Thursday, March 14, 2013

"ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းရန် လိုင်စင်မလို အပ်တော့သော်လည်း ဈေးနှုန်းကျဆင်းသွားနိုင်ခြင်းမရှိ"

0 comments
မတ်(၁၄)

ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းနိုင်ရန် လိုင်စင်မလိုအပ်တော့သော်လည်း ဈေးနှုန်းသိသာစွာ ကျဆင်းသွားနိုင်ခြင်းမရှိကြောင်း ပြည်တွင်း ကွန်ပျူတာအရောင်းဆိုင်များထံမှ သိရသည်။

‘အရမ်းကြီး ဈေးကျသွားမှာ တော့ မရှိနိုင်ဘူး။ လိုင်စင်လုပ်ရ တဲ့ အခက်အခဲ သက်သာသွားတာ ပဲရှိမှာပါ” ဟု ကွန်ပျူတာဈေး ကွက်ကျွမ်းကျင် စီးပွားရေး လုပ် ငန်းရှင် တစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။ ယင်းကဲ့သို့ ဈေးနှုန်း သိသာ စွာကျဆင်းနိုင်ခြင်း မရှိမှုမှာ ယခင် လိုင်စင်ဖြင့် တင်သွင်းထားသည့် ကွန်ပျူတာများ ဈေးကွက်တွင် ကျန်ရှိနေခြင်းကြောင့် ဖြစ်နိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှတာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။ ထို့ပြင် လိုင်စင်ပြုလုပ်နေရစဉ်၌ပင်လိုင်စင်ကြေးမှာများ ပြားခြင်းမရှိခြင်းကြောင့် ဈေးနှုန်း ပြောင်းလဲမှုမရှိနိုင်ခြင်း 
 ဖြစ်ကြောင်း ထပ်ပြောသည်။

”လိုင်စင်လုပ်ရတဲ့ ကြာတဲ့ အချိန်တော့ လျော့သွားမှာပါ။ ကုန် စ္စည်းသွင်းတာ ပိုအဆင်ပြေနိုင်မယ်။ ဒါလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။ မတ်လ ၁ ရက်နေ့မှ စတင်၍ သွင်းကုန်လိုင်စင် မလိုအပ်သည့် ပစ္စည်း ၁၆၆ မျိုးနှင့် ပို့ကုန် ၁၅၂ မျိုးအား ထုတ်ပြန်ကြေညာပေးခဲ့ ပြီး ယင်းထဲတွင်ကွန်ပျူတာပစ္စည်း၊ ဆက်စပ်အပိုပစ္စည်း၊ လုပ်ငန်းသုံး တစ်ကိုယ်ရည်သုံးကွန်ပျူတာ များနှင့်လက်ပ်တော့ ကွန်ပျူတာများပါဝင်ခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ဈေးကွက်တွင်း၌ ကွန်ပျူတာများ၊ လက်ပ်တော့များအား ယခင်ဈေးနှုန်းများအတိုင်း သာ ရောင်းချလျက်ရှိပြီး ဝယ်ယူသူများ စိတ်ကြိုက်အမှတ်တံဆိပ် နှင့် ကွန်ပျူတာစွမ်းဆောင်ရည် မြင့်မားမှုအပေါ် မူတည်၍ ဈေးနှုန်း မြင့်မားမှုရှိကြောင်း ကွန်ပျူတာ ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ပြည်တွင်းရှိ တစ်ကိုယ်ရည် သုံး ကွန်ပျူတာ (PC) နှင့် လက်ပ် တော့များ၌ Acer တံဆိပ်နှင့် Lenovo တံဆိပ်များ လူသုံးများ လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး သုံးသိန်းကျော်မှ အမြင့် ဆုံး ဒေါ်လာတစ်ထောင်နီးပါး ရှိ ကြောင်း သိရသည်။
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here