Friday, October 5, 2012

ပထမဆုံး ကိုရီးယားဖျော်ဖြေရေးခရီးစဉ် နဲ့ အေသင်ချိုဆွေ

0 comments

အောက်တိုဘာလ ၂၈ရက်နေ့မှာ အေသင်ချိုဆွေ က ဟဲလေး၊ Lလွန်းဝါ၊ ဝါဆို မိုးဦး၊ ၅ှအမေ အဖွဲ့တို့နဲ့ အတူ ကိုရီးယားနိုင်ငံ သို့ တစ်ပတ် ကြာေ ဖျာ်ဖြေရေး ထွက်ခွာ သွားပါ တယ်။


ကိုရီးယားနိုင်ငံကို ပထမဦးဆုံး အကြိမ် သွားရောက်ဖျော်ဖြေမှာဖြစ်တဲ့ အတွက် စိုးရိမ် စိတ်တွေရှိနေ တယ် လို့ ပြော တဲ့ အေသင်ချို ဆွေက"အေသင် နည်းနည်းတော့ စိုးရိမ်တယ်။


စိုးရိမ်တယ် ဆိုတာက တအားဝေးတဲ့ အခါကျ တော့ မသိတာ တွေဖြစ် မှာ ကြောက် လို့၊ အဲဒီ တစ်ခုတော့ စိုးရိမ်စိတ်ရှိနေတယ်။ အေသင် သီ ချင်းနုတ် စ်တွေ ကို အကုန်လုံး ယူသွား မှာပါ။ သူတို့ကြိုက်တဲ့ သီချင်းတွေ ဆိုဖြစ်မယ်။ ပြီး တော့ သူတို့တောင်းဆို တဲ့သီချင်းလည်း ဆိုပေးမယ်" လို့ပြောတဲ့ အေသင် ချိုဆွေကို ပြည် ပက ပရိသတ်တွေနဲ့ အမြဲထိတွေ့လေ့ ရှိတဲ့ အတွက် မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ပြည် ပက ပရိသတ်တွေ အားပေးမှု ဘာတွေကွာ ခြားမှုတွေ ရှိသွားမလဲ ဆိုတာကို မေးကြည့် တော့..


"ကိုယ့်မြန်မာနိုင်ငံ က ပရိသတ်တွေ ကျ တော့ ကိုယ်နဲ့ အမြဲတမ်း ထိတွေ့လေ့ ရှိတယ်။ ဟိုက ပရိသတ်တွေ လည်း တအား အားပေး ကြပါ တယ်။ ပြည်ပ ကျတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့ အတွက် သွားရလာ ရတာ ခက်ခဲ တယ်။ အဲဒါလေး တစ်ခုပါပဲ"လို့ ပြောပါ တယ်။


"အနီးဆုံး လူနမ်းမှာလား" ဗီစီဒီကို တန် ဆောင်မုန်း လပြည့်နေ့မှာ ထွက်ရှိတော့ မှာဖြစ် ကြောင်း ၊တစ်ခွေလုံး နီးပါးကို ဒါရိုက်တာ ဇေပါက ပုံဖော်ရိုက်ကူး ပြီး ဇေယျ၊ကောင်းခန့်၊ သန္တာဗို ၊ မြတ်သူအောင် ၊ မြတ် သူကျော် ၊ မိုးယံ ဇွန်တို့က ပါဝင် သရုပ်ဆောင်ထားပြီး အေသင်ချိုဆွေ ကိုယ်တိုင် ကလည်း ၁ဝပုဒ် လောက် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။


'အနီးဆုံး လူနမ်းမှာလား'ဗီစီဒီကို အကောင်းဆုံး ကြိုးစား ပုံဖော် ထားကြောင်း ပြောတဲ့ အေသင် ချိုဆွေက..


"ဒီအခွေက ထူးခြားမယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဇာတ် လမ်း ပုံစံတွေ ရိုက်ထား တာလည်း ရှိတယ်။ အဓိက ရိုက်တာ ကျတော့ 'နှစ်ယောက် တစ်အိပ်မက်' သီချင်းရိုက် တာကလည်း ထူးခြား တယ်။ ဒါပေမဲ့ တအား ကြီးထူးခြား တာတော့ ပါမှာ မဟုတ်ဘူး ။ဘာ ဖြစ်လို့ လဲ ဆိုတော့ ဒီအခွေက သီချင်းတွေက အေးအေးလေးတွေလည်းဖြစ် တယ်။ Story ဇာတ်လမ်း ပုံစံလေးတွေ ရိုက်ထားတယ်" လို့ ပြောတဲ့ အေ သင် ချိုဆွေ က သူ့ရဲ့ ဒုတိယ တစ် ကိုယ်တော် စီးရီးကိုလည်း ဇန်နဝါရီလ မှာ ထွက် ရှိမှာဖြစ်ကြောင်း ပြောပါတယ်။

Popular Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here