ရှမ်းပြည်နယ်တောင်ပိုင်း၊
မိုင်းရှူးရတနာမြေ လွိုင်ဆောင်ထောက်ဒေသ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ တစ်ခုတွင် မတ်လ
၂၇ ရက်နေ့က ကျင်းသားတစ်ဦး ကျောက်တုံးထိမှန်ပြီး သေဆုံးသွားခဲ့ ကြောင်း သိရသည်။
လွိုင်ဆောင်ထောက်ဒေသ
``စိုင်းခွမ်း´´ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွင် အလုပ်လုပ်နေသော ကျင်းသား ဦးဟန်ထူးမောင်
သည် မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းတွင် လုပ်ကွက်အမှတ်၊ ဖလ/၂၂၃ ရှိ ကျင်းအနက်ပေ ၄၀၀ ခန့်တွင်
လုပ်ငန်းဆောင်ရွက်နေစဉ် အမြင့် ၁၅ ပေခန့်မှ ၂ ပေ ပတ်လည် ခန့်ရှိသော ကျောက်တုံးပြုတ်ကျထိမှန်
ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လွိုင်ဆောင်ထောက်
ရဲစခန်းမှ စစ်ဆေးချက်အရ ဦးဟန်ထူးမောင်သည် ဦးခေါင်းနောက်စေ့ အား ကျောက်တုံးထိမှန်ကာ
သေဆုံးရခြင်း ဖြစ်ကြောင်းနှင့် သေမှုသေခင်းအမှတ်(၇/၂၀၁၃)
ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။