Tuesday, April 9, 2013

ခိုကိုးရာမဲ့ မီးလောင်ဒဏ်ခံရသူ လူနာတစ်ဦးအား မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဆေးဝါးကုသမှုပေး

0 comments
ဧပြီ(၉)

ဧပြီလ(၈)ရက်နေ့ ညနေပိုင်းက မဇ္ဈိမ လူမှုကူညီရေးအသင်း သို့ (၁၀)ရက်ခန့်လောက်က ညာဖက် ခြေထောက်တခြမ်းမီးလောင်ခံရပြီး အာဟာရပြတ်လပ်နေကာ
 ဆေးဝါးကုသရန် အကူအညီလိုအပ်နေတဲ့အတွက် အကူအညီတောင်းခံလာရာ အသင်းတာဝန်ခံများဖြစ်တဲ့ ကိုနေမျိုး၊ မသန်းသန်းဌေး၊ မသိင်္ဂီမြင့် တို့အပါအ၀င် ကိုတင်အေး၊ ကို ထက်ကျော်လင်း နဲ့ ဆေးရုံမှာ အမြဲတမ်း လိုအပ်လာပါက ဆေးရုံညစောင့်လုပ်ပေးတဲ့ ကိုထွန်းထွန်းတို့က ဆေးရုံကို သွားရောက်ပြီး အဆိုပါ လူနာကို ကူညီမှုပေးခဲ့ကြပါသည်။




အသက်(၃၅)နှစ်ဝန်းကျင်ရှိတဲ့  ကိုအိုက်ခမ်း(ခ)စိုင်းကီလိုသည် ဆွေမျိုးမရှိ အိမ်ခြေမရှိသူ တစ်ယောက်တည်းသမားဖြစ်ပြီး ဆန်ဆိုင်းရပ်ကွက်ရှိ ရွှေသဲ အိမ်ဆောက်လုပ်ရေးပစ္စည်းဆိုင်၏ အနောက်ဘက်ရှိ ခြံဝန်းအလွတ်ထဲတွင် နေထိုင်သူပြီး အလုပ်အကိုင်မှာ ကီလိုကောက်သူဖြစ်ကြောင်း ၎င်း၏ အနီးအနားရှိမိတ်ဆွေများမှ တဆင့် သိရသည်။

ကိုအိုက်ခမ်းသည် လွန်ခဲ့သော (၁၀)ရက်ခန့်က ၎င်း၏ အိမ်ယာပေါ် အရက်မူးပြီး အိပ်ပျော်နေစဉ် မီးလောင်ရာ ညာဖက်ခြေထောက် ခြေသလုံးအထက်မှ ပေါင်အထိ မီးလောင်မှုဒဏ်ကို ခံစားခဲ့ရသည်။




ထိုသို့ မီးလောင်မှုဒဏ်ကို ခံရပြီးနောက် ဆွေမျိုးများမရှိ တစ်ယောက်တည်း နေသူဖြစ်တာကြောင့် ဆေးဝါးကုသနိုင်ခြင်းမရှိပဲ ၎င်းနေထိုင်သည့် နေရာမှာပင် ဒဏ်ရာဖြင့် နေနေရာ ယခုအခါမှာ အစာရေစာ ပြတ်လပ်မှုကြောင့်သော်လည်းကောင်း မီးလောင်ဒဏ်ခံရသောကြောင့် အနာအရှိန်ဖြင့် အဖျားတက်ခြင်းကြောင့်သော်လည်းကောင်း နာမကျန်းဖြစ်နေပါသည်။


ယခုအခါမှာ အသင်းတာဝန်ခံများ အသင်းသူ/သားများမှ အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးလျှက်ရှိရာ ဆရာဝန်များမှ ဆေးဝါးကုသချိန် အနံ့အသက်များ ထွက်နေမည်ဖြစ်တဲ့အတွက်ကြောင့် ရေပတ်တိုက်ပေးခြင်း အနာကို ဆေးပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး လူနာအား ညစောင့်ပေးရန်အတွက် အသင်းမှ ကိုထွန်းထွန်းက တာဝန်ယူပါသည်။



ကူညီထောက်ပံ့မည်သူမရှိ ဆွေမျိုးများမရှိသည်ဖြစ်တဲ့အတွက်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ စေတနာ မေတ္တာဖြင့် သက်သာသည်ထိ ကူညီပေးမှာဖြစ်ပါသည်။

မှတ်ချက်။        ။ ဆေးရုံတွင် မီးပျက်နေသည့်အတွက် ဖယောင်းတိုင်ကို အသုံးပြုရခြင်းဖြစ်ပါသည်။



လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ
မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို့
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here