Thursday, March 14, 2013

မြောက်ကိုရီးယား၏ စစ်ရပ်ဆိုင်းရေးစာချုပ် တစ်ဖက်သတ် ဖျက်သိမ်းခြင်းအား တောင်ကိုရီးယား ပယ်ချ

0 comments
မတ်(၁၄)
စစ်ရပ်ဆိုင်းမှု စာချုပ်အား မြောက်ကိုရီးယား၏ တစ်ဖက်သတ် ပယ်ဖျက်မှု ကို တောင်ကိုရီးယားက လက်မခံကြောင်း မတ် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ် စစ်ရေးပူးပေါင်းလေ့ကျင့်မှု အား ဆက်လုပ်ပါက မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆိုထားသော စစ်ရပ်ဆိုင်းရေးစာချုပ်နှင့်တကွ အခြားသော ငြိမ်းချမ်းရေး စာချုပ်များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာ ခဲ့သည်။ အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် မတ် ၁၁ ရက်နေ့က စတင်ခဲ့သည်။

ငြိမ်းချမ်းရေးစာချုပ်အား တစ်ဖက်သတ် ပယ်ဖျက်ခြင်းနှင့် အဆုံးသတ်ခြင်း သည် စာချုပ်၏ စည်းမျဉ်းများအရသော် လည်းကောင်း၊ နိုင်ငံ တကာ ဥပဒေအရသော် လည်းကောင်း အကြုံးမ၀င်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏
ပြောခွင့်ရပုဂ္ဂိုလ် ချိုတိုင်ယန်းက သတင်းထောက်များကို ပြောခဲ့သည်။

အဆိုပါ စစ်ရပ်ဆိုင်းရေးစာချုပ်သည် တရားမ၀င်ဖြစ်သွားပါက စစ်မက်ဖြစ်ပွားခြင်းများ ပြန်ဖြစ်လာကာ နည်းပညာဆိုင်ရာ စစ်ပွဲများလည်း ဖြစ်လာမည်ဖြစ်သည်။

ဒေသတွင်းနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို
ပြန်လည်ရုပ်သိမ်းစေလိုကြောင်း ချိုက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် လွန်ခဲ့သည့် နှစ်၂၀ အတွင်း ယင်းကဲ့သို့ စစ်ရပ်ဆိုင်းရေးစာချုပ်အား အဆုံးသတ်သွားကြောင်း၊ ပြီးဆုံးသွားကြောင်း
ပြောကြားသည်မှာ အကြိမ်တစ်ဒါဇင်ထက်မနည်း ရှိပြီဖြစ်သည်။

ဓာတ်ပုံ - မြောက်ကိုရီးယားနှင့် အငြင်းပွားနေသော နယ်စပ်အနီး ဂန်ဝါကျွန်း အနောက်ဘက်တွင် တောင်ကိုရီးယား မရိန်းစစ်သားများကို K-55 တင့်ကား များနှင့် တွေ့ရစဉ်

Ref:AFP
Eleven Media Group 

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here