည်နှင့်အမျှ နိုင်ငံရေး ပိုမိုတည်ငြိမ်
လာကာ ဂျပန်အပါအ၀င် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ပြန်လည်အကျိုးရှိနိုင်သည်ဆိုသော အချက်
ပင် ဖြစ်သည်။ မြန်မာနိုင်ငံဖွံ့ဖြိုးလာပါက ၎င်းနှင့်ဆက်စပ်လုပ်ကိုင်နေသော နိုင်ငံများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ဂျပန်အပါအ၀င် ပြည်ပနိုင်ငံများလည်း အကျိုးရှိပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမှုကို လိုလား၍ဖြစ်သည်ဟု ဖြေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ ဈေးကွက်အသစ်ဖြစ်နေခြင်း၊ နိုင်ငံ၏ ပထ၀ီအနေအထားအရေးပါခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး
 ကောင်းမွန်ပြီး ယဉ်ကျေးမှု အပါအ၀င် ကဏ္ဍပေါင်းစုံ နီးစပ်မှုများမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော အဓိက အကြောင်းအရင်းများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံအရင်းအမြစ်ဖွံ့ဖြိုးရေး
စင်တာ (MDRI) စီးပွားရေးဌာန အကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။

ဂျပန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လှိမ့်၍ ၀င်ရောက်လာပါက အဆိုပါ အခွင့်အလမ်းကို အသုံးချနိုင်ရန် အသေးစား၊ အလတ်စားလုပ်ငန်းများပြင်ဆင်ထားရန်လိုကြောင်းလည်း ဒေါက်တာဇော်ဦးက
 အကြံပြုသည်။

အလားတူ လုပ်သားများ၏ လုပ်ခလစာ သက်သာသည်ဆိုသော အချက်ဖြင့် ရေရှည်သွား၍ မရနိုင်သော
 ကြောင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာများ ရရှိ
မည်ဖြစ်ပြီး ပူးပေါင်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအတွက် အကျိုးရှိမည်ဖြစ်၍ ကြိုဆိုကြောင်း မော်တော်
ကားတင်သွင်း ရောင်းချသူများအသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။

ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင်ကြိုးစားရန်နှင့် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် ပတ်သက်
၍ ပွင့်လင်းမြင်သာရန်၊ ဖွဲ့စည်းပုံမှာ နိုင်ငံတကာလက်ခံနိုင်သောပုံစံဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း
ကိုယ်တိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဒေါက်တာစိုးထွန်းက အကြံပြုသည်။
စက်ရုံ၊ အလုပ်ရုံဖြစ်ပါက နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုခုရရှိရန် လိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အရေးကြီးသည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အထူးစီးပွားရေးဇုန်များမှာ မဟာဗျူဟာကျသည့်အတွက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မည့် သီလ၀ါအထူးစီးပွားရေးဇုန်မှာလည်း အလွန်အရေးပါကြောင်းလည်း ဒေါက်တာဇော်ဦးကပြောသည်။ သို့သော် မြန်မာနိုင်ငံရေး တည်ငြိမ်ရန်နှင့် နောက်ကြောင်းမပြန်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း ဂျပန်လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများကဆိုသည်။ မြန်မာ့နိုင်ငံရေး မတည်ငြိမ်ပါက ၀င်လာရန်ပြင်နေသောဂျပန်အပါအ၀င် နိုင်ငံပေါင်းစုံမှရင်းနှီးမြှုပ်နှံမှုများ နောက်ပြန်လည်သွားမည်ဖြစ်
ကြောင်းစီးပွားရေးပညာရှင်များကတစ်ညီတညွတ်တည်းပြောသည်။

ယခုအခြေအနေတွင်တော့ ဂျပန်ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား မြန်မာက ရေပန်းစားနေပါသည်။ ဂျပန်တို့ ၀င်လာတော့မည့်အတွက် ဂျပန်သို့ရောက်ရှိနေသော မြန်မာများ မြန်မာနိုင်ငံပြန်၍ အလုပ်လုပ်ရန် ယခင်ကထက် ပိုစိတ်ဝင်စားနေကြပြီဖြစ်သည်။  
7Day News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here