Wednesday, April 10, 2013

တောင်ကြီးမြို့တွင် မဟာသင်္ကြန်ပွဲတော် အတွက် မဏ္ဍပ်များ စတင် ပြင်ဆင်

0 comments
ဧပြီ(၁၀)

 တောင်ကြီးမြို့တွင် မဟာသင်္ကြန်ပွဲတော် အတွက်မဏ္ဍပ်များ စတင် ပြင်ဆင်လျက်ရှိသည်။

မြို့မဈေးအနီးရှိ ဗဟိုမဏ္ဍပ်အပါအ၀င် ၊ စိုက်ပျိုးရေး မဏ္ဍပ်၊ ရပခ မဏ္ဍပ်၊ 
လျှပ်စစ် မဏ္ဍပ်၊ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးမဏ္ဍပ်၊ ပြည်ထည်းရေး မဏ္ဍပ် ၊
ရွှေအိမ်မက် မဏ္ဍပ်၊ GRAND ROYAL မဏ္ဍ့ပ်၊ BURGER HOUSE မဏ္ဍပ် အစရှိသည့် မဏ္ဍပ်ကြီး (၉)ခုဆောက်လုပ်ထားကြောင်း ၊
ဗဟိုမဏ္ဍပ်တွင် သင်္ကြန် အကျနေ့မှ စတင်ပြီး ခေတ်ပေါ်တေးဂီတ အဆိုပြိုင်ပွဲထည့်သွင်းထားကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူများက ပြောသည်။
တောင်ကြီးမြို့၊ သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း မလိုက်နာပါက ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောသည်။
သင်္ကြန်ကာလအတွင်း ဆိုင်ကယ်အား နှစ်ဦးထက်ပိုစီးခြင်း၊ အရက်သေစာသောက်ပြီး မောင်းနှုင်ခြင်း၊ ဆိုင်ကယ်စီး ဦးထုတ်မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ စက်သံဆူညံခြင်း၊ အစရှိသည်တို့ကို ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ကြေငြာ ထားသည်။
ယခုနှစ် တောင်ကြီး သင်္ကြန်အား ယခင်နှစ်များ ကထက်ပိုမိုစည်ကားစေရန် မဏ္ဍပ်များ ပိုဆောက်လုပ်ထားကြောင်း၊ ယိမ်းအဖွဲ့ (၂၀) ယိမ်းထွက်ဖို့ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here