ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ၊ တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မူမူမြင့်၊ ကထိက ဆရာမကြီး များနှင့် တာဝန်ရှိသူများ လိုက်ပါလျက်
ရှမ်းပြည်နယ် တောင်ကြီး တက္ကသိုလ် အတွင်း ဆောက်လုပ်နေသည့် နှစ်ထပ် စာကြည့်တိုက် အဆောက် အအုံနှင့် သုံးထပ် စာသင်ဆောင် ဆောက်လုပ် နေမှုကို မတ် ၄ ရက် နံနက် ၁ဝ နာရီက ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် လုပ်ငန်းခွင်၌ ဆောင်ရွက်နေသည့် အင်ဂျင်နီယာ များက တည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ် ချက်များကို လမ်းညွှန် မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