မတ်(၁၄)
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယား ဒေသတွင် စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်ပွားသည့်နောက် အိန္ဒိယ စစ်ဘက်မှ အနည်းဆုံး (၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။
အိန္ဒိယက ထိန်းချုပ်ထားသော အဆိုပါ နယ်မြေတွင် လှုပ်ရှားနေသော စစ်သွေးကြွများသည် ဆရင်နာဂါ ဒေသအနီးတွင် သေနတ်နှင့် လက်ပစ်ဗုံးများ အသုံးပြုကာ တိုက်ခိုက်ခဲ့သေးသလို အရပ်သား(၃)ဦး အပါအဝင် လူ(၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖြစ်ရပ်အတွင်း လက်နက်ကိုင် စစ်သွေးကြွ(၂)ဦး သေဆုံးပြီး ကျန်လက်နက်ကိုင်များ ဆုတ်ခွာသွားကြသည်။
၎င်းတို့သည် သေနတ်များကို အားကစား လွယ်အိတ်များအတွင်း ထည့်ကာ ကလေးများ ခရစ်ကတ် ကစားနေသည့် နေရာအနီးတွင် အကြမ်းဖက် တိုက်ခိုက်မှု စတင်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network