Monday, April 29, 2013

ပျားတုပ်ခံရတဲ့အခါ

0 comments

ဧပြီ(၂၉)

(၁) ပျားဆူးနုတ်ပါ
ပျားတုပ်ခံရပြီး ပျားဆူးစူးကျန်ခဲ့တဲ့အခါ တတ်နိုင်သလောက်မြန်မြန် နုတ်ပစ်ပါ။ ဆူးကိုညှစ်မထုတ်ပါနဲ့။ ဇာဂနာဖြစ်စေ၊ စက္ကူစဖြစ်စေသုံးပြီး ဆူးနုတ်ပစ်ပါ။


(၂) အနာသက်သာအောင်လုပ်ပါ
ပျားတုပ်ခံရသည့်နေရာကို ရေခဲဖြင့် (၁၀) မိနစ်ခန့်အုပ်ထားပါ။ သင်္ဘောသီးရှိလျှင် အနည်းငယ်လှီး၍ အနာပေါ်အုပ်ထားပါ။ ရေခဲနှင့် သင်္ဘောသီးမရှိလျှင် သွားတိုက်ဆေး နှင့်လိမ်းပေးပါ။ ဆေးဆိုင်မှ Calamine လိမ်းဆေးဝယ်လိမ်းနိုင်ပါသည်။ သို့သော်မည်သည့် ပိုးမွှားကိုက်ခံရသည်ဖြစ်စေ ပရုတ်ဆီလိမ်း ခြင်းရှောင်ကျဉ်ပါ။

(၃) အရောင်သက်သာအောင်လုပ်ပါ
Nemadryl ဆေး (၂၅) မီလီ ဂရမ်မှ (၅၀) မီလီဂရမ်အထိ သောက် သုံးခြင်းဖြင့် ပျားဆိပ်ဒဏ်သက်သာ ခြင်း၊ အရောင်ကျခြင်း၊ အယားသက် သာခြင်းစသည့် အကျိုးကျေးဇူးများ ရနိုင်သည်။

(၄) ဓါတ်မတည့်လက္ခဏာများကို သတိပြုပါ
ခန္ဓာကိုယ်တွင်းပုံမှန်မဟုတ် သည့်အဖုအပိမ့်များထွက်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည်တို့ကို ဂရုတစိုက်စောင့်ကြည့်ပါ။ ပျားတုပ်ခံ ရသူ (၁) ရာခိုင်နှုန်းခန့် ဓါတ်မတည့် သည့်ဝေဒနာကို ဆိုးဆိုးရွားရွားခံစား ရပြီး (၃) ရာနှုန်းခန့် ဓါတ်မတည့် ဝေဒနာ အသင့်အတင့်ခံစားရသည်။ အရေပြားအနှံ့အဖုအပိမ့်များ၊ အသက်ရှူခက်ခဲခြင်းများ ဖြစ်ပေါ် ပါက နီးစပ်ရာဆေးရုံသို့သွားပါ။

သီဟ Source: Readers’ Digest  (Villager Myanmar)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here