လေးမွှာပူးမွေးထားသည့် မိခင်တစ်ယောက်သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်းတွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေးခဲ့ရကြောင်း သိရှိရသည်။
မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေ ရန် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
...
လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။
မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြ င်းဖြစ်သည်။
မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လလောက်ကတည်းက ကျွန်မ ခွဲခြားမရတော့လို့ ပြဿနာတွေတက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ကွဲတယ်။ ဒါပေမယ့် သူတို့အဖေတောင် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီးသားကလေးကို ထပ်ကျွေးမိတာတို့၊ အပြစ်ပေးပြီးသားကလေးကို ထပ်အပြစ်ပေးတာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြားသည်။
မောက္ခ

မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေ
...
လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။
မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြ