Wednesday, March 6, 2013

အခမဲ့မြွေဆေးဖြင့် လူနာ(၈)ဦးကယ်နိုင်

0 comments
မတ်(၆)
Photo: အခမဲ့မြွေဆေးဖြင့် လူနာ(၈)ဦးကယ်နိုင်

6.3.2013

နွားထိုးကြီးမြို့နယ်မြွေဆိပ်ဖြေဆေးကိုယ်ထူကိုယ်ထကူညီရေးအဖွဲ့၏
ဆေးဖြင့်ဆေးရုံက ဆေးထိုးကုသ ပေးနေရာ မြွေကိုက်လူ နာ (၈)ဦး ကို အသက်ကယ်ကုသပေးနိုင် နေ ပြီဖြစ်ကြောင်းသိရသည်။
မြွေကိုက်လူနာ ကုသရန် ငွေကျပ်(၁၀)သိန်းဖိုးဝယ်ယူထား ရာ၊ တိုက်နယ်ဆေးရုံ(၃)ရုံတွင် (၁၆)လုံး၊နွားထိုးကြီးမြို့နယ် ဆေး ရုံတွင် (၁၆)လုံးအဆင်သင့်ထားရှိ ပြီး အခမဲ့ကုသပေးရန် စီစဉ်ထား ကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး ဦးသန်းထိုက်အောင်ကဆိုသည်။
နွားထိုးကြီးနယ်တွင် မြွေဆေး အခမဲ့ကုသရေးအတွက် ရန်ပုံငွေ (၃၅)သိန်း၊စုဆောင်းထားပြီး (၁၀) သိန်းဖိုး မြွေဆေးဝယ်ထားသည်။
မြွေဆေးများတွင် ပြည်တွင်း ထုတ်မြွေဆေးက ကျပ်တစ်သိန်း ကျော်၊အိန်္ဒိယနိုင်ငံထုတ်က ကျပ် နှစ်သောင်းကျော်ရှိသည်ဆိုသည်။ မြွေဆေးရန်ပုံငွေအတွက် လှူဒါန်း လိုသူများသည် ဖုန်း-၀၆၆-၈၀၀၁၄၊၀၆၆-၈၀၂၈၈သို့ဆက် သွယ်နိုင်ကြောင်းသိရသည်။
Myanmar Forward

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here