မတ်လ(၂၀)
ကျွန်တော်က ရှမ်းပြည်နယ်တောင်ပိုင်း
လဲချားမြို့နယ်ထဲမှာရှိတဲ့ မတ်လမ်းရွာမှာနေထိုင်တဲ့ ရွာသားတစ်ဦး ဖြစ် ပြီး တောင်ယာလုပ်ပါတယ်။
ဒီနေ့ မနက်က လဲချားမြို့ထဲ ဈေးဝယ်သွားအခိုက် တံတားမှာကားသမား တစ်ဦး ကို တပ်က ဗိုလ်ကြီးက
ရိုက်တဲ့အကြောင်းရေးတဲ့သတင်း အင်တာနက် မှာပါလို့ တစ်မြို့လုံး နေရာအနှံ့ ပြောဆိုသံတွေကြားခဲ့ရတယ်။
ကျွန်တော်က အဖြစ်အပျက်အမှန်ကို သိထားတာမို့ အင်တာနက်သတင်းဟာ မဟုတ်မမှန် ရေးထားတဲ့အကြောင်း
ပြောလိုက်ချင်တာဗျာ။ ဒါပေမဲ့ အရိုက်ခံရတာကလည်း ကိုယ့်ရှမ်းလူမျိုး၊ မြို့ထဲမှာလည်း
ဆေးရုံရောက်နေတဲ့ ကားသမားကို ၀ိုင်းသနားပြီး တံတားစောင့် ဗိုလ်ကြီးကိုပဲ အပြစ်ပြောနေ
ကြတော့ ကျွန်တော်လည်း ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ပြန်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်ကျော်က အဲ့ဒီတံတားအနီးမှာ
ကျွန်တော်ကျွဲကျောင်းနေခဲ့တာပါ။ အဖြစ်မှန်သိနေ တာကြောင့် မြို့ထဲမှာ အင်တာနက်အကြောင်းနားလည်တဲ့
လူတစ်ယောက်ကို အကူအညီတောင်း ပြီး ဒေသခံတွေနဲ့ တပ်အကြားမှာ အထင်လွဲ အမုန်းမပွားရအောင်
အဖြစ်အပျက်အစအဆုံး ကို ပြောပြလိုက်ခြင်းဖြစ်ပါတယ်ဗျာ။
အဲ့ဒီတံတားက လဲချားမြို့နဲ့ (၂)မိုင်လောက်ဝေးပါတယ်။
ည(၆)နာရီခွဲကနေ မနက်(၆)နာရီခွဲအထိ အရေးကြီး ကိစ္စတွေနဲ့ သာရေးနာရေးကိစ္စတွေကလွဲရင် ဖြတ်သန်းခွင့်မပြုတာ
ဒေသခံအားလုံးနဲ့ လားရှိုး - တောင်ကြီး လိုင်းကားမောင်းတဲ့ ကားသမားတိုင်း သိကြပါတယ်။
အဲ့ဒီနေ့ (၁၈)ရက်နေ့ည (၆)နာရီခွဲကျော်ပြီမို့ ကျွန်တော် လည်းကျွဲတွေပြန်သွင်းပြီး ရွာထဲဝင်လာတဲ့အချိန်
တံတားနားကို လားရှိုးဘက်က ပြန်လာတဲ့ ဗင်ကားတစ်စီး ရောက်လာတာကို မြင်လိုက်ပါတယ်။ ၃က/၉၇၇၄
ဗင်ကားမောင်တဲ့သူဟာ စိုင်းသားဖြစ်ပြီး ကားပေါ်က ဆင်း လာတယ်။ တံတားစောင့်ဗိုလ်ကြီးကို
စိုင်းသားက“မျိုးဆက်သစ်ယာဉ်အသင်းကပါ” လို့ ပြောတော့ အဲ့ဒီဗိုလ်ကြီး က “ဒါဆိုဂိတ်ကို
ဖုန်းဆက်ကြည့်မယ်” လို့ပြောပြီး ဖုန်းဆက်တာတွေ့ရပါတယ်။ “ဖုန်းမကိုင်ဘူးဗျ၊ ည (၆)နာရီ
ခွဲကျော်ရင်ကားတွေ မ၀င်ရမှန်းသိလို့ ဂိတ်ပိတ်သွားပြီထင်တယ်” လို့ အဲ့ဒီဗိုလ်ကြီးကပြောတော့
ကားထဲက အမျိုးသမီးနှစ်ယောက်ဆင်းလာပါတယ်။ “ မြို့ထဲဝင်ခွင့်မပြုဘူးဆိုရင် တောထဲမှာတော့
