SSA (၀မ်ဟိုင်း)၏ ခြိမ်းခြောက်ပြောဆိုမှုကြောင့်သီပေါမြို့နယ်၊မိုင်းလင်းကျေးရွာအုပ်စု၊မိုင်းလင်းကျေး ရွာ၊
ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး
အစည်းအဝေးတွင် အမှတ်(၁၀) နယ်မြေ အတွင်းရှိ ကျေးရွာများမှ လယ်၊ယာ
ခြံမြေများအား တရုတ်လူမျိုးနှင့် ကုမ္မဏီများအား ရောင်း ချခြင်းမပြုရန်၊
ကျေးရွာအနီးပတ်ဝန်းကျင်တွင် ပေါက်ရောက်နေသော
သစ်ဝါးများအားခုတ်ယူခြင်း မပြုရန် ဆက်ကြေးငွေအဖြစ်
ကျေးရွာလုပ်ငန်းရှင်များထံမှဆက်ကြေးကောက်ယူရန်နှုန်းထားအား
SSA(၀မ်းဟိုင်း)မှ သတ်မှတ် ပေးကြောင်း သိရသည်။ SSA (၀မ်းဟိုင်း)မှ
ကျေးရွာအုပ်ချုပ်ရေးမှူးများ အား အကြောက်တရားဖြင့် စိုးမိုးထားသောကြောင့်
ထိုသတ်မှတ်ထားသော ငွေကြေးများ အား ကျေးရွာ သူ ရွာသားများထံမှ
ကောက်ယူနေသည်ဟုသိရသည်။
၂၀၁၃ခုနှစ်အတွက်၎င်းတို့သတ်မှတ်ပေးထားသောနှုန်းထားမှာ လေးလုံးထိုးထော်လာဂျီ တစ်စီးလျင် (၅၅၀၀၀)ကျပ်၊ ထော်လာဂျီ(အကြီး) တစ်စီးလျင် (၂၅၀၀၀)ကျပ်၊ ထော်လာဂျီ(အသေး) တစ်စီးလျင် (၁၀၀၀၀)ကျပ် ၊ သရီးဂရောင်း တစ်စီးလျင် (၂၀၀၀၀၀)ကျပ်၊ထုံးဖိုတစ်ဖိုလျင်(၁၅၀၀၀)ကျပ်၊ ပြောင်း ပွဲစား တစ်ယောက်လျင်(၁၅၀၀၀၀)ကျပ် နှုန်း ပေးဆောင်ရမည်ဆိုသောကြောင့် အကြောက်တရားနှင့် စိုးမိုးထားခြင်းခံရသော ရိုးသားဖြူစင်ပြီးမိမိတို့စားဝတ်နေရေးကို အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော ကျေးရွာသူ ကျေးရွာသားမှာ ထိုငွေကြးပေး ရမည်ကို စိတ်သောကရောက်နေကြရကြောင်း သိရှိရပါသည်။