SSA (ရွက်ဆစ်)သောင်းကျန်းသူအဖွဲ့ရင်း (၇၀၁)မှ ဗိုလ် စံခေးသည် နမ့်ခမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ စီးပွားရေးလုပ်ငန်းရှင်
ရှမ်းတိုင်းရင်းသား များထံမှဆက်ကြေးတောင်းသည့် စာပေးပို့ခဲ့ကြောင်း
သိရ ပါသည်။ ထိုစာတွင် လယ်ရှင် (၁)ဦးလျှင် တစ်နှစ်စာ (၂)သိန်းကျပ်နှုန်း၊
ဗင်ကားနှင့် ထော်လာဂျီ လုပ်ငန်း ရှင်များ မှတစ်နှစ်စာ(၅)သိန်း
ကျပ်နှုန်း၊ကားကြီးများနှင့်စီပွားရေးလုပ်ငန်းကြီးများလုပ် ကိုင်နေလျင်တစ်နှစ်စာသိန်း(၅၀)
ကျပ်နှုန်းပေးဆောင်ရမည်ပါရှိပြီး ၄င်းစာအား သက်သေအဖြစ် မကျန်ရှိစေ ရန်
ရည်ရွယ်၍ ဖတ်ရှုပြီးပါက မီရှို့ဖျက်ဆီးရန် အဆိုပါနှုန်းထားများပေးဆောင်ရမည့်
ရက်နှင့် လာရောက်ပေးသွင်း ရမည့်နေရာအား ထပ်မံအကြောင်းကြားပေးမည် ဆိုသည့်
စာတစ်စောင်အား ဖြန့်ဝေ ထားကြောင်း သိရှိရ ပါသည်။
Thursday, March 14, 2013
Subscribe to:
Post Comments (Atom)