ဧပြီ(၁၁)
၁၀-၄-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် ရန်ကုန်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင်
မူဆယ်မြို့၊ မိုးနားကျေးရွာနေ မရီရီမြင့်(၄၀)နှစ်သည် သမီးဖြစ်သူမတင်ဇာလွင်
(၂၀)နှစ်နှင့်အတူ ရထားလက်မှတ်ဝယ်ယူရန် လက်မှတ်ရုံအတွင်းသို့ဝင်ရောက်စဥ်
လူတစ်ဦးကနောက်မှခြေထောက်ဖြင့် ချိတ်သဖြင့် မရီရီမြင့်လဲကျသွားစဉ်
လည်ပင်း၌ဆွဲထားသော အလေးချိန်(၁၀)ပဲသားခန့်ရှိ ကျောက်ဖြူရွှေဆွဲသီးပါ
လေးထောင့်သံကြိုးပုံ ရွှေဆွဲကြိုး ၁ ကုံး၊ တန်ဘိုးငွေကျပ်(၃၉၀၀၀၀ိ/-)အား
လုယူထွက်ပြေးသွားခဲ့သည်။
မရီရီမြင့်မှ အကူအညီတောင်းခံသဖြင့်
လက်မှတ်ရုံလုံခြုံရေးတာဝန်ကျ ရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက
လိုက်လံဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်နေ
တင့်လွင်(၄၃)နှစ်အား သက်သေခံပစ္စည်း ဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိသဖြင့်
ရန်ကုန်ရထားရဲစခန်း(ပ)၇/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၈၂ နှင့်
အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
မရီရီမြင့်မှ အကူအညီတောင်းခံသဖြင့် လက်မှတ်ရုံလုံခြုံရေးတာဝန်ကျ ရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်နေ တင့်လွင်(၄၃)နှစ်အား သက်သေခံပစ္စည်း ဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိသဖြင့် ရန်ကုန်ရထားရဲစခန်း(ပ)၇/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၈၂ နှင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။