ကျွန်မတို့ မအိပ်ရဲဘူး။ ခွင့်ပြုလို့ရရင်ဝင်ခွင့်ပေးပါဗိုလ်ကြီး” လို့ တောင်းပန်တဲ့အတွက်
အဲ့ဒီဗိုလ်ကြီးက ၀င်ခွင့်ပြုလိုက်တဲ့သဘောနဲ့ ခေါင်းညိတ်ပြတာတွေ့ရတယ်။ စစ်သားတစ်ယောက်က
ဂိတ်တံခါးကို ဖွင့်ပေးနေတယ်။ ကားသမားနဲ့ အမျိုးသမီးတွေ
ကားထဲဝင်ထိုင်ရုံဘဲရှိသေးတယ်။ “ မင်းတို့ဂွင်ထဲရောက်တုန်းလုပ်ထားကြအုံးပေါ့ မအေးလိုး
တွေ”ဆိုပြီး ဆဲလိုက်တာကို ဗိုလ်ကြီးမပြောနဲ့ ကျွန်တော်တောင်ကြားရတယ်။ ကားသမားက အရက်လည်း
မူးနေတယ်။ အဲဒီဗိုလ်ကြီးက စိတ်တိုပြီး သေနတ်ဒင်နဲ့ထုလိုက်တာ မြင်လိုက်ရတယ်။ ကားသမားက
ကားကို မောင်းပြေးသွားပြီး လဲချားဆေးရုံမှာ (၁)ချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ ကျွန်တော်လည်း
အိမ်ကို ကျွဲတွေနဲ့ ခပ်မြန်မြန်ပြန်ခဲ့တယ်။ ဒီနေ့လဲချားမြို့ထဲမှာ ပျံနေတဲ့သတင်းကတော့
အဲ့ဒီဗိုလ်ကြီးက ဆေးရုံကို လာပြီး ကားသမားကိုတောင်းပန်တယ်လို့သိရပါတယ်။ ဒါပေမယ့်စိုင်းသားက
မီဒီယာအကြောင်း မဖြစ် စလောက် သိတဲ့ လူတွေရဲ့ မြှောက်ပင့်စကားတွေကြောင့် ဘာရမှ၊ ညာရမှ
ဆိုပြီး တောင်းပန်တာကို မကျေနပ်နိုင်ဘူးလို့ သိရပါတယ်။
ကျွန်တော်လည်း ဒေသခံဆိုတော့ တံတားစောင့်တဲ့တပ်ကစစ်သားတွေအကြောင်း
ကောင်းကောင်း သိပါတယ်။ တံတားလုံခြုံရေးယူရင်း မတော်တဆဖြစ်သွားတာပါဗျာ။ သူတို့အဲ့ဒီလိုလုံခြုံရေးယူပေးလို့
ကျွန်တော်တို့ ဒေသခံ တွေ တံတားပေါ်မှာ ကောင်းကောင်းမွန်မွန် သွားလာရဲကြတာ။ ဟိုတုန်းကဆိုရင်
SSA အဖွဲ့တွေ မိုင်းခွဲလို့ တံတားတွေကျိုးပြီး သွားရေးလာရေးခက်ခဲခဲ့တယ်လေ။ ခုတော့အဲဒီလိုမိုင်းခွဲ တာတွေ
မရှိတော့ပါဘူး။ ဒါဟာ တံတားမှာ စစ်တပ်ရှိနေလို့ပဲမို့လား။
ဒီလောက်မဖြစ်စလောက် ပြဿနာလေးနဲ့ တံတားစောင့်တပ်ကို
ဒေသခံတွေအထင်မြင်သေး အမုန်း ပွားအောင် ပုံကြီးမချဲ့ကြဖို့ ပြောချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်
တာဝန်ရှိလို့ တာဝန်အတိုင်းဆောင်ရွက် တာကို ကားသမားက အချေမခံစကားပြောမိလို့ ဒဏ်ရာရသွားတယ်ဆိုတာ
ဖြစ်စဉ်အမှန်ပါ။ အဖြစ်မှန် ကို သိစေချင်လို့ မျက်မြင်ကိုယ်တွေ့ ဒေသခံတစ်ဦးအနေနဲ့ ပြောပြလိုက်ခြင်းဖြစ်ပါတယ်ဗျာ။
ကားနောက် ခန်းထဲက အမျိုးသမီး နှစ်ယောက်ကို ခေါ်ပြီးမေးကြည့်လိုက်ရင် ဒီကိစ္စရှင်းသွား ပါလိမ့်မယ်။