Monday, April 22, 2013

ဂိတ်များလျော့သွားသော်လည်း အခွန်အခ တိုးမြင့်ကောက်ခံ

0 comments
ဧပြီ(၂၂)

 
သျှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မြို့နယ် မိုင်းနုန်းအုပ်စုတွင် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်တို့၏ဂိတ်များ ရုပ်သိမ်း သွားပြီဖြစ် သော်လည်း ၀ တပ်ဖွဲ့၏ဂိတ်များရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် ယခင်ကထက်တိုး၍ အခွန်ကောက် ခံနေကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

“အရင်က မိုင်းကာ မိုင်းနုန်း ကားမှာ ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ ဒီဘက်မြန်မာအစိုးရ ထိန်းချုပ် နယ်မြေကြားမှာဂိတ်တွေ ရှိတယ်လေ။ အဲတာ ရွာထဲကနေ ရွာပြင် ထွက်တာတောင် မြန်မာ စစ်တပ်စောင့် တဲ့ ဂိတ်၊ လားဟူပြည်သူ့စစ် ဂိတ်နဲ့ ၀ တပ်ဖွဲ့ရဲ့ ဂိတ်တွေမှာ ဂိတ်ဖြတ်သန်းခတွေ အဆမတန်ပေးရတယ်။ ဝက်ပ်ဆိုက် တခုကနေ ဒီအကြောင်းသတင်း ထွက်ပြီး တပတ်လောက်အကြာမှာ မြန်မာဂိတ်နဲ့ လားဟူပြည်သူ့စစ်ဂိတ်တွေက ရုပ်သိမ်းသွားပြီ။ အခု ၀ ဂိတ်ကျန်နေတယ်” ဟု မိုင်းနုန်းဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုနှစ် မတ်ခ်ျလဆန်းပိုင်းက လားဟူပြည်သူ့စစ်ဂိတ်နှင့် မြန်မာစစ်တပ်တို့၏ ဂိတ်များကို ဖျက်သိမ်း လိုက်ပြီးနောက်ပိုင်း ၀ တပ်ဖွဲ့၏ ဂိတ်ကျန်နေသေးကြောင်း၊ အဆိုပါဂိတ် ၂ ခု ဖျက်သိမ်းလိုက်သည်နှင့် ၀ တပ်ဖွဲ့၏ ဂိတ်မှ ဆိုင်ကယ်နှင့် ကား ဖြတ်သန်းခ တိုးမြင့်ကောက်ခံလာကြောင်း၊ ယခင်က လားဟူဂိတ် နှင့် မြန်မာဂိတ်တို့တွင် ဆိုင်ကယ်တစီး ကျပ် ၅၀၀ စီ ၊  ကားများ  အကြီးအသေးအလိုက်  အခွန်တိုးကောက်၍   မတ်ခ်ျလဆန်း  အဆိုပါ ဂိတ် ၂ ခု ရုပ်သိမ်း လိုက်သည်နှင့် ၀ ဂိတ်က တရုတ်ငွေ ၂ ယွမ်မှ  ၅ ယွမ်အထိ တက်လာကြောင်း၊ ကားကြီးများ ယွမ်ငွေ ၅၀ အထိကောက်ခံကြောင်း မိုင်းနုန်းဒေသခံ စိုင်းနန် ကပြောသည်။

အဆိုပါဂိတ်မှ UWSA ၀ တပ်ဖွဲ့၏ တပ်မဟာ ၄၆၈ လက်အောက်ခံတပ်ရင်း တရင်း က စောင့်ကောက်နေခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူမှာ ဗိုလ်ဆမ်တန်းဆိုသူဖြစ်ကြောင်း၊ ၈ မိုင်သာဝေးသော မိုင်းကာနှင့်မိုင်းနုန်းကြားရှိ ကောင်းမန့်ဟေး ရွာတွင် တည်ရှိခြင်းဖြစ်ပါသည်။

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့ကမြောက်ဘက်တည့်တည့် မိုင် ၅၀ ကျော်အကွာတွင်တည်ရှိသည်။ မိုင်းနုန်းအုပ်စုသည် မိုင်းခတ်မြို့အနောက်ဘက် ၇ မိုင်အကွာတွင်တည်ရှိပါသည်။ သျှမ်းနှင့် အခါလူမျိုး ရောနှောနေ ထိုင်သည့်အုပ်စု ဖြစ်ပါသည်။ လားဟူပြည်သူ့စစ်တပ်ဖွဲ့မှာ ဂျဟယ် ဆိုသူက ဦးဆောင်ပါသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here